• Follow Us on
Latest News

Home အီဂျစ်နိုင်ငံမှ အပါချီတိုက်ခိုက်ရေးရဟတ်ယာဉ်များ၏ အာရုံခံကိရိယာများကို လော့ဟိမာတင်ကုမ္ပဏီက အဆင့်မြှင့်တင်သွားမည်

အီဂျစ်နိုင်ငံမှ အပါချီတိုက်ခိုက်ရေးရဟတ်ယာဉ်များ၏ အာရုံခံကိရိယာများကို လော့ဟိမာတင်ကုမ္ပဏီက အဆင့်မြှင့်တင်သွားမည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၇ (People Media)

 

ဘိုးရင်းကုမ္ပဏီက ထုတ်လုပ်ပြီး အီဂျစ်နိုင်ငံတွင်အသုံးပြုနေသော AH-64D အပါချီတိုက်ခိုက်ရေးရဟတ်ယာဉ် များ၏ အာရုံခံကိရိယာများ (sensors) အဆင့်မြှင့်တင်ရန်အတွက် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဒေါ် လာ ၁၀၂.၄ သန်းတန် ကန်ထရိုက်လုပ်ငန်းကို လော့ဟိမာတင်ကုမ္ပဏီသို့ အပ်နှံလိုက်သည်။

 

စာချုပ်အရ လော့ဟိမာတင်ကုမ္ပဏီသည် အပါချီတိုက်ခိုက်ရေးရဟတ်ယာဉ်၏ ခေတ်မီပစ်မှတ်ရှာဖွေရေးကိရိ ယာများ၊ ရဟတ်ယာဉ်မှူးညကြည့်အာရုံခံကိရိယာစနစ် (M-TADS/PNVS) များကို အဆင့်မြှင့်တင်ပေးသွားမည် ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်သည်။

 

အီဂျစ်နိုင်ငံမှ အပါချီရဟတ်ယာဉ် ၄၃ စင်းကို ပြန်လည်ပြင်ဆင်မွမ်းမံရန်အတွက် ဒေါ်လာ ၂.၃ ဘီလျံတန် အဆို ပြုလွှာတစ်ခုကို ၂၀၂၀ ပြည့်နှစ် မေလအတွင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့သည်။ အဆိုပါ အဆင့်မြှင့်တင်မှုတွင် အင်ဂျင်ပြန်လည်မွမ်းမံပြင်ဆင်ထုတ်လုပ်ခြင်း၊ AN/ASQ-170 ခေတ်မီပစ်မှတ်ရှာဖွေရေး ကိရိယာများပြင်ဆင်မွမ်းမံခြင်း၊ Sight/AN/AAR-11 ရဟတ်ယာဉ်မှူးညကြည့်အာရုံခံကိရိယာ စနစ်များ ပြင်ဆင် မွမ်းမံခြင်းနှင့် အခြားဆက်စပ်ပစ္စည်းများပြင်ဆင်မွမ်းမံခြင်းတို့ပါဝင်သည်။

 

M-TADS/PNVS ရဟတ်ယာဉ်မှူးညကြည့်အာရုံခံကိရိယာစနစ်သည် နေ့ဘက်ဖြစ်စေ၊ ညဘက်တွင်ဖြစ်စေ၊ ဆိုး ရွားသောရာသီဥတုအခြေအနေမျိုးတွင်ဖြစ်စေ လမ်းညွှန်ချက်အတိုင်းမောင်းနှင်ရာတွင် ရှင်းလင်းပြတ်သားမှု ရှိခြင်း၊ ပစ်မှတ်ရှာဖွေခြင်း၊ ရုတ်တရက်ဖြစ်ပေါ်လာနိုင်သောဘေးအန္တရာယ်များကို ကြိုတင်သိရှိနိုင်ခြင်းတို့ကို ထောက်ပံ့ပေးစွမ်းနိုင်သည့် ခေတ်မီအီလက်ထရိုအမြင်ခြေရာခံစနစ်တစ်ခုဖြစ်သည်။

 

အီဂျစ်နှင့် အစ္စရေးကိုခြိမ်းခြောက်နေပြီး ဒေသတွင်း လုံခြုံရေးကို လျော့ပါးအောင်လုပ်နေသည့် ဆိုင်းနိုင်းကျွန်း ဆွယ်မှပေါ်ထွက်လာသော အကြမ်းဖက်လှုပ်ရှားမှုများကို တန်ပြန်ရင်ဆိုင်ရန်အတွက် အီဂျစ်အစိုးရသည် အ ဆင့်မြှင့်တင်ထားသော အပါချီတိုက်ခိုက်ရေးရဟတ်ယာဉ်များကို အသုံးပြုသွားရန် ရည်ရွယ်ထားကြောင်း ကာ ကွယ်ရေး/လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ DSCA က ၂၀၂၀ ပြည့်နှစ်တွင်ပြောဆိုခဲ့သည်။

 

အထက်ပါကန်ထရိုက်စာချုပ်သည် အီဂျစ်၊ အမေရိကန်နှင့် မဟာမိတ်နိုင်ငံများကြား တပ်မတော်အချင်းချင်း အ ပြန်အလှန်ဆက်ဆံရေးကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ကာ ကွယ်ရေး/လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ DSCA က ပြောသည်။

 

Ref: Lockheed to Upgrade Sensors on Egypt’s Apache Helicopters

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 

Ref: Lockheed to Upgrade Sensors on Egypt’s Apache Helicopters

 

#PeopleMedia


Share this post