အိႏၵိယေျမာက္ပိုင္းတြင္ မိုးႀကိဳးပစ္ခတ္မႈမ်ားေၾကာင့္ လူ ၁၀၀ ေက်ာ္ ေသဆုံး

PUBLISHED - June 27, 2020
နိုင္ငံတကာ၊ ဇြန္ ၂၆
အိႏၵိယနိုင္ငံေျမာက္ပိုင္း ျပည္နယ္ႏွစ္ခုတြင္ မၾကာေသးမီရက္မ်ားအတြင္း မိုးႀကိဳးပစ္ခတ္မႈမ်ားေၾကာင့္ လူေပါင္း ၁၀၀ ေက်ာ္ ေသဆုံခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားသည္။
မိုးႀကိဳးပစ္မႈမ်ားေၾကာင့္ လူ ၈၃ ဦး ေသဆုံးခဲ့ၿပီး ေနာက္ထပ္ ဒဏ္ရာရရွိသူ ၂၀ မွာ ေဆး႐ုံတြင္ ေဆးကုသမႈ ခံယူေနရေၾကာင္း ဘီဟာျပည္နယ္ ေဘးအႏၲရာယ္စီခံခန႔္ခြဲေရးအဖြဲ႕က ေျပာၾကားခဲ့သည္။
ဥတာပရာေဒ့ရွ္ျပည္နယ္တြင္ ၂၀ ထက္မနည္းေသဆုံးခဲ့ေၾကာင္း သိရသည္။
အိႏၵိယနိုင္ငံတြင္ မိုးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ လွ်ပ္စီးမိုးႀကိဳးမ်ား ျဖစ္ပြားေလ့ရွိသည္။
မိုးႀကိဳးမုန္တိုင္းမ်ားေၾကာင့္ သစ္ပင္မ်ားႏွင့္ အိမ္ရာအေဆာက္အဦမ်ားမွာ ပ်က္စီးဆုံးရႈံးခဲ့ရသည္ဟုဆိုသည္။
၂၀၁၈ ခုႏွစ္အတြင္းက အိႏၵိယနိုင္ငံတြင္ မိုးႀကိဳးပစ္ခံရသျဖင့္ လူေပါင္း ၂၃၀၀ ေက်ာ္ေသဆုံးခဲ့ၿပီး မွတ္တမ္းမ်ား အရ ၂၀၀၅ ခုႏွစ္မွစ၍ ႏွစ္စဥ္မိုးႀကိဳးပစ္ခတ္မႈေၾကာင့္ အနည္းဆုံး လူ ၂၀၀၀ ေသဆုံးမႈျဖစ္ေပၚခဲ့ရသည္ဟု ဆို သည္။
ေသဆုံးမႈအေျမာက္အမ်ား ျဖစ္ပြားရေသာအေၾကာင္းရင္းတစ္ခုမွာ ကမာၻ႔အျခားေဒသမ်ားႏွင့္ ႏိႈင္းယွဥ္လွ်င္ အိႏၵိ ယတြင္ အိမ္ျပင္ပ အလုပ္လုပ္ေသာသူ အမ်ားအျပားေနျခင္းေၾကာင့္ျဖစ္သည္။
၂၀၁၈ ခုႏွစ္အတြင္းက အိႏၵိယနိုင္ငံေတာင္ပိုင္း အန္ဒရာပရာေဒ့ရွ္ ျပည္နယ္တြင္ ၁၃ နာရီအတြင္း လွ်ပ္စီးမိုးႀကိဳး ပစ္ခတ္မႈ ၃၆၇၄ ႀကိမ္ရွိခဲ့ေၾကာင္း မွတ္တမ္းတင္ခဲ့သည္။
ကိုးကား – ဘီဘီစီ
Ref; Lightning kills more than 100 in northern India
#PeopleMedia
(unicode)
အိန္ဒိယမြောက်ပိုင်းတွင် မိုးကြိုးပစ်ခတ်မှုများကြောင့် လူ ၁၀၀ ကျော် သေဆုံး
……………………………………………………………………
နိုင်ငံတကာ၊ ဇွန် ၂၆
အိန္ဒိယနိုင်ငံမြောက်ပိုင်း ပြည်နယ်နှစ်ခုတွင် မကြာသေးမီရက်များအတွင်း မိုးကြိုးပစ်ခတ်မှုများကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
မိုးကြိုးပစ်မှုများကြောင့် လူ ၈၃ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ဒဏ်ရာရရှိသူ ၂၀ မှာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ဘီဟာပြည်နယ် ဘေးအန္တရာယ်စီခံခန့်ခွဲရေးအဖွဲ့က ပြောကြားခဲ့သည်။
ဥတာပရာဒေ့ရှ်ပြည်နယ်တွင် ၂၀ ထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လျှပ်စီးမိုးကြိုးများ ဖြစ်ပွားလေ့ရှိသည်။
မိုးကြိုးမုန်တိုင်းများကြောင့် သစ်ပင်များနှင့် အိမ်ရာအဆောက်အဦများမှာ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟုဆိုသည်။
၂၀၁၈ ခုနှစ်အတွင်းက အိန္ဒိယနိုင်ငံတွင် မိုးကြိုးပစ်ခံရသဖြင့် လူပေါင်း ၂၃၀၀ ကျော်သေဆုံးခဲ့ပြီး မှတ်တမ်းများ အရ ၂၀၀၅ ခုနှစ်မှစ၍ နှစ်စဉ်မိုးကြိုးပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၂၀၀၀ သေဆုံးမှုဖြစ်ပေါ်ခဲ့ရသည်ဟု ဆို သည်။
သေဆုံးမှုအမြောက်အများ ဖြစ်ပွားရသောအကြောင်းရင်းတစ်ခုမှာ ကမ္ဘာ့အခြားဒေသများနှင့် နှိုင်းယှဉ်လျှင် အိန္ဒိ ယတွင် အိမ်ပြင်ပ အလုပ်လုပ်သောသူ အများအပြားနေခြင်းကြောင့်ဖြစ်သည်။
၂၀၁၈ ခုနှစ်အတွင်းက အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒေ့ရှ် ပြည်နယ်တွင် ၁၃ နာရီအတွင်း လျှပ်စီးမိုးကြိုး ပစ်ခတ်မှု ၃၆၇၄ ကြိမ်ရှိခဲ့ကြောင်း မှတ်တမ်းတင်ခဲ့သည်။
ကိုးကား – ဘီဘီစီ
Ref; Lightning kills more than 100 in northern India
#PeopleMedia