• Follow Us on
Latest News

Home အီတလီနိုင်ငံက F-35 ဂျက်တိုက်လေယာဉ် ၂၅ စင်း ထပ်မံဝယ်ယူမည်

အီတလီနိုင်ငံက F-35 ဂျက်တိုက်လေယာဉ် ၂၅ စင်း ထပ်မံဝယ်ယူမည်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၉

 

အီတလီအစိုးရက ၂၀၂၄ ခုနှစ်အတွင်း F-35 ဂျက်တိုက်လေယာဉ် ၂၅ စင်း ထပ်မံဝယ်ယူဖို့အတွက် ယူရိုငွေ ၇ ဘီလျံ (ဒေါ်လာ ၇.၇၉ ဘီလျံ) သုံးစွဲသွားမှာဖြစ်ပါတယ်။

 

အခု ၂၅ စင်းဝယ်ယူမယ့်အစီအစဉ်ကို လွှတ်တော်က ခွင့်ပြုလိုက်ရင် အီတလီလေတပ်မှာ F-35 ဂျက်တိုက်လေ ယာဉ် ၁၁၅ စင်းအထိ ရှိသွားမှာဖြစ်ပါတယ်။

 

F-35 ဂျက်တိုက်လေယာဉ် ဝယ်ယူမယ့်အစီအစဉ်ထဲမှာ အင်ဂျင်တွေ၊ တွဲဖက်ပစ္စည်းတွေနဲ့ လော်ဂျစ်စတစ် ထောက်ပံ့မှုတွေလည်းပါဝင်ပါတယ်။

 

အီတလီနိုင်ငံမှာ အီတလီလေတပ်အတွက် သမရိုးကျတက်ဆင်းလုပ်နိုင်တဲ့ F-35A ဂျက်တိုက်လေယာဉ် အစင်း ၆၀ နဲ့ အီတလီလေတပ်နဲ့ ရေတပ်အတွက် ပြေးလမ်းတိုမှာ ထောင်လိုက်အတက်အဆင်းလုပ်နိုင်တဲ့ F-35B ဂျက်တိုက်လေယာဉ် ၁၅ စင်းအပါအဝင် F-35 ဂျက်တိုက်လေယာဉ် အစင်း ၉၀ မှာယူထားပြီးဖြစ်ပါတယ်။

 

အခု ထပ်မံမှာယူတဲ့ တိုက်လေယာဉ်တွေထဲမှာ အီတလီလေတပ်အတွက် F-35A ဂျက်တိုက်လေယာဉ် ၁၅ စင်း နဲ့ လေတပ်နဲ့ ရေတပ်အတွက် F-35B ဂျက်တိုက်လေယာဉ် ၅ စင်းစီ (၁၀ စင်း) ပါဝင်ပါတယ်။

 

စုစုပေါင်းသုံးစွဲမယ့် ဒေါ်လာ ၁၀.၃ ဘီလျံထဲမှာ Global Combat Air Programme (GCAP) အတွက် ဒေါ်လာ ၅၆၃ သန်းပါဝင်ပြီး ၂၀၂၃ ခုနှစ် ရင်းနှီးမြှုုပ်နံှမှုထက် ဒေါ်လာ ၃၀၁ သန်း ကျော်လွန်သွားကြောင်း Defense News မှာဖော်ပြထားပါတယ်။

 

GCAP အစီအစဉ်ဟာ အီတလီ၊ ဗြိတိန်နဲ့ ဂျပန်နိုင်ငံတို့ပါဝင်တဲ့ မျိုးဆက်သစ် ဂျက်တိုက်လေယာဉ် တည် ဆောက်ရေးစီမံကိန်းတစ်ခုဖြစ်ပါတယ်။

 

အီတလီအစိုးရဟာ F-35B ဂျက်တိုက်လေယာဉ်တွေ တင်ဆောင်နိုင်တဲ့ ရဟတ်ယာဉ်/လေယာဉ်တင် ကမ်းထိုး ရေယာဉ် သစ်တစ်စီးတည်ဆောက်ဖို့အတွက်လည်း ဒေါ်လာ ၅၅ သန်း လျာထားပါသေးတယ်။

 

ဒါ့အပြင် ၂၀၂၉ ခုနှစ်မှာ အနားပေးတော့မယ့် ပထမအသုတ်လေယာဉ် ၂၆ စင်းကို အစားထိုးဖို့အတွက် စတုတ္ထ အသုတ် လေယာဉ် ၂၄ စင်း ဝယ်ယူဖို့အတွက် လက်ရှိဆောင်ရွက်နေတဲ့ Eurofighter program အတွက် လည်း ဒေါ်လာ ၇၆၇ သန်း လျာထားပြီးဖြစ်ပါတယ်။

 

အီတလီနိုင်ငံဟာ ၂၀၂၃ ခုနှစ်မှာ ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၂၂ ဘီလျံ သုံးစွဲခဲ့ပေမဲ့ ၂၀၂၄ ခုနှစ်အ တွက် ဒေါ်လာ ၂၃ ဘီလျံသုံးစွဲသွားမှာဖြစ်ပါတယ်။

 

Ref: Italy to Buy 25 Additional F-35s for Over $7 Billion

 

#PeopleMedia


Share this post