အီတလီတြင္ ႏွစ္ရက္အတြင္း လူနာ ၇၀၀ ေက်ာ္ ေသဆုံး
PUBLISHED - March 17, 2020
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါေၾကာင့္ လူေပါင္း ၃၄၉ ဦး ထပ္မံေသဆုံးခဲ့ေၾကာင္း ယမန္ေန႔က အီတလီအစိုးရ မွ ေၾကညာခဲ့သည္။
ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရၿပီးျဖစ္ပြါးသည့္ အဆုတ္ေရာင္ေရာဂါေၾကာင့္ ယေန႔အထိ ေသဆုံးသူ စုစုေပါင္း ၂၁၅၈ ဦးအထိရွိၿပီျဖစ္သည္။ တ႐ုတ္ႏိုင္ငံၿပီးလ်င္ ကမၻာေပၚတြင္ လူေသဆုံးမႈအမ်ားဆုံးတိုင္းျပည္ ျဖစ္လာခဲ့ သည္။
အီတလီႏိုင္ငံတြင္ ၿပီးခဲ့သည့္ ၾကာသပေတးေန႔ေနာက္ပိုင္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါေၾကာင့္ ေသဆုံးသူ တရားဝင္အေရအတြက္မွာ ႏွစ္ဆေက်ာ္အထိ ျမင့္တက္လာခဲ့ၿပီး ပထမဆုံးအႀကိမ္အျဖစ္ ၁၀၀၀ ေက်ာ္ ေရာက္ရွိ လာခဲ့သည္။
အီတလီႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္လူနာေပါင္း ၂၈၀၀၀ ခန္႔အထိ ေရာက္ရွိလာခဲ့ၿပီး ၿပီးခဲ့သည့္ ေလး ရက္က ၁၅၁၁၃ ဦးသာ ရွိခဲ့သည္။ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူအေရအတြက္မွာ ႏွစ္ရက္အတြင္း ၇၀၀ ေက်ာ္အထိ ျမင့္တက္လာခဲ့ေၾကာင္းသိရသည္။
မီလန္ကဲ့သို႔ေသာ ၿမိဳ႕ေတာ္မ်ားဝန္းက်င္သို႔ ကို႐ိုနာဗိုင္းရပ္စ္ စတင္ပ်ံ႕ႏွံ႔ခဲ့ရာ အီတလီႏိုင္ငံေျမာက္ပိုင္းတြင္ လူ ေသဆုံးမႈ အမ်ားဆုံးျဖစ္ၿပီး ေဆး႐ုံႏွင့္ လူနာမေလာက္ငသည္အထိ ကူးစက္မႈႏႈန္းျမင့္တက္လ်က္ရွိသည္။
ထို႔ေၾကာင့္ အီတလီအစိုးရက တစ္တိုင္းျပည္လုံးအတိုင္းအတာျဖင့္ ျပည္သူမ်ား အသြားအလာ ျပဳလုပ္ခြင့္ ပိတ္ ပင္ခဲ့သလို အိမ္နီးခ်င္းတိုင္းျပည္မ်ားႏွင့္ ထိစပ္ေနသည္နယ္စပ္ဂိတ္မ်ားကို ပိတ္ခဲ့သည္။
ကိုးကား – ေအအက္ဖ္ပီ
Ref; Italy reports 349 new virus deaths, taking total to over 2,000
(Unicode)
အီတလီတွင် နှစ်ရက်အတွင်း လူနာ ၇၀၀ ကျော် သေဆုံး
………………………………………………
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် လူပေါင်း ၃၄၉ ဦး ထပ်မံသေဆုံးခဲ့ကြောင်း ယမန်နေ့က အီတလီအစိုးရ မှ ကြေညာခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးဖြစ်ပွါးသည့် အဆုတ်ရောင်ရောဂါကြောင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၂၁၅၈ ဦးအထိရှိပြီဖြစ်သည်။ တရုတ်နိုင်ငံပြီးလျင် ကမ္ဘာပေါ်တွင် လူသေဆုံးမှုအများဆုံးတိုင်းပြည် ဖြစ်လာခဲ့ သည်။
အီတလီနိုင်ငံတွင် ပြီးခဲ့သည့် ကြာသပတေးနေ့နောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် သေဆုံးသူ တရားဝင်အရေအတွက်မှာ နှစ်ဆကျော်အထိ မြင့်တက်လာခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် ၁၀၀၀ ကျော် ရောက်ရှိ လာခဲ့သည်။
အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာပေါင်း ၂၈၀၀၀ ခန့်အထိ ရောက်ရှိလာခဲ့ပြီး ပြီးခဲ့သည့် လေး ရက်က ၁၅၁၁၃ ဦးသာ ရှိခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ နှစ်ရက်အတွင်း ၇၀၀ ကျော်အထိ မြင့်တက်လာခဲ့ကြောင်းသိရသည်။
မီလန်ကဲ့သို့သော မြို့တော်များဝန်းကျင်သို့ ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ခဲ့ရာ အီတလီနိုင်ငံမြောက်ပိုင်းတွင် လူ သေဆုံးမှု အများဆုံးဖြစ်ပြီး ဆေးရုံနှင့် လူနာမလောက်ငသည်အထိ ကူးစက်မှုနှုန်းမြင့်တက်လျက်ရှိသည်။
ထို့ကြောင့် အီတလီအစိုးရက တစ်တိုင်းပြည်လုံးအတိုင်းအတာဖြင့် ပြည်သူများ အသွားအလာ ပြုလုပ်ခွင့် ပိတ် ပင်ခဲ့သလို အိမ်နီးချင်းတိုင်းပြည်များနှင့် ထိစပ်နေသည်နယ်စပ်ဂိတ်များကို ပိတ်ခဲ့သည်။
ကိုးကား – အေအက်ဖ်ပီ
Ref; Italy reports 349 new virus deaths, taking total to over 2,000