အိန္ဒိယမြောက်ပိုင်း၌ ထရပ်ကားတိုက်မိခြင်းကြောင့် အလုပ်သမား ၁၈ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရ
PUBLISHED - July 29, 2021
နိုင်ငံတကာ၊ ဇူလိုင် ၂၉ (People Media)
ဘတ်စ်ကားပျက်မှုကြောင့် အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ အဝေးပြေးလမ်းမကြီးပေါ် အိပ်ပျော်နေသော ရွှေ့ပြောင်း လုပ်သား ၁၈ ဦးမှာ ထရပ်ကားတစ်စင်းဝင်တိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ ပြောကြား သည်။
ဥတာပရာဒေ့ရှ်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် မတော်တဆမှုအတွင်း လူ ၁၉ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း အကြီးတန်း ရဲအရာရှိတစ်ဦးက သတင်းထောက်များသို့ ပြောကြားခဲ့သည်။
သေဆုံးသူ ခရီးသည်အများစုက ပန်ဂျပ် (သို့မဟုတ်) ဟာယာနာပြည်နယ်၌ အလုပ်လုပ်ပြီးနောက် အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်သို့ ပြန်လာသူများဖြစ်သည်။
စိစိညက်ကြေနေသော ဘတ်စ်ကားအောက်မှ အလောင်းအချို့ကို ကယ်ဆယ်ရေးလုပ်သားများက ဆွဲ ထုတ်ခဲ့ရသည်။
“ခရိုင်အုပ်ချုပ်ရေးနဲ့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတစ်ရပ် စတင်ခဲ့ပြီး ဒဏ်ရာရရှိသူတွေ ဆေးကုသမှုခံယူဖို့ လုပ်ဆောင်နေပါတယ်” ဟု ရဲအရာရှိ ဆတ်ယာနာရာယန်းဆာဘတ်က ပြောသည်။
အိန္ဒိယနိုင်ငံ၏ ကျယ်ပြောသော လမ်းမကြီးများကွန်ရက်က ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းပြီး အန္တရာယ်ကြီးမား သည်ဟု ကျော်ကြားသည်။
အိန္ဒိယနိုင်ငံတွင် နှစ်စဉ် ယာဉ်မတော်တဆမှုများကြောင့် လူပေါင်း ၁၅၀၀၀၀ ခန့် သေဆုံးရကြောင်း အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။
Ref; 18 workers killed in India as truck rams into bus
#PeopleMedia #EPN #international #အိန္ဒိယ
(unicode)
…………………………………………
Ref; 18 workers killed in India as truck rams into bus
#PeopleMedia #EPN #international #အိန်ဒိယ