အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့တွင် ကိုဗစ်အတည်ပြုလူနာအမျိုးသမီးတစ်ဦးသေဆုံး
PUBLISHED - July 10, 2021
ကလေး၊ဇူလိုင် – ၁၀(PeopleMedia)
အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ကိုဗစ်အတည်ပြုလူနာအမျိုးသမီးတစ်ဦးအား ယနေ့ နေ့လည် ၁ နာရီ၂၀မိနစ်အချိန်က သေဆုံးခဲ့ကြောင်း တမူးခရိုင် ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသူရကပြောသည်။
“သူ့မှာက မွေးရာပါနှလုံးရောဂါရှိတယ်ထင်တယ်ဗျ။သူ့ရဲ့အဖေက ရောဂါပိုးတွေ့လို့ တမူးBRTFစင်တာမှာ နေနေတာ။ဒီနေ့ မနက် ၇ နာရီခွဲလောက်မှာ မောပြီးတော့ကြပ်လာတယ်။ဆေးရုံကို ပို့လိုက်တယ်။စစ်တော့ ရောဂါပိုးတွေ့တာ။အဲချိန်မှာ သတိသိပ်မလည်ဘူး။လိုအပ်တဲ့ဟာတွေဆောင်ရွက်ပေးထားတယ်။နေ့လည် ၁ နာရီ ၂၀မိနစ်အချိန်ကျ ဆုံးသွားတာ”ဟု ဒေါက်တာသူရကပြောသည်။
ကိုဗစ်ကြောင့် သေဆုံးလူနာမှာ တမူးမြို့ ဈေးတန်း(၁၂)ရပ်ကွက်မှ အသက်(၂၅)နှစ်အရွယ် အမျိုးသမီး (၁)ဦးဖြစ်ပြီး သေဆုံးရုပ်အလောင်းကိုတော့
တမူးသုသာန်၌ ကိုဗစ်စည်းကမ်းချက်နှင့်အညီ ချက်ချင်းမီးသဂြိုလ်ခဲ့ကြောင်းသိရသည်။
တမူးမြို့နယ်တွင် ကိုဗစ်ကြောင့် သေဆုံးလူနာ ၁၆ ဦးအထိရှိနေပြီဖြစ်ပြီး တမူးမြို့တွင် ၁၄ ဦးနှင့်မင်းသာကျေးရွာတွင် ၂ ဦးတို့ဖြစ်ကြောင်း သိရသည်။
တမူးမြို့နယ်တွင် ယနေ့အထိ
အထိစာရင်းအရ ကိုဗစ်အတည်ပြုလူနာပေါင်း၁၃၇၅ ဦးရှိပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၁၀၀၈ ဦးရှိကာ အဆိုပါကိုဗစ်အတည်ပြုလူနာများကိုတော့ တမူးမြို့ပြည်သူ့ဆေးရုံ၊အထက ၁ ကျောင်း၊မင်းသာတိုက်နယ်ဆေးရုံနှင့်မြို့သစ်မြို့တိုက်နယ်ဆေးရုံတွင် ထားရှိ၍ ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။
နေဝန်း
#PeopleMedia #COVID19 #တမူး