အိႏၵိယေရတပ္မွ MiG-29K ေလ့က်င့္ေရးေလယာဥ္တစ္စင္း အာေရဗ်ပင္လယ္အတြင္း ပ်က္က်ခဲ့ရာ ေလယာဥ္မွဴးျဖစ္သူ ေပ်ာက္ဆုံးေန

PUBLISHED - November 27, 2020
နိုင္ငံတကာ၊ နိုဝင္ဘာ ၂၇
အိႏၵိယေရတပ္မွ MiG-29K ေလ့က်င့္ေရးေလယာဥ္တစ္စင္း အာေရဗ်ပင္လယ္အတြင္း ပ်က္က်ခဲ့ရာ ေလယာဥ္မွဴးျဖစ္သူ ေပ်ာက္ဆုံးေနေၾကာင္း အိႏၵိယ တာဝန္ရွိသူမ်ားက ယေန႔ ေျပာသည္။
ေလယာဥ္ေပၚပါ တြဲဘက္ေလယာဥ္မႉးကို ကယ္တင္နိုင္ခဲ့ေၾကာင္း သိရသည္။
ယမန္ေန႔ညေနပိုင္းက ေလ့က်င့္မႈတစ္ခု ျပဳလုပ္ေနစဥ္ အဆိုပါတိုက္ေလယာဥ္ ပ်က္က်ခဲ့ျခင္းျဖစ္သည္။
“မေန႔က ေဒသစံေတာ္ခ်ိန္ ညေန ၅ နာရီခန္႔မွာ MiG-29K ေလ့က်င့္ေရးေလယာဥ္တစ္စင္း ပင္လယ္ျပင္ မွာ ပ်က္က်ခဲ့ပါတယ္။ ေလယာဥ္မႉးတစ္ဦးကို ကယ္တင္နိုင္ခဲ့ေပမဲ့ ေနာက္ေလယာဥ္မႉးတစ္ဦးကို ေလေၾကာင္းနဲ႔ ေျမျပင္တပ္ဖြဲ႕ေတြက ရွာေဖြေနပါတယ္” ဟု အိႏၵိယေရတပ္၏ ထုတ္ျပန္ခ်က္တစ္ခုက ဆိုသည္။
ေလယာဥ္ပ်က္က်ရေသာ အေၾကာင္းရင္းကို စုံစမ္းစစ္ေဆးရန္ အိႏၵိယေရတပ္က ညႊန္ၾကားခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ႏွစ္ နိုဝင္ဘာလ ၁၆ ရက္ကလည္း အလားတူ ေလ့က်င့္ေရးေလယာဥ္တစ္စင္း ငွက္အုပ္ကို တိုက္မိမႈေၾကာင့္ အင္ဂ်င္ခၽြတ္ယြင္းမႈ ျဖစ္ပြားခဲ့ေသာ္လည္း ေလယာဥ္မႉးမ်ား အသက္ေဘးမွလြတ္ေျမာက္ခဲ့ သည္။
ကိုးကား – ဆင္ဟြာ
Ref; MiG-29K trainer aircraft of Indian navy crashes into Arabian sea, pilot missing
#PeopleMedia
(unicode)
အိန္ဒိယရေတပ်မှ MiG-29K လေ့ကျင့်ရေးလေယာဉ်တစ်စင်း အာရေဗျပင်လယ်အတွင်း ပျက်ကျခဲ့ရာ လေယာဉ်မှူးဖြစ်သူ ပျောက်ဆုံးနေ
…………………………………………………………………………
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၇
အိန္ဒိယရေတပ်မှ MiG-29K လေ့ကျင့်ရေးလေယာဉ်တစ်စင်း အာရေဗျပင်လယ်အတွင်း ပျက်ကျခဲ့ရာ လေယာဉ်မှူးဖြစ်သူ ပျောက်ဆုံးနေကြောင်း အိန္ဒိယ တာဝန်ရှိသူများက ယနေ့ ပြောသည်။
လေယာဉ်ပေါ်ပါ တွဲဘက်လေယာဉ်မှူးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ညနေပိုင်းက လေ့ကျင့်မှုတစ်ခု ပြုလုပ်နေစဉ် အဆိုပါတိုက်လေယာဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။
“မနေ့က ဒေသစံတော်ချိန် ညနေ ၅ နာရီခန့်မှာ MiG-29K လေ့ကျင့်ရေးလေယာဉ်တစ်စင်း ပင်လယ်ပြင် မှာ ပျက်ကျခဲ့ပါတယ်။ လေယာဉ်မှူးတစ်ဦးကို ကယ်တင်နိုင်ခဲ့ပေမဲ့ နောက်လေယာဉ်မှူးတစ်ဦးကို လေကြောင်းနဲ့ မြေပြင်တပ်ဖွဲ့တွေက ရှာဖွေနေပါတယ်” ဟု အိန္ဒိယရေတပ်၏ ထုတ်ပြန်ချက်တစ်ခုက ဆိုသည်။
လေယာဉ်ပျက်ကျရသော အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် အိန္ဒိယရေတပ်က ညွှန်ကြားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၆ ရက်ကလည်း အလားတူ လေ့ကျင့်ရေးလေယာဉ်တစ်စင်း ငှက်အုပ်ကို တိုက်မိမှုကြောင့် အင်ဂျင်ချွတ်ယွင်းမှု ဖြစ်ပွားခဲ့သော်လည်း လေယာဉ်မှူးများ အသက်ဘေးမှလွတ်မြောက်ခဲ့ သည်။
ကိုးကား – ဆင်ဟွာ
Ref; MiG-29K trainer aircraft of Indian navy crashes into Arabian sea, pilot missing
#PeopleMedia