
PUBLISHED - November 12, 2019
၎င်းဘဏ်မှာ ငွေစုထားတဲ့သူတွေဟာ အမေရိကန်ဒေါ်လာ ၇၀၀ သာပြန်လည်ထုတ်ယူခွင့်ရရှိထားပြီး ဆန္ဒပြမှု တွေ ဖြစ်ပေါ်နေတာလည်း သီတင်းပတ်အတန်ကြာနေပြီဖြစ်ပါတယ်။
Ref;BBC
(Unicode)
အိန္ဒိယဘဏ် PMC မှ ငွေထုတ်မရ၍ ဆန္ဒပြမှုများဖြစ်ပေါ်
…………………………………………………
အိန္ဒိယနိုင်ငံက Punjab and Maharashtra (PMC)ဘဏ်က တစ်သန်းနီးပါးလောက်ရှိတဲ့ ငွေစုသူတွေဟာ ၄င်းတို့ရဲ့ ငွေတွေပြန်ထုတ်လို့မရတဲ့အတွက် အမျက်ဒေါသထွက်လျက်ရှိနေပါတယ်။
Punjab and Maharashtra ဘဏ်ဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရှိတဲ့ ငွေကြေးအလွဲသုံးစား မှုအတွက် သက်ဆိုင်ရာရဲ့ စုံစမ်းစစ်ဆေးမှုကို ခံနေရပြီး ဘဏ်ရဲ့ မန်နေဂျင်းဒါရိုက်တာကိုလည်း ပြီးခဲ့တဲ့လက ဖမ်းဆီးထားခဲ့ပြီးဖြစ်ပါတယ်။
၄င်းဘဏ်မှာ ငွေစုထားတဲ့သူတွေဟာ အမေရိကန်ဒေါ်လာ ၇၀၀ သာပြန်လည်ထုတ်ယူခွင့်ရရှိထားပြီး ဆန္ဒပြမှု တွေ ဖြစ်ပေါ်နေတာလည်း သီတင်းပတ်အတန်ကြာနေပြီဖြစ်ပါတယ်။
Punjab and Maharashtra ဘဏ်မှာ ငွေစုထားသူအများစုဟာ ၄င်းတို့ ငွေတွေ ဆုံးရှုံးရမှာကို စိုးရိမ်ပူပန်လျက် ရှိနေကြပါတယ်။
Ref;BBC
#PeopleMedia #International