• Follow Us on

Home အီဂျစ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ပို့ကုန်များ တင်ပို့ရောင်းချနိုင်ရေးဆွေးနွေး

အီဂျစ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ပို့ကုန်များ တင်ပို့ရောင်းချနိုင်ရေးဆွေးနွေး

Share this post

နေပြည်တော်၊ ဇူလိုင် ၁၃

 

အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဝဏ္ဏကျော်ထင် ဦးမြင့်လွင်သည် အီဂျစ်နိုင်ငံ ကုန်သည် ကြီးများအသင်းနှင့် အာဖရိကသမဂ္ဂ ကုန်သည်ကြီးများအသင်းမှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Mr. Hosam Baharia အား ဇူလိုင်လ ၁၀ ရက်တွင် အီဂျစ်ကုန်သည်ကြီးများအသင်းသို့ သွားရောက်တွေ့ဆုံဆွေး နွေးခဲ့‌ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ထုတ်ပြန်ထားသည်။

 

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ နှစ်ဘက်ကုန်သည် ကြီးများအသင်း အချင်းချင်း ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံမှ ပဲမျိုးစုံ၊ ဆန်၊ ရေထွက် ကုန်ပစ္စည်းများအေပါအဝင် အခြားပို့ကုန်များ တင်ပို့ရောင်းချနိုင်ရေးအတွက် ဆောင်ရွက်နိုင်မည့် နည်းလမ်းများ စသည်တို့ကို ရင်းနှီးပွင်းလင်းစွာ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post