
PUBLISHED - November 27, 2019
(Unicode)
အီတလီတွင် နေအိမ်များ အလကားပေးနေ
……………………………………
အီတလီနိုင်ငံ၊ ဆီစီလီကျွန်းက ရှေးဟောင်းမြို့ ကမ်မာရာတာမှာ ယခင်က ဒေါ်လာ ၂.၈ သန်းနဲ့ ရောင်းချနေတဲ့ လူနေအိမ်တွေကို အခုချိန်မှာတော့ အလကားပေးနေပြီဖြစ်ပါတယ်။
ဒါပေမယ့် နေအိမ်ဟောင်းများကို အလကားရယူလိုတဲ့သူအနေနဲ့ သုံးနှစ်အတွင်း အဆိုပါနေအိမ်ကို ပြန်လည် ပြင်ဆင်မှုပြုလုပ်မယ့် အစီအစဉ်ကို တင်ပြရဖို့ရှိနေပါတယ်။
နေအိမ်ပြန်လည်ပြင်ဆင်စရိတ်ဘယ်လောက်ကုန်ကျမယ်ဆိုတာကို အတိအကျမသိရပေမယ့် ခန့်မှန်းခြေအရ ၁ စတုရန်းမီတာကို ပြင်ဆင်စရိတ် ယူရို ၁၀၀ က ၇၀၀ ကြားကျသင့်ဖို့ရှိနေပါတယ်။
ဒါ့အပြင် အိမ်ပိုင်ရှင်ဖြစ်လာမယ့်သူဟာ အာမခံငွေ ယူရို ၅၀၀၀ ကြိုတင်ပေးထားဖို့ လိုအပ်ပြီး နေအိမ်ပြင်ဆင်မှု ပြီးမြောက်ရင်တော့ ပြန်လည်ထုတ်ယူနိုင်မှာဖြစ်ပါတယ်။
#PeopleMedia #International