အိႏၵိယနိုင္ငံအား စစ္ေရးအရ ဆုံးရႈံးမႈႀကီးမားေအာင္ လုပ္ေဆာင္နိုင္စြမ္းရွိဟု တ႐ုတ္နိုင္ငံက ေျပာ
PUBLISHED - September 2, 2020
နိုင္ငံတကာ၊ စက္တင္ဘာ ၁
န်ဴကလီးယားလက္နက္ပိုင္ ႏွစ္နိုင္ငံၾကား နယ္စပ္တင္းမာမႈတစ္ခု ထပ္မံျဖစ္ပြားခဲ့ရာ အိႏၵိယနိုင္ငံက တ ႐ုတ္နိုင္ငံႏွင့္ ယွဥ္ၿပိဳင္လာပါက ယခင္ကထက္ စစ္ေရးအရ ဆုံးရႈံးမႈပမာဏ ႀကီးမားေအာင္ တ႐ုတ္နိုင္ငံက လုပ္ ေဆာင္နိုင္စြမ္းရွိဟု နိုင္ငံပိုင္ ဂလိုဘယ္လ္တိုင္းမ္းသတင္းစာက ေဖာ္ျပခဲ့သည္။
ဟိမဝႏၲာအေနာက္ပိုင္း အင္အားႀကီးႏွစ္နိုင္ငံၾကား အျငင္းပြားနယ္စပ္ရွိ ေတာင္ကုန္းတစ္ခုအား သိမ္း ပိုက္မည့္ တ႐ုတ္နိုင္ငံ၏ႀကိဳးပမ္းမႈမ်ားကို အိႏၵိယတပ္ဖြဲ႕မ်ားက ဟန့္တားနိုင္ခဲ့ေၾကာင္း အိႏၵိယနိုင္ငံက ေျပာၾကား ခဲ့သည္။
ႏွစ္နိုင္ငံနယ္စပ္အနီး တရားမဝင္ က်ဴးေက်ာ္သည္ဟုဆိုကာ တပ္ဖြဲ႕မ်ား႐ုတ္သိမ္းရန္ တ႐ုတ္တပ္မေတာ္ မွ ေျပာေရးဆိုခြင့္ရွိသူက အိႏၵိယနိုင္ငံ ယင္းေန႕မွာပင္ ေတာင္းဆိုခဲ့သည္။ တ႐ုတ္နယ္ျခားေစာင့္တပ္ဖြဲ႕မ်ားက ထိန္းခ်ဳပ္မ်ဥ္းကို ျဖတ္ေက်ာ္ခဲ့ျခင္းမရွိဟု တ႐ုတ္ နိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။
အိႏၵိယနိုင္ငံက အင္အားႀကီးမားေသာ တ႐ုတ္နိုင္ငံကို ရင္ဆိုင္ခဲ့ၿပီး အျငင္းပြားနယ္စပ္အေရးႏွင့္ပတ္သက္ ၍ အေမရိကန္နိုင္ငံ၏ ပံ့ပိုးကူညီမႈမပါဘဲ အိႏၵိယနိုင္ငံက ေျဖရွင္းသင့္ဟု ဂလိုဘယ္လ္တိုင္းမ္သတင္းစာက ဆိုသည္။
အိႏၵိယနိုင္ငံက အင္အားပိုမိုႀကီးမားေသာ တ႐ုတ္နိုင္ငံႏွင့္ ယွဥ္ၿပိဳင္ပါက ၁၉၆၂ ခုႏွစ္ကထက္ ထိခိုက္ေသ ဆုံးမႈ ပိုမို ခံစားသြားရမည္ဟု တ႐ုတ္ အာဏာရ ကြန္ျမဴနစ္ပါတီကထုတ္ေဝေသာ ယင္းသတင္းစာက ေဖာ္ျပခဲ့သည္။
အျငင္းပြားနယ္စပ္ရွိ လာဒါေဒသတြင္ အာရွအင္အားႀကီး အိမ္နီးခ်င္းႏွစ္နိုင္ငံၾကား တင္းမာမႈမ်ားျဖစ္ပြား ေနသည္မွာ လခ်ီၾကာျမင့္ေနၿပီျဖစ္သည္။
ဇြန္လ ၂၀ ရက္က ဂါလ္ဝမ္ခ်ိဳင့္ဝွမ္းအနီး တ႐ုတ္တပ္ဖြဲ႕မ်ားႏွင့္ လက္ဗလာတိုက္ခိုက္မႈအတြင္း အိႏၵိယ တပ္ဖြဲ႕ဝင္ ၂၀ ဦး က်ဆဳံးခဲ့ရာ ႏွစ္နိုင္ငံၾကား ႏွစ္ ၅၀ ေက်ာ္အတြင္း အျပင္းထန္ဆုံး ပဋိပကၡတင္းမာမႈျဖစ္လာခဲ့ သည္။
အဆိုပါျဖစ္ရပ္ ျဖစ္ပြားၿပီးေနာက္ တပ္ဖြဲ႕မ်ား႐ုတ္သိမ္းရန္ ႏွစ္ဖက္စလုံးက သေဘာတူညီခဲ့ေသာ္လည္း တ႐ုတ္တပ္ဖြဲ႕မ်ားက သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ခဲ့ေၾကာင္း အိႏၵိယတပ္မေတာ္က စြပ္စြဲခဲ့သည္။
ကိုးကား – ရိုက္တာ
Ref; China can make India suffer ‘severe’ military losses: Global Times
[Unicode]
အိန္ဒိယနိုင်ငံအား စစ်ရေးအရ ဆုံးရှုံးမှုကြီးမားအောင် လုပ်ဆောင်နိုင်စွမ်းရှိဟု တရုတ်နိုင်ငံက ပြော
………………………………………………………………..
နိုင်ငံတကာ၊ စက်တင်ဘာ ၁
နျူကလီးယားလက်နက်ပိုင် နှစ်နိုင်ငံကြား နယ်စပ်တင်းမာမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ရာ အိန္ဒိယနိုင်ငံက တ ရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်လာပါက ယခင်ကထက် စစ်ရေးအရ ဆုံးရှုံးမှုပမာဏ ကြီးမားအောင် တရုတ်နိုင်ငံက လုပ် ဆောင်နိုင်စွမ်းရှိဟု နိုင်ငံပိုင် ဂလိုဘယ်လ်တိုင်းမ်းသတင်းစာက ဖော်ပြခဲ့သည်။
ဟိမဝန္တာအနောက်ပိုင်း အင်အားကြီးနှစ်နိုင်ငံကြား အငြင်းပွားနယ်စပ်ရှိ တောင်ကုန်းတစ်ခုအား သိမ်း ပိုက်မည့် တရုတ်နိုင်ငံ၏ကြိုးပမ်းမှုများကို အိန္ဒိယတပ်ဖွဲ့များက ဟန့်တားနိုင်ခဲ့ကြောင်း အိန္ဒိယနိုင်ငံက ပြောကြား ခဲ့သည်။
နှစ်နိုင်ငံနယ်စပ်အနီး တရားမဝင် ကျူးကျော်သည်ဟုဆိုကာ တပ်ဖွဲ့များရုတ်သိမ်းရန် တရုတ်တပ်မတော် မှ ပြောရေးဆိုခွင့်ရှိသူက အိန္ဒိယနိုင်ငံ ယင်းနေ့မှာပင် တောင်းဆိုခဲ့သည်။ တရုတ်နယ်ခြားစောင့်တပ်ဖွဲ့များက ထိန်းချုပ်မျဉ်းကို ဖြတ်ကျော်ခဲ့ခြင်းမရှိဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံက အင်အားကြီးမားသော တရုတ်နိုင်ငံကို ရင်ဆိုင်ခဲ့ပြီး အငြင်းပွားနယ်စပ်အရေးနှင့်ပတ်သက် ၍ အမေရိကန်နိုင်ငံ၏ ပံ့ပိုးကူညီမှုမပါဘဲ အိန္ဒိယနိုင်ငံက ဖြေရှင်းသင့်ဟု ဂလိုဘယ်လ်တိုင်းမ်သတင်းစာက ဆိုသည်။
အိန္ဒိယနိုင်ငံက အင်အားပိုမိုကြီးမားသော တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်ပါက ၁၉၆၂ ခုနှစ်ကထက် ထိခိုက်သေ ဆုံးမှု ပိုမို ခံစားသွားရမည်ဟု တရုတ် အာဏာရ ကွန်မြူနစ်ပါတီကထုတ်ဝေသော ယင်းသတင်းစာက ဖော်ပြခဲ့သည်။
အငြင်းပွားနယ်စပ်ရှိ လာဒါဒေသတွင် အာရှအင်အားကြီး အိမ်နီးချင်းနှစ်နိုင်ငံကြား တင်းမာမှုများဖြစ်ပွား နေသည်မှာ လချီကြာမြင့်နေပြီဖြစ်သည်။
ဇွန်လ ၂၀ ရက်က ဂါလ်ဝမ်ချိုင့်ဝှမ်းအနီး တရုတ်တပ်ဖွဲ့များနှင့် လက်ဗလာတိုက်ခိုက်မှုအတွင်း အိန္ဒိယ တပ်ဖွဲ့ဝင် ၂၀ ဦး ကျဆုံးခဲ့ရာ နှစ်နိုင်ငံကြား နှစ် ၅၀ ကျော်အတွင်း အပြင်းထန်ဆုံး ပဋိပက္ခတင်းမာမှုဖြစ်လာခဲ့ သည်။
အဆိုပါဖြစ်ရပ် ဖြစ်ပွားပြီးနောက် တပ်ဖွဲ့များရုတ်သိမ်းရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့သော်လည်း တရုတ်တပ်ဖွဲ့များက သဘောတူညီချက်ကို ချိုးဖောက်ခဲ့ကြောင်း အိန္ဒိယတပ်မတော်က စွပ်စွဲခဲ့သည်။
ကိုးကား -ရိုက်တာ
Ref; China can make India suffer ‘severe’ military losses: Global Times