အိန္ဒိယနှင့် ကာတာရေတပ်တို့ ပါရှားပင်လယ်ကွေ့အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်

PUBLISHED - August 18, 2021
နိုင်ငံတကာ၊ သြဂုတ် ၁၈ (People Media)
အိန္ဒိယရေတပ်နှင့် ကာတာရေတပ်တို့ကြား ဇာအယ်လ်ဘာဟု အမည်ပေးထားသည့် ဒုတိယအကြိမ် ပူးတွဲ ရေတပ်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုကို ယခုလ ၉ ရက်နှင့် ၁၄ ရက်ကြားက ပါရှားပင်လယ်ကွေ့အတွင်း ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ယခုစစ်ရေးလေ့ကျင့်မှုတွင် နှစ်ရက်ကြာ ဆိပ်ကမ်းအဆင့်နှင့် သုံးရက်ကြာ ပင်လယ်ပြင်အဆင့်ဟူ၍ နှစ် မျိုးပါရှိခဲ့သည်။
ပင်လယ်ပြင်အဆင့်တွင် ပင်လယ်ဓားပြနှိမ်နင်းမှု၊ လေကြောင်းကာကွယ်မှု၊ ရေကြောင်းစောင့်ကြပ်မှု၊ စစ် ဆင်ရေးဆင်နွှဲမှုနှင့် လေ့ကျင့်မှုများ ပါရှိခဲ့သည်။
ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုတွင် အိန္ဒိယရေတပ်မှ ကိုယ်ပျောက်ဖရီးဂိတ်သင်္ဘောများ၊ ဒုံးဖျက်ရေယာဉ်၊ အမြန်တိုက်ခိုက်ရေးရေယာဉ်နှင့် ရာဖေးလ်ဂျက်တိုက်လေယာဉ်များ ပါဝင်ခဲ့သည်။
အိန္ဒိယရေတပ်က ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် ဒေသတွင်း လုံခြုံရေးဆောင်ရွက်ရန် သံန္နိဌာန်ချထားပြီး ပင်လယ်ရေကြောင်း ဘေးအန္တရာယ်ကင်းရေးနှင့် လုံခြုံရေးအတွက် မိတ်ဖက်ရေတပ်များနှင့် ပူးပေါင်းဆောင်ရွက် ရန် အမြဲအသင့်ရှိကြောင်း အိန္ဒိယရေတပ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားသည်။
ယခုရေတပ်လေ့ကျင့်မှုကြောင့် အိန္ဒိယရေတပ်က ကာတာရေတပ်နှင့် အပြန်အလှန် သတင်းဖလှယ်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးကို အထောက်အကူပြုစေမည်ဖြစ်သည်။
နှစ်နိုင်ငံ ရေတပ်ဆိုင်ရာလေ့ကျင့်မှုက နှစ်နိုင်ငံကြား ရေကြောင်းဆိုင်ရာ အချက်အလက်များဖလှယ်မှုကို မြှင့်တင်ပေးမည့်အပြင် ဒေသတွင်း ရေကြောင်းလုံခြုံရေးကို တိုးတက်လာစေမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
Ref; India and Qatar conduct joint naval exercise in Persian Gulf
#PeopleMedia #EPN #international #အိန္ဒိယ #ကာတာ
(unicode)
………………………………………………………..
Ref; India and Qatar conduct joint naval exercise in Persian Gulf
#PeopleMedia #EPN #international #အိန်ဒိယ #ကာတာ