အိန္ဒိယနိုင်ငံ ဥတာပရာဒေ့ရှ်ပြည်နယ်၌ မီးသြင်္ဂိုဟ်ရုံ ခေါင်မိုးပြိုကျမှုကြောင့် ၂၃ ဦး သေဆုံး

PUBLISHED - January 4, 2021
နိုင်ငံတကာ၊ ဇန်နဝါရီ ၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတာပရာဒေ့ရှ်ပြည်နယ် ဂါဇီယာဘတ်ခရိုင်၌ ခေါင်မိုးပြိုကျမှုတွင် သေဆုံးသူ ၂၃ ဦးအထိ ရှိလာခဲ့ပြီဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
မိုးရွာသွန်းမှုကြောင့် မီးသြင်္ဂိုဟ်ရုံတစ်ခု၏ ခေါင်မိုးပြိုကျမှုဖြစ်ပွားပြီးနောက် ဂါဇီယာဘတ်ခရိုင်၊ မူရတ်နာ ဂါဧရိယာ၌ ကယ်ဆယ်ရေးလုပ်ငန်းတစ်ရပ် ဆောင်ရွက်ခဲ့သည်။
သေဆုံးသူများမှာ ဈာပနအခမ်းအနား တက်ရောက်သူများဖြစ်သည်။
“လက်ရှိ သေဆုံးသူ ၂၃ ဦးအထိရှိလာပါပြီ။ ခေါင်မိုးပြိုကျချိန်က အဲဒီနေရာမှာ စုစုပေါင်း လူ ၃၈ ဦး ရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေကို ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်” ဟု ခရိုင်အုပ်ချုပ်ရေးမှူး အနီတာမက်ရှ်ရမ်က ပြောသည်။
စုံစမ်းစစ်ဆေးမှုတစ်ရပ် ဆောင်ရွက်နေပြီး ပြီးစီးပါက ပြည်နယ်အစိုးရသို့ ပေးပို့မည်ဟု ၎င်းက ပြောသည်။
ဆေးရုံက အလောင်း ၁၉ လောင်း လက်ခံရရှိခဲ့ကြောင်း ဂါဇီယာဘတ်ခရိုင်ဆေးရုံအုပ် ဒေါက်တာ အနူရတ် ဘာဂါရာကပြောသည်။
ကနဦးသတင်းများအရ လူ ၃၀ ဦးခန့် အဆိုပါဧရိယာအတွင်း ပိတ်မိနေကြောင်း ခရိုင်ရဲတပ်ဖွဲ့အကြီးအကဲ ကာလာနီဒီနိုင်သာနီက ပြောသည်။
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် သမ္မတ ရမ်နတ်ကိုဗင်တို့က အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ဝမ်းနည်းမိ ကြောင်း ပြောကြားခဲ့သည်။
ကိုးကား – အနာဒိုလူ
Ref; India: Roof collapse death toll rises to 23
#PeopleMedia
(unicode)
………………………………….
Ref; India: Roof collapse death toll rises to 23
#PeopleMedia