• Follow Us on
Latest News

Home အီတလီလေတပ်ရဲ့ MQ-9 Reaper ဒရုန်းတွေ ပြုပြင်ထိန်းသိမ်းဖို့ General Atomics ကုမ္ပဏီကို ဒေါ်လာ ၁၇ သန်းတန် လုပ်ငန်းအပ်နံှ

အီတလီလေတပ်ရဲ့ MQ-9 Reaper ဒရုန်းတွေ ပြုပြင်ထိန်းသိမ်းဖို့ General Atomics ကုမ္ပဏီကို ဒေါ်လာ ၁၇ သန်းတန် လုပ်ငန်းအပ်နံှ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂

 

အီတလီလေတပ်က MQ-9 Reaper ဒရုန်းတွေ ရှေရှည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် ဒေါ်လာ ၁၇ သန်းတန်ကြေးရှိ ကန်ထရိုက်လုပ်ငန်းတစ်ခုကို General Atomics ကုမ္ပဏီကို အပ်နှံလိုက်ပါတယ်။

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်တဲ့ အဲဒီသဘောတူစာချုပ်ထဲမှာ အီတလီလေ တပ်ရဲ့ MQ-9 Block 1 နဲ့ Block 5 ဒရုန်းတွေအတွက် အင်ဂျင်နီယာ ဝန်ဆောင်မှုလုပ်ငန်းတွေဆောင်ရွက် ပေး ခြင်း၊ လေယာဉ်ဂိုဒေါင်ပြုပြင်ခြင်း၊ အပိုပစ္စည်းများပို့ဆောင်တပ်ဆင်ပေး ခြင်းနဲ့ ဆော့ဖ်ဝဲပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းတွေ ပါဝင်ပါတယ်။

 

စာချုပ်ပါပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းတွေကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီယား၊ အီတလီနိုင်ငံနဲ့ ကူဝိတ်နိုင်ငံ တို့မှာ ဆောင်ရွက်သွားမှာဖြစ်ပြီး ၂၀၂၅ ခုနှစ် မတိုင်ခင် အပြီးဆောင်ရွက်သွားမှာဖြစ်တယ်လို့ ခန့်မှန်းထား ပါတယ်။

 

အီတလီနိုင်ငံဟာ အမေရိကန်ထံက ယူရိုငွေ သန်း ၉၀ (ဒေါ်လာ ၉၇ သန်း) တန်ကြေးရှိ MQ-9 Reaper ဒရုန်း တွေ ဝယ်ယူမှာဖြစ်ကြောင်း ၂၀၀၈ ခုနှစ်က ကြေညာခဲ့ပါတယ်။

 

MQ-9 Reaper ဒရုန်းဟာ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး၊ စောင့်ကြည့်ထောက်လှမ်းရေးနဲ့ ကင်းထောက် တာဝန်တွေကို ထမ်းဆောင်ဖို့အတွက် ထုတ်လုပ်ထားတဲ့ တာဘိုပရော့အင်ဂျင်တပ် မောင်းသူမဲ့လေယာဉ်ဖြစ် ပါတယ်။

 

MQ-9 Reaper ဒရုန်းတွေမှာ အလုံးစုံအဆင့်မြှင့်တင်ထားတဲ့ တာဝန်တွေထမ်းဆောင်နိုင်ဖို့အတွက် အဆင့်မြင့် ဆင်ဆာ (အာရုံခံကိရိယာ) တွေ၊ အဆင့်မြင့်ဆက်သွယ်ရေးစနစ်နဲ့ အကြမ်းခံလေယာဉ်ထိန်းချုပ်ရေးစနစ်ကို တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် လေယာဉ်ဖွဲ့စည်းတည်ဆောက်ပုံအရ ပဲ့ထိန်းဒုံးကျည်တွေ ကျယ်ကျယ်ပြန့်ပြန့် တပ်ဆင်နိုင်တဲ့အတွက် MQ-9 Reaper ဒရုန်းတွေဟာ တိုက်ခိုက်ရေးတာဝန်တွေကိုလည်း ထမ်းဆောင်နိုင်ပါတယ်။

 

တစ်နာရီကို ရေမိုင် ၂၄၀ (၄၄၄ ကီလိုမီတာ/ ၂၇၆ မိုင်) နှုန်းနဲ့ တစ်ဆက်တည်း ၂၇ နာရီကျော် ပျံသန်းနိုင်တဲ့ MQ-9 Reaper ဒရုန်းဟာ အလေးချိန် ပေါင် ၃၈၅၀ (၁၇၄၆ ကီလိုဂရမ်) အထိ သယ်ဆောင်နိုင်ကြောင်း General Atomics ကုမ္ပဏီက ပြောပါတယ်။

 

၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက အီတလီလေတပ်ဟာ Block 5 အုပ်စုထဲမှာပါတဲ့ MQ-9A ဒရုန်းအသစ်ကို ပထမဦးဆုံးအကြိမ် စမ်းသပ်ပျံသန်းခဲ့ပါတယ်။

 

Ref: General Atomics Inks $17M Italian MQ-9 Reaper Drone Sustainment Deal

 

#PeopleMedia


Share this post