
PUBLISHED - January 7, 2020
Ref; dailymail.co.uk
(Unicode)
အိန္ဒိယသမုဒ္ဒရာတွင် B-52 ဗုံးကြဲလေယာဉ်များ ပင်တဂွန် ဖြန့်ကျက်ချ ထား
………………………………………………………
အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်ဟာ B-52 မဟာဗျူဟာ ဗုံးကြဲလေယာဉ် ၆ စီးကို ဗြိတိန်ပိုင် ဒီယာဂို ဂါစီယာ ကျွန်းကို စေလွှတ်ထားပါတယ်။
ဒီယာဂို ဂါစီယာဟာ အိန္ဒိယသမုဒ္ဒရာထဲက ချာဂိုကျွန်းစုမှာ တည်ရှိတဲ့ ကျွန်းဆွယ်တစ်ခုဖြစ်ပါတယ်။
အခုလို B-52 ဗုံးကြဲလေယာဉ်တွေ ဖြန့်ကျက်ချထားမှုဟာ အီရန်ကို အမေရိကန်က တိုက်ခိုက်ဖို့ ဆုံးဖြတ် ထားတယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ဘူးလို့ ပင်တဂွန်က ပြောကြားထားပါတယ်။
အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်စစ်ဗိုလ်ချုပ်ကျဆုံးခဲ့ပြီးမှာ အီရန်နဲ့ အမေရိကန်နိုင်ငံ တို့ကြား စစ်ရေးအခြေအနေတင်းမာမှုတွေရှိလာခဲ့တာဖြစ်ပါတယ်။
Ref; dailymail.co.uk
#PeopleMedia #International