• Follow Us on

Home အိႏၵိယႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရသူ သန္း ၆၀ ႐ွိႏိုင္ဟုခန္႔မွန္း

အိႏၵိယႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရသူ သန္း ၆၀ ႐ွိႏိုင္ဟုခန္႔မွန္း

Share this post

နယူးေဒလီ၊ စက္တင္ဘာ ၃၀
 
အိႏၵိယႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရသူ သန္း ၆၀ ေက်ာ္ကူးစက္ခံထားရႏိုင္ေၾကာင္း အိႏၵိယႏိုင္ငံ၏ကမာၻ႔ကပ္ေရာဂါတံု႔ျပန္ေရးဦးေဆာင္ေအဂ်င္စီက ႏိုင္ငံတဝန္းကိုယ္ခံအားစနစ္မ်ားေလ့ လာမႈကိုကိုးကားၿပီးေျပာသည္။
 
လူသန္း ၁၃၀၀ ေက်ာ္ေနထိုင္သည့္အိႏၵိယႏိုင္ငံတြင္ ကူးစက္အတည္ျပဳလူနာ ၆ သန္းေက်ာ္႐ွိၿပီး အေမရိကန္ျပည္ေထာင္စုေနာက္တြင္ ကမာၻ့ဒုတိယကူးစက္မႈအမ်ားဆံုးႏိုင္ငံျဖစ္ေနသည္။
 
သို႔ေသာ္ အမွန္တကယ္ကူးစက္ခံေနရသည့္ပမာဏသည္ ပိုမ်ားေနႏိုင္ေၾကာင္း ဗိုင္းရပ္စ္တိုက္ထုတ္ၿပီးေသာ လူဦးေရအခ်ိဳးအစားကိုခန္႔မွန္းရန္ ကိုယ္ခံအားစနစ္အားေသြးေဖာက္စစ္ေဆးမႈေလ့လာမႈတစ္ရပ္အရသိရသည္။
 
ထိုပမာဏသည္ စစ္ေဆးခံရသူ ၆.၆ ရာခိုင္ႏႈန္းတြင္ကူးစက္ခံထားရျခင္းျဖစ္ၿပီး ၿမိဳ႕ျပဆင္းရဲသားရပ္ကြက္ မ်ားတြင္ ၁၅ ရာခိုင္ႏႈန္းႏွင့္ ဆင္းရဲသားမဟုတ္သည့္ရပ္ကြက္မ်ားတြင္ ၈.၂ ရာခိုင္ႏႈန္း႐ွိေၾကာင္း အိႏၵိယေဆးသုေတသနေကာင္စီၫႊန္ၾကားေရးမႉးခ်ဳပ္ ဘယ္ရမ္ ဘာဂါဗာက ေျပာသည္။
 
ၾသဂုတ္လလယ္ႏွင့္ စက္တင္ဘာလလယ္အတြင္း ျပည္နယ္ႏွင့္နယ္ေျမ ၂၁ ခုမွ လူ ၂၉၀၀၀ ေက်ာ္ကို စစ္ေဆးခဲ့ျခင္းျဖစ္သည္။
 
အိႏၵိယႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ၉၇၄၉၇ ေယာက္႐ွိေနသည္။
 
Ref : More than 60 million Indians may have caught coronavirus Study
 
#PeopleMedia
 
(Unicode)
အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ သန်း ၆၀ ရှိနိုင်ဟုခန့်မှန်း
………………………………………
 
နယူးဒေလီ၊ စက်တင်ဘာ ၃၀
 
အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ သန်း ၆၀ ကျော်ကူးစက်ခံထားရနိုင်ကြောင်း အိန္ဒိယနိုင်ငံ၏ကမ္ဘာ့ကပ်ရောဂါတုံ့ပြန်ရေးဦးဆောင်အေဂျင်စီက နိုင်ငံတဝန်းကိုယ်ခံအားစနစ်များလေ့ လာမှုကိုကိုးကားပြီးပြောသည်။
 
လူသန်း ၁၃၀၀ ကျော်နေထိုင်သည့်အိန္ဒိယနိုင်ငံတွင် ကူးစက်အတည်ပြုလူနာ ၆ သန်းကျော်ရှိပြီး အမေရိကန်ပြည်ထောင်စုနောက်တွင် ကမ္ဘာ့ဒုတိယကူးစက်မှုအများဆုံးနိုင်ငံဖြစ်နေသည်။
 
သို့သော် အမှန်တကယ်ကူးစက်ခံနေရသည့်ပမာဏသည် ပိုများနေနိုင်ကြောင်း ဗိုင်းရပ်စ်တိုက်ထုတ်ပြီးသော လူဦးရေအချိုးအစားကိုခန့်မှန်းရန် ကိုယ်ခံအားစနစ်အားသွေးဖောက်စစ်ဆေးမှုလေ့လာမှုတစ်ရပ်အရသိရသည်။
 
ထိုပမာဏသည် စစ်ဆေးခံရသူ ၆.၆ ရာခိုင်နှုန်းတွင်ကူးစက်ခံထားရခြင်းဖြစ်ပြီး မြို့ပြဆင်းရဲသားရပ်ကွက် များတွင် ၁၅ ရာခိုင်နှုန်းနှင့် ဆင်းရဲသားမဟုတ်သည့်ရပ်ကွက်များတွင် ၈.၂ ရာခိုင်နှုန်းရှိကြောင်း အိန္ဒိယဆေးသုတေသနကောင်စီညွှန်ကြားရေးမှူးချုပ် ဘယ်ရမ် ဘာဂါဗာက ပြောသည်။
 
သြဂုတ်လလယ်နှင့် စက်တင်ဘာလလယ်အတွင်း ပြည်နယ်နှင့်နယ်မြေ ၂၁ ခုမှ လူ ၂၉၀၀၀ ကျော်ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။
 
အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၇၄၉၇ ယောက်ရှိနေသည်။
 
Ref : More than 60 million Indians may have caught coronavirus Study
 
#PeopleMedia

Share this post