အိႏၵိယႏိုင္ငံ ဘီဟာျပည္နယ္၌ ျပည္သူ ၇ သန္းနီးပါး ေရေဘးသင့္၊ ေရႀကီးမႈေၾကာင့္ ၂၁ ဦး ေသဆုံး

PUBLISHED - August 7, 2020
ႏိုင္ငံတကာ၊ ၾသဂုတ္ ၇
အိႏၵိယႏိုင္ငံ ဘီဟာျပည္နယ္တြင္ ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ ျပည္သူ ၆ ဒသမ ၉ သန္းေက်ာ္ ေရေဘး သင့္ခဲ့ၿပီး ၂၁ ဦး ေသဆုံးခဲ့သည္။
လက္ရွိအခ်ိန္ထိ အမ်ိဳးသားေဘးအႏၲရာယ္ တုံ႔ျပန္ေရးတပ္ဖြဲ႕ (NDRF) ႏွင့္ ျပည္နယ္ေဘးအႏၲရာယ္ တုံ႔ ျပန္ေရးတပ္ဖြဲ႕မွ အဖြဲ႕ ၃၃ ဖြဲ႕ကို ဘီဟာျပည္နယ္အတြင္းရွိ ေရေဘးသင့္ခ႐ိုင္အမ်ားအျပား၌ ေရေဘးသင့္ေနမႈမ်ား ကိုင္တြယ္ေဆာင္ရြက္ရန္ ေစလႊတ္ခဲ့ေၾကာင္း ျပည္နယ္အစိုးရက ေျပာၾကားသည္။
ျပည္နယ္အတြင္းရွိ ခ႐ိုင္မ်ား၌ ေရေဘးေရွာင္စခန္းရွစ္ခု တည္ေဆာက္ခဲ့ၿပီး ေရေဘးကာလအတြင္း အမ်ားသုံးစာဖို ၁၄၀၂ ခုျဖင့္ စားေသာက္ေရးေဆာင္ရြက္ေနေၾကာင္း ျပည္နယ္အစိုးရ၏ ထုတ္ျပန္ခ်က္အရ သိရ သည္။
ျပည္သူ ၁၂၂၃၉ ဦး ေရေဘးေရွာင္စခန္းမ်ား၌ ခိုလႈံေနၿပီး ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ တိရစာၧန္ ၂၃ ေကာင္ ေသဆုံးခဲ့သည္။
ျပည္နယ္အတြင္းရွိ ေရေဘးသင့္ခ႐ိုင္သုံးခု၌ ကူးတို႔ေလွသုံးစင္း တိမ္းေမွာက္မႈျဖစ္စဉ္မ်ားေၾကာင့္ အ သက္ဆုံးရႈံးခဲ့သူမ်ားအတြက္ ဝမ္းနည္းမိပါေၾကာင္း ျပည္နယ္ဝန္ႀကီးခ်ဳပ္ နီတက္ရွ္ကူးမားက ေျပာၾကားခဲ့ၿပီး က်န္ ရစ္သူမိသားစုမ်ားထံ ေထာက္ပံ့ေငြေပးအပ္ရန္ ၫႊန္ၾကားခဲ့သည္။
ကူးမားသည္ ျသဂုတ္ ၅ ရက္ကလည္း ေရေဘးသင့္ေဒသမ်ားသို႔ ရဟတ္ယာဉ္ျဖင့္ ၾကည့္ရႈစစ္ေဆးမႈ ျပဳလုပ္ခဲ့ၿပီး အဆိုးရြားဆုံး ေရေဘးသင့္ေနသည့္ ဒါဘန္ဂါခ႐ိုင္ရွိ ေရေဘးေရွာင္စခန္းတစ္ခုႏွင့္ အမ်ားသုံးစားဖို တစ္ခုသို႔ သြားေရာက္ခဲ့သည္။
ကိုးကား – ပီတီအိုင္
Ref; Bihar: Death toll due to floods at 21, over 69 lakh people affected
(unicode)
အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်၌ ပြည်သူ ၇ သန်းနီးပါး ရေဘေးသင့်၊ ရေကြီးမှုကြောင့် ၂၁ ဦး သေဆုံး
………………………………………………………
နိုင်ငံတကာ၊ ဩဂုတ် ရ
အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တွင် ရေကြီးရေလျှံမှုများကြောင့် ပြည်သူ ၆ ဒသမ ၉ သန်းကျော် ရေဘေး သင့်ခဲ့ပြီး ၂၁ ဦး သေဆုံးခဲ့သည်။
လက်ရှိအချိန်ထိ အမျိုးသားဘေးအန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့ (NDRF) နှင့် ပြည်နယ်ဘေးအန္တရာယ် တုံ့ ပြန်ရေးတပ်ဖွဲ့မှ အဖွဲ့ ၃၃ ဖွဲ့ကို ဘီဟာပြည်နယ်အတွင်းရှိ ရေဘေးသင့်ခရိုင်အများအပြား၌ ရေဘေးသင့်နေမှုများ ကိုင်တွယ်ဆောင်ရွက်ရန် စေလွှတ်ခဲ့ကြောင်း ပြည်နယ်အစိုးရက ပြောကြားသည်။
ပြည်နယ်အတွင်းရှိ ခရိုင်များ၌ ရေဘေးရှောင်စခန်းရှစ်ခု တည်ဆောက်ခဲ့ပြီး ရေဘေးကာလအတွင်း အများသုံးစာဖို ၁၄၀၂ ခုဖြင့် စားသောက်ရေးဆောင်ရွက်နေကြောင်း ပြည်နယ်အစိုးရ၏ ထုတ်ပြန်ချက်အရ သိရ သည်။
ပြည်သူ ၁၂၂၃၉ ဦး ရေဘေးရှောင်စခန်းများ၌ ခိုလှုံနေပြီး ရေကြီးရေလျှံမှုများကြောင့် တိရစာ္ဆန် ၂၃ ကောင် သေဆုံးခဲ့သည်။
ပြည်နယ်အတွင်းရှိ ရေဘေးသင့်ခရိုင်သုံးခု၌ ကူးတို့လှေသုံးစင်း တိမ်းမှောက်မှုဖြစ်စဉ်များကြောင့် အ သက်ဆုံးရှုံးခဲ့သူများအတွက် ဝမ်းနည်းမိပါကြောင်း ပြည်နယ်ဝန်ကြီးချုပ် နီတက်ရှ်ကူးမားက ပြောကြားခဲ့ပြီး ကျန် ရစ်သူမိသားစုများထံ ထောက်ပံ့ငွေပေးအပ်ရန် ညွှန်ကြားခဲ့သည်။
ကူးမားသည် သြဂုတ် ၅ ရက်ကလည်း ရေဘေးသင့်ဒေသများသို့ ရဟတ်ယာဉ်ဖြင့် ကြည့်ရှုစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး အဆိုးရွားဆုံး ရေဘေးသင့်နေသည့် ဒါဘန်ဂါခရိုင်ရှိ ရေဘေးရှောင်စခန်းတစ်ခုနှင့် အများသုံးစားဖို တစ်ခုသို့ သွားရောက်ခဲ့သည်။
ကိုးကား – ပီတီအိုင်
Ref; Bihar: Death toll due to floods at 21, over 69 lakh people affected