• Follow Us on

Home အီတလီတႏိုင္ငံလံုးတြင္ COVID-19 ကူးစက္မႈျမင့္မားေနသည့္ေနရာမ်ားကို အလံုပိတ္ကန္႔သတ္မႈမ်ားျပဳလုပ္

အီတလီတႏိုင္ငံလံုးတြင္ COVID-19 ကူးစက္မႈျမင့္မားေနသည့္ေနရာမ်ားကို အလံုပိတ္ကန္႔သတ္မႈမ်ားျပဳလုပ္

Share this post

မီလန္၊ ႏို၀င္ဘာ ၅
ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈထိန္းခ်ဳပ္ႏိုင္ရန္ ဘ႑ာေရးၿမိဳ႕ေတာ္မီလန္ႏွင့္ အႂကြယ္၀ဆံုးေဒသလြန္ဘာဒီတို႔အပါအ၀င္ ေနရာအမ်ားအျပားတြင္ အလံုပိတ္ကန္႔သတ္မႈမ်ားျပဳလုပ္မည္ဟု အီတလီ၀န္ႀကီးခ်ဳပ္ ဂ်ဴဆက္ပီ ကြန္ေတးက ဗုဒၶဟူးေန႔တြင္ေၾကညာသည္။
အေစာပိုင္းတြင္ ကူးစက္မႈျပင္းထန္မႈအရ ႏိုင္ငံကို အပိုင္း ၃ ပိုင္းခြဲျခားသတ္မွတ္ၿပီး အစီအမံမ်ားသတ္မွတ္လိုက္ၿပီးေနာက္ ယခုကဲ့သိူ႔ေၾကညာျခင္းျဖစ္သည္။
အပိုင္းခြဲျခင္းသည္ ျပည္တြင္းကူးစက္မႈႏွင့္ ေဆး႐ံုေနရာလြတ္မႈအပါအ၀င္ အခ်က္အလက္အမ်ားအျပားကိုမူတည္ၿပီး ျပဳလုပ္ျခင္းျဖစ္သည္။
အလြန္အမင္းျပင္းထန္ေသာေနရာမ်ားတြင္ အလုပ္သြားရန္၊ က်န္းမာေရးအေၾကာင္းျပခ်က္ႏွင့္အေရးေပၚအေျခအေနမ်ား ေျဖ႐ွင္းရန္တို႔အတြက္သာ အျပင္ထြက္ခြင့္ျပဳမည္ျဖစ္ၿပီး ဘားမ်ား၊ စားေသာက္ဆိုင္မ်ားႏွင့္ ဆိုင္အမ်ားစုကို ပိတ္ရန္ၫႊန္ၾကားသည္။
အထက္တန္းေက်ာင္းမ်ားႏွင့္ အလယ္တန္းေနာက္ဆံုးႏွစ္ႏွစ္ေက်ာင္းသားမ်ားအေနျဖင့္ အြန္လိုင္းမွစာသင္ရမည္ျဖစ္သည္။
ဗုဒၶဟူးေန႔တြင္ အီတလီ၌ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသည့္လူနာ ၂၈၂၄၄ ေယာက္ထပ္တိုးခဲ့ၿပီး ေသဆံုးသူ ၃၅၃ ေယာက္႐ွိခဲ့သည္။
Ref : Italy imposes national COVID-19 curfew, locked down ‘red zones’
#PeopleMedia
(unicode)
အီတလီတနိုင်ငံလုံးတွင် COVID-19 ကူးစက်မှုမြင့်မားနေသည့်နေရာများကို အလုံပိတ်ကန့်သတ်မှုများပြုလုပ်
……………………………………..
မီလန်၊ နိုဝင်ဘာ ၅
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်နိုင်ရန် ဘဏ္ဍာရေးမြို့တော်မီလန်နှင့် အကြွယ်ဝဆုံးဒေသလွန်ဘာဒီတို့အပါအဝင် နေရာအများအပြားတွင် အလုံပိတ်ကန့်သတ်မှုများပြုလုပ်မည်ဟု အီတလီဝန်ကြီးချုပ် ဂျူဆက်ပီ ကွန်တေးက ဗုဒ္ဓဟူးနေ့တွင်ကြေညာသည်။
အစောပိုင်းတွင် ကူးစက်မှုပြင်းထန်မှုအရ နိုင်ငံကို အပိုင်း ၃ ပိုင်းခွဲခြားသတ်မှတ်ပြီး အစီအမံများသတ်မှတ်လိုက်ပြီးနောက် ယခုကဲ့သိူ့ကြေညာခြင်းဖြစ်သည်။
အပိုင်းခွဲခြင်းသည် ပြည်တွင်းကူးစက်မှုနှင့် ဆေးရုံနေရာလွတ်မှုအပါအဝင် အချက်အလက်အများအပြားကိုမူတည်ပြီး ပြုလုပ်ခြင်းဖြစ်သည်။
အလွန်အမင်းပြင်းထန်သောနေရာများတွင် အလုပ်သွားရန်၊ ကျန်းမာရေးအကြောင်းပြချက်နှင့်အရေးပေါ်အခြေအနေများ ဖြေရှင်းရန်တို့အတွက်သာ အပြင်ထွက်ခွင့်ပြုမည်ဖြစ်ပြီး ဘားများ၊ စားသောက်ဆိုင်များနှင့် ဆိုင်အများစုကို ပိတ်ရန်ညွှန်ကြားသည်။
အထက်တန်းကျောင်းများနှင့် အလယ်တန်းနောက်ဆုံးနှစ်နှစ်ကျောင်းသားများအနေဖြင့် အွန်လိုင်းမှစာသင်ရမည်ဖြစ်သည်။
ဗုဒ္ဓဟူးနေ့တွင် အီတလီ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့်လူနာ ၂၈၂၄၄ ယောက်ထပ်တိုးခဲ့ပြီး သေဆုံးသူ ၃၅၃ ယောက်ရှိခဲ့သည်။
Ref : Italy imposes national COVID-19 curfew, locked down ‘red zones’

Share this post