အိႏၵိယနဲ႔ အာဆီယံႏိုင္ငံေတြေနာက္ နယ္စပ္မွာ တ႐ုတ္က ျပႆနာဖန္တီးေနတယ္လို႔ ျမန္မာစြပ္စြဲ

PUBLISHED - July 2, 2020
ရန္ကုန္၊ ဇူလိုင္ ၂
AA အဖြဲ႕အပါအ၀င္ ျပည္တြင္းသူပုန္အုပ္စုေတြကို ျပည္ပက လက္နက္တပ္ဆင္ေပးေနတယ္လို႔ ျမန္မာဘက္က စြပ္စြဲၿပီး ျပည္တြင္းေသာင္းက်န္းမႈေတြဖန္တီးဖို႔ ေခတ္မီလက္နက္ေတြေထာက္ပံ့တာမွာ တ႐ုတ္ႏိုင္ငံတက္တက္ ႂကြႂကြပါ၀င္ေနတယ္လို႔ အရိပ္အႁမြက္ေျပာၿပီး စြပ္စြဲလိုက္ပါတယ္။
အၾကမ္းဖက္အဖြဲ႕အစည္းလို႔ေၾကညာထားတဲ့ AA က ေခတ္မီနည္းပညာေတြအသံုးျပဳၿပီး တပ္မေတာ္ကို ၂၀၁၉ ခုႏွစ္ထဲမွာ မိုင္းခြဲတိုက္ခိုက္ခဲ့တဲ့ေနာက္ကြယ္မွာ ျပည္ပႏိုင္ငံတစ္ႏိုင္ငံ႐ွိေနတယ္လို႔ တပ္မေတာ္ေျပာခြင့္ရသူ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။
တ႐ုတ္နယ္စပ္မွာ႐ွိတဲ့တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြအသံုးျပဳေနတဲ့လက္နက္အမ်ားစုဟာ တ႐ုတ္ႏိုင္ငံ ထုတ္ေတြျဖစ္တယ္လို႔လည္း ျမန္မာ့ၿငိမ္းခ်မ္းေရးႏွင့္ လုံၿခဳံေရးအင္စတီက်ဴ႕ရဲ႕အမႈေဆာင္ညႊန္ၾကားေရးမွဴး ဦးမင္းေဇာ္ဦးက ေျပာပါတယ္။
၂၀၁၉ ခုႏွစ္၊ နိုဝင္ဘာမွာ တေအာင္းအမ်ိဳးသားလြတ္ေျမာက္ေရးတပ္ဖြဲ႔ (TNLA)ဆီကေန တပ္မေတာ္သိမ္း ဆည္းရမိတဲ့လက္နက္ေတြထဲကအမ်ားစုဟာ တ႐ုတ္လုပ္ေတြလို႔လည္း ဦးမင္းေဇာ္ဦးကေျပာပါတယ္။
အမ်ားစုက တ႐ုတ္လုပ္ေတြျဖစ္ၿပီး တန္ဖိုးမ်ားပါတယ္။ TNLA ဟာ တ႐ုတ္ႏိုင္ငံကေန လက္နက္ေတြ တရား မ၀င္၀ယ္ေနတယ္လို႔ ေျပာႏိုင္ပါတယ္ဆိုၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ဒုတိယဥကၠ႒ ဗိုလ္ခ်ဳပ္ ထြန္းထြန္းညီကေျပာထားဖူးပါတယ္။
အဲဒီလက္နက္ေတြထဲမွာ အေမရိကန္ ေဒၚလာ ၇၀၀၀၀ (က်ပ္ ၁၀၆ သန္း) နဲ႔ ေဒၚလာ ၉၀,၀၀၀ အသီးသီး တန္ဖိုးရွိတဲ့ RPG နဲ႔ FN6 ေလယာဥ္ဖ်က္ေလာင္ခ်ာေတြလည္းပါ၀င္ပါတယ္။
“ျမန္မာ-တ႐ုတ္နယ္စပ္မွာ႐ွိတဲ့ယူနန္ျပည္နယ္ကအာဏာပိုင္ေတြနဲ႔ လက္နက္ကိုင္ေတြၾကားမွာ စီးပြားေရးအရ ဆက္သြယ္မႈ႐ွိႏိုင္တယ္။ အက်င့္ပ်က္ျခစားတဲ့အာဏာပိုင္ေတြက လက္နက္ကိုင္ေတြကို လက္နက္ေတြေရာင္း ႏိုင္တယ္။ ေနာက္တစ္နည္းကေတာ့ ေမွာင္ခိုေစ်းကြက္ထဲမွာ လက္နက္ေတြေရာင္းခ်ခြင့္ျပဳလိုက္တာပါပဲ” လို႔ ေဒါက္တာမင္းေဇာ္ဦးကေျပာပါတယ္။
Ref : After ASEAN & India, Now Myanmar Accuses China Of Creating Trouble On The Border
#PeopleMedia
(unicode)
အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေနောက် နယ်စပ်မှာ တရုတ်က ပြဿနာဖန်တီးနေတယ်လို့ မြန်မာစွပ်စွဲ
……………………………………………………………………………………..
ရန်ကုန်၊ ဇူလိုင် ၂
AA အဖွဲ့အပါအဝင် ပြည်တွင်းသူပုန်အုပ်စုတွေကို ပြည်ပက လက်နက်တပ်ဆင်ပေးနေတယ်လို့ မြန်မာဘက်က စွပ်စွဲပြီး ပြည်တွင်းသောင်းကျန်းမှုတွေဖန်တီးဖို့ ခေတ်မီလက်နက်တွေထောက်ပံ့တာမှာ တရုတ်နိုင်ငံတက်တက် ကြွကြွပါဝင်နေတယ်လို့ အရိပ်အမြွက်ပြောပြီး စွပ်စွဲလိုက်ပါတယ်။
အကြမ်းဖက်အဖွဲ့အစည်းလို့ကြေညာထားတဲ့ AA က ခေတ်မီနည်းပညာတွေအသုံးပြုပြီး တပ်မတော်ကို ၂၀၁၉ ခုနှစ်ထဲမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့နောက်ကွယ်မှာ ပြည်ပနိုင်ငံတစ်နိုင်ငံရှိနေတယ်လို့ တပ်မတော်ပြောခွင့်ရသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
တရုတ်နယ်စပ်မှာရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအသုံးပြုနေတဲ့လက်နက်အများစုဟာ တရုတ်နိုင်ငံ ထုတ်တွေဖြစ်တယ်လို့လည်း မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအင်စတီကျူ့ရဲ့အမှုဆောင်ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးက ပြောပါတယ်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာမှာ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (TNLA)ဆီကနေ တပ်မတော်သိမ်း ဆည်းရမိတဲ့လက်နက်တွေထဲကအများစုဟာ တရုတ်လုပ်တွေလို့လည်း ဦးမင်းဇော်ဦးကပြောပါတယ်။
အများစုက တရုတ်လုပ်တွေဖြစ်ပြီး တန်ဖိုးများပါတယ်။ TNLA ဟာ တရုတ်နိုင်ငံကနေ လက်နက်တွေ တရား မဝင်ဝယ်နေတယ်လို့ ပြောနိုင်ပါတယ်ဆိုပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီကပြောထားဖူးပါတယ်။
အဲဒီလက်နက်တွေထဲမှာ အမေရိကန် ဒေါ်လာ ၇၀၀၀၀ (ကျပ် ၁၀၆ သန်း) နဲ့ ဒေါ်လာ ၉၀,၀၀၀ အသီးသီး တန်ဖိုးရှိတဲ့ RPG နဲ့ FN6 လေယာဉ်ဖျက်လောင်ချာတွေလည်းပါဝင်ပါတယ်။
“မြန်မာ-တရုတ်နယ်စပ်မှာရှိတဲ့ယူနန်ပြည်နယ်ကအာဏာပိုင်တွေနဲ့ လက်နက်ကိုင်တွေကြားမှာ စီးပွားရေးအရ ဆက်သွယ်မှုရှိနိုင်တယ်။ အကျင့်ပျက်ခြစားတဲ့အာဏာပိုင်တွေက လက်နက်ကိုင်တွေကို လက်နက်တွေရောင်း နိုင်တယ်။ နောက်တစ်နည်းကတော့ မှောင်ခိုဈေးကွက်ထဲမှာ လက်နက်တွေရောင်းချခွင့်ပြုလိုက်တာပါပဲ” လို့ ဒေါက်တာမင်းဇော်ဦးကပြောပါတယ်။
Ref : After ASEAN & India, Now Myanmar Accuses China Of Creating Trouble On The Border
#PeopleMedia