အီတလီတြင္ ကိုဗစ္-၁၉ ေၾကာင့္ ယမန္ေန႔က ၆၅၁ ဦး ထပ္မံေသဆုံး၊ ေသဆုံးသူ ၅၄၇၆ ဦးအထိ ရွိလာ

PUBLISHED - March 23, 2020
ႏိုင္ငံတကာ မတ္ ၂၃
အီတလီႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ၆၅၁ ဦး ထပ္မံ ေသဆုံးခဲ့ရာ ေသဆုံးသူစုစုေပါင္း ၅၄၇၆ ဦးအ ထိ ေရာက္ရွိလာခဲ့သည္။
ကိုဗစ္-၁၉ ေၾကာင့္ ေသဆုံးမႈႏႈန္း ၁၃ ဒသမ ၅ ရာခိုင္ႏႈန္း ျမင့္တက္လာခဲ့ေသာ္လည္း မတ္လ ၂၁ ရက္က ၇၉၃ ဦး ေသဆုံးခဲ့ျခင္းေၾကာင့္ ယမန္ေန႔က ေသဆုံးသူဦးေရမွာ ေလ်ာ့နည္းသြားသည္ဟုဆို သည္။
အီတလီႏိုင္ငံတြင္ ကူးစက္ခံရသူအေရအတြက္မွာ ယမန္ေန႔က ၅၃၅၇၈ ဦးရွိရာ ယခုအခါ ၅၉၁၃၈ ဦးအ ထိ ျမင့္တက္လာခဲ့ၿပီး ၁၀ ဒသမ ၄ ရာခိုင္ႏႈန္း တိုးလာခဲ့ၿပီး ေဖေဖာ္ဝါရီလ ၂၁ ရက္တြင္ အဆိုပါဗိုင္းရပ္စ္ တိုင္း ျပည္အတြင္း စတင္ေတြ႕ရွိၿပီးေနာက္ ရာခိုင္ႏႈန္းအားျဖင့္ ကူးစက္မႈအနိမ့္ဆုံးဟု ျပည္သူ့အကာအကြယ္ေပးေရးေအ ဂ်င္စီက ေျပာသည္။
အီတလီႏိုင္ငံတစ္ဝန္း ကူးစက္ခံရသူမ်ားအနက္ ကူးစက္လူနာ ၇၀၂၄ ဦး ျပန္လည္သက္သာလာခဲ့ၿပီး ယ မန္ေန႔က ျပန္လည္သက္သာလူသူ အေရအတြက္မွာ ၆၀၇၂ ဦးျဖစ္ခဲ့သည္။ အထူးကုသမႈခံယူေနသည့္ ကူးစက္လူ နာ ၃၀၀၉ ဦးရွိသည္။
အီတလီႏိုင္ငံေျမာက္ပိုင္းရွိ လြန္ဘာဒီေဒသမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈအမ်ားဆုံးခံခဲ့ရ သည့္ ေဒသတစ္ခုျဖစ္ၿပီး အေရးေပၚအေျခအေနအျဖစ္ ရွိေနဆဲျဖစ္သည္။
အဆိုပါေဒသတြင္ ကိုဗစ္-၁၉ ေၾကာင့္ ေသဆုံးသူ ၃၄၅၆ ဦးႏွင့္ ကူးစက္လူနာ ၂၇၂၀၆ ဦးရွိၿပီး ယမန္ေန႔ က ေသဆုံးသူ ၃၀၉၅ ဦးႏွင့္ ကူးစက္လူနာ ၂၅၅၁၅ ဦး ရွိခဲ့သည္။
ကိုးကား – အိႏၵိယတူေဒး
Ref; Italy coronavirus deaths rise by 651 in a day, death toll now 5,476
#peoplemedia #EPN
(unicode)
အီတလီတွင် ကိုဗစ်-၁၉ ကြောင့် ယမန်နေ့က ၆၅၁ ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၅၄၇၆ ဦးအထိ ရှိလာ
………………………………………………………………………………
နိုင်ငံတကာ မတ် ၂၃
အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၆၅၁ ဦး ထပ်မံ သေဆုံးခဲ့ရာ သေဆုံးသူစုစုပေါင်း ၅၄၇၆ ဦးအ ထိ ရောက်ရှိလာခဲ့သည်။
ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုနှုန်း ၁၃ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သော်လည်း မတ်လ ၂၁ ရက်က ၇၉၃ ဦး သေဆုံးခဲ့ခြင်းကြောင့် ယမန်နေ့က သေဆုံးသူဦးရေမှာ လျော့နည်းသွားသည်ဟုဆို သည်။
အီတလီနိုင်ငံတွင် ကူးစက်ခံရသူအရေအတွက်မှာ ယမန်နေ့က ၅၃၅၇၈ ဦးရှိရာ ယခုအခါ ၅၉၁၃၈ ဦးအ ထိ မြင့်တက်လာခဲ့ပြီး ၁၀ ဒသမ ၄ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ဖေဖော်ဝါရီလ ၂၁ ရက်တွင် အဆိုပါဗိုင်းရပ်စ် တိုင်း ပြည်အတွင်း စတင်တွေ့ရှိပြီးနောက် ရာခိုင်နှုန်းအားဖြင့် ကူးစက်မှုအနိမ့်ဆုံးဟု ပြည်သူ့အကာအကွယ်ပေးရေးအေ ဂျင်စီက ပြောသည်။
အီတလီနိုင်ငံတစ်ဝန်း ကူးစက်ခံရသူများအနက် ကူးစက်လူနာ ၇၀၂၄ ဦး ပြန်လည်သက်သာလာခဲ့ပြီး ယ မန်နေ့က ပြန်လည်သက်သာလူသူ အရေအတွက်မှာ ၆၀၇၂ ဦးဖြစ်ခဲ့သည်။ အထူးကုသမှုခံယူနေသည့် ကူးစက်လူ နာ ၃၀၀၉ ဦးရှိသည်။
အီတလီနိုင်ငံမြောက်ပိုင်းရှိ လွန်ဘာဒီဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများဆုံးခံခဲ့ရ သည့် ဒေသတစ်ခုဖြစ်ပြီး အရေးပေါ်အခြေအနေအဖြစ် ရှိနေဆဲဖြစ်သည်။
အဆိုပါဒေသတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၃၄၅၆ ဦးနှင့် ကူးစက်လူနာ ၂၇၂၀၆ ဦးရှိပြီး ယမန်နေ့ က သေဆုံးသူ ၃၀၉၅ ဦးနှင့် ကူးစက်လူနာ ၂၅၅၁၅ ဦး ရှိခဲ့သည်။
ကိုးကား – အိန္ဒိယတူဒေး
Ref; Italy coronavirus deaths rise by 651 in a day, death toll now 5,476
#peoplemedia #EPN