
PUBLISHED - January 14, 2020
Ref;RT
(Unicode)
အိန္ဒိယနိုင်ငံသားဥပဒေသစ်သည် မဟတ္တမဂန္ဒီနှင့် လွတ်လပ်ကြိုးပမ်းခဲ့ကြသော အာဇာနည်များ၏ ဆန္ဒဟုဆို
……………………………………………………………
အိန္ဒိယနိုင်ငံသားဥပဒေသစ်ဟာ နိုင်ငံရဲ့ အာဇာနည်ခေါင်းဆောင်တွေဖြစ်ကြတဲ့ မဟတ္တမဂန္ဒီနဲ့ တခြားခေါင်း ဆောင်ကြီးတွေရဲ့ ဆန္ဒအရဖြစ်တယ်လို့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ပြောပါတယ်။
“ကျွန်တော်ထပ်ပြောချင်တာက နိုင်ငံသားအက်ဥပဒေဟာ တစ်စုံတစ်ယောက်နိုင်ငံသားဖြစ်ခွင့်ကို ရုတ်သိမ်းဖို့ မဟုတ်ပါဘူး။ နိုင်ငံသားဖြစ်ခွင့်ပေးဖို့ပါ” လို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြောပါတယ်။
ဆက်လက်ပြီး နိုင်ငံရဲ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ခေါင်းဆောင်ကြီးတွေရဲ့ ဆန္ဒအတိုင်း ဆောင် ကျဉ်းပေးခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ ဆယ်စုနှစ်များစွာက မဟတ္တမဂန္ဒီ ပြောကြားခဲ့တာကို မိမိတို့အစိုးရက အကောင် အထည်ဖော်ခြင်းဖြစ်တယ်လို့ မိုဒီက ပြောကြားခဲ့ပါတယ်။
Ref;RT
#PeopleMedia #International