အီတလီတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရသည့္ေ႐ႊ႕ေျပာင္းအေျခခ်သူအမ်ိဳးသမီးတစ္ေယာက္ ရဟတ္ယာဥ္ေပၚတြင္ကေလးေမြး

PUBLISHED - September 2, 2020
ေရာမ၊ စက္တင္ဘာ ၂
အီတလီႏိုင္ငံ၊ လမ္ပီဒူဆာကၽြန္းေပၚမွ လူႁပြတ္သိပ္ေနသည့္ထိန္းသိမ္းေရးစခန္း႐ွိေဆး႐ံုမွရဟတ္ယာဥ္ျဖင့္ သယ္ေဆာင္သြားသည့္ ေ႐ႊ႕ေျပာင္းအေျခခ်သူ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရေသာအမ်ိဳးသမီးတစ္ေယာက္ ရဟတ္ယာဥ္ေပၚတြင္ ေအာင္ေအာင္ျမင္ျမင္မီးဖြားႏိုင္ခဲ့သည္။
ယခုႏွစ္တြင္ ေ႐ႊ႕ေျပာင္းအေျခခ်သူဦးေရတိုးတက္လာေၾကာင္း အီတလီအစိုးရကေျပာထားသည္။
ကုလသမဂၢ၏တိုက္တြန္းမႈေၾကာင့္ ကယ္ဆယ္ထားသည့္ေ႐ႊ႕ေျပာင္းအေျခခ်သူ ၃၅၃ ေယာက္ပါ၀င္သည့္ကယ္ ဆယ္ေရးသေဘၤာတစ္စင္းကို အဂၤါေန႔တြင္ စစၥလီကၽြန္း၌ကမ္းကပ္ခြင့္ျပဳခဲ့သည္။
တစ္ခ်ိန္တည္းတြင္ ေ႐ႊ႕ေျပာင္းအေျခခ်သူ ၂၇ ေယာက္ကိုတင္ေဆာင္လာသည့္ဆီတင္သေဘၤာတစ္စင္း ကလည္း လတ္တေလာအကူအညီေတာင္းခံမႈ႐ွိေနသည္။
ၾသဂုတ္အေစာပိုင္းတြင္ ေမာ္တာႏိုင္ငံ၏ေတာင္းဆိုခ်က္ေၾကာင့္ ေ႐ႊ႕ေျပာင္းအေျခခ်သူမ်ားကို ကယ္ဆယ္ခဲ့ ေသာ္လည္း ေနာက္ပိုင္းတြင္ ပင္လယ္ျပင္တြင္ ခ်န္ထားခံေနရေၾကာင္း စီးပြားျဖစ္သေဘၤာ မာ့စ္က္ အက္တီ ယန္နီကေျပာသည္။
စိတ္ပ်က္လက္ပ်က္ျဖစ္ေနၾကသည္ဟု သေဘၤာအမႈထမ္းမ်ားကေျပာသည္။
Ref : Lampedusa: Migrant with coronavirus gives birth in helicopter
(Unicode)
အီတလီတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့်ရွှေ့ပြောင်းအခြေချသူအမျိုးသမီးတစ်ယောက် ရဟတ်ယာဉ်ပေါ်တွင်ကလေးမွေး
……………………………………………………
ရောမ၊ စက်တင်ဘာ ၂
အီတလီနိုင်ငံ၊ လမ်ပီဒူဆာကျွန်းပေါ်မှ လူပြွတ်သိပ်နေသည့်ထိန်းသိမ်းရေးစခန်းရှိဆေးရုံမှရဟတ်ယာဉ်ဖြင့် သယ်ဆောင်သွားသည့် ရွှေ့ပြောင်းအခြေချသူ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသောအမျိုးသမီးတစ်ယောက် ရဟတ်ယာဉ်ပေါ်တွင် အောင်အောင်မြင်မြင်မီးဖွားနိုင်ခဲ့သည်။
ယခုနှစ်တွင် ရွှေ့ပြောင်းအခြေချသူဦးရေတိုးတက်လာကြောင်း အီတလီအစိုးရကပြောထားသည်။
ကုလသမဂ္ဂ၏တိုက်တွန်းမှုကြောင့် ကယ်ဆယ်ထားသည့်ရွှေ့ပြောင်းအခြေချသူ ၃၅၃ ယောက်ပါဝင်သည့်ကယ် ဆယ်ရေးသင်္ဘောတစ်စင်းကို အင်္ဂါနေ့တွင် စစ္စလီကျွန်း၌ကမ်းကပ်ခွင့်ပြုခဲ့သည်။
တစ်ချိန်တည်းတွင် ရွှေ့ပြောင်းအခြေချသူ ၂၇ ယောက်ကိုတင်ဆောင်လာသည့်ဆီတင်သင်္ဘောတစ်စင်း ကလည်း လတ်တလောအကူအညီတောင်းခံမှုရှိနေသည်။
သြဂုတ်အစောပိုင်းတွင် မော်တာနိုင်ငံ၏တောင်းဆိုချက်ကြောင့် ရွှေ့ပြောင်းအခြေချသူများကို ကယ်ဆယ်ခဲ့ သော်လည်း နောက်ပိုင်းတွင် ပင်လယ်ပြင်တွင် ချန်ထားခံနေရကြောင်း စီးပွားဖြစ်သင်္ဘော မာ့စ်က် အက်တီ ယန်နီကပြောသည်။
စိတ်ပျက်လက်ပျက်ဖြစ်နေကြသည်ဟု သင်္ဘောအမှုထမ်းများကပြောသည်။
Ref : Lampedusa: Migrant with coronavirus gives birth in helicopter