အီတလီႏိုင္ငံ အလံုပိတ္ထားစဥ္ Facebook မွ Video Call ေခၚဆိုမႈ ၁၀၀၀ ရာခိုင္ႏႈန္းျမင့္တက္

PUBLISHED - March 26, 2020
ေရာမ၊ မတ္ ၂၅
ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ အဆမတန္ျမင့္တက္လာမႈေၾကာင့္ အလံုပိတ္ထားေသာႏိုင္ငံမ်ားတြင္ Facebook ကုမၸဏီပိုင္အက္ပလီေကး႐ွင္းမ်ားအသံုးျပဳၿပီး Video Call ေခၚဆိုမႈျမင့္တက္ေနသည္။
အတင္းၾကပ္ဆံုးကန္႔သတ္မႈမ်ား႐ွိေနသည့္အီတလီႏိုင္ငံတြင္ ၿပီးခဲ့သည့္ေဖေဖာ္ဝါရီလက ၁၀၀၀ ရာခိုင္ႏႈန္းအထိ ျမင့္တက္ခဲ့ေၾကာင္းေတြ႕ရသည္။
ဗိုင္းရပ္အဆိုးဆံုးကူးစက္ခံရသည့္ႏိုင္ငံမ်ားတြင္ ကုမၸဏီပိုင္ပလက္ေဖာင္းအစံုတြင္ စာပို႔ႏႈန္း ၅၀ ရာခိုင္ႏႈန္းျမင့္ တက္လာေၾကာင္း လူမႈကြန္ရက္ဧရာမကုမၸဏီႀကီးျဖစ္သည့္ Facebook ကေပးသည္။ Facebook သည္ Instagram ကိုသာမက လူသံုးမ်ားသည့္စာပို႔အက္ပလီေကး႐ွင္း Whatsapp ကိုလည္း ပိုင္ဆိုင္သည္။
အသံုးမ်ားေနေသာ္လည္း ကမာၻတ၀န္းဒစ္ဂ်စ္တယ္ေၾကျငာမ်ား က်ဆင္းလာမည္ဟု ခန္႔မွန္းထားသည္မ်ားကို ကာကြယ္ႏိုင္မည္မဟုတ္ေၾကာင္းလည္းေျပာသည္။
“အသံုးျပဳသူေတြနဲ႔အထိအေတြ႕မ်ားလာတဲ့၀န္ေဆာင္မႈေတြေတာ္ေတာ္မ်ားမ်ားကေန ကၽြန္ေတာ္တို႔ ပိုက္ဆံ႐ွာ မွာမဟုတ္ပါဘူး”ဟု အဂၤါေန႔တြင္ Facebook ကေျပာသည္။
အီတလီႏိုင္ငံတြင္ အဂၤါေန႔အထိ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ၆၀၀၀ ေက်ာ္႐ွိေနသည္။ Video Call အသံုးျပဳမႈမ်ားလာ႐ံုသာမက အီတလီတြင္ Facebook ပိုင္အက္ပလီေကး႐ွင္းမ်ား အသံုးျပဳမႈ ၇၀ ရာခိုင္ႏႈန္း ျမင့္တက္ေနသည္။ လူမ်ားအိမ္တြင္ေနၾကၿပီး အိမ္မွအလုပ္လုပ္သည္မ်ားလည္း႐ွိေနခ်ိန္တြင္ အသံုးမ်ားေနမႈ ေၾကာင့္ ပိုၿပီးအားထုတ္ရန္အဆင့္မ်ားကို Facebook က အေလးေပးမိတ္ဆက္ထားသည္။ ဥေရာပတိုက္တြင္ အင္တာနက္၀န္ေဆာင္မႈေပးသည့္ကုမၸဏီမ်ားထံမွ၀ယ္လိုအားမ်ားေနျခင္းကို ကူညီေလွ်ာ့ခ်ရန္ ဗီဒီယိုအရည္ အေသြးမ်ားကို Facebook က ေလွ်ာ့ခ်ထားသည္။ ဗီဒီယိုအရည္အေသြးေလွ်ာ့ခ်ေပးထားျခင္းအားျဖင့္ လက္႐ွိ အိမ္တြင္ တသီးတသန္႔ေနၾကသည့္လူမ်ားက အင္တာနက္မွဗီဒီယိုမ်ားပိုၾကည့္ေနၾကခ်ိန္တြင္ ျမင့္တက္လာ ေသာအသံုးျပဳမႈမ်ားႏွင့္ရင္ဆိုင္ေနရသည့္ကြန္ရက္မ်ားကို ဖိအားေလ်ာ့က်ေစၿပီး ေဒတာအသံုးျပဳမႈ ပိုနည္း ေစမည္ျဖစ္သည္။
Ref: Facebook video calls soar 1,000% during Italy’s lockdown
#PeopleMedia #CoronaVirusLockdown #Italy
(Unicode)
အီတလီနိုင်ငံ အလုံပိတ်ထားစဉ် Facebook မှ Video Call ခေါ်ဆိုမှု ၁၀၀၀ ရာခိုင်နှုန်းမြင့်တက်
……………………………………………………
ရောမ၊ မတ် ၂၅
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အဆမတန်မြင့်တက်လာမှုကြောင့် အလုံပိတ်ထားသောနိုင်ငံများတွင် Facebook ကုမ္ပဏီပိုင်အက်ပလီကေးရှင်းများအသုံးပြုပြီး Video Call ခေါ်ဆိုမှုမြင့်တက်နေသည်။
အတင်းကြပ်ဆုံးကန့်သတ်မှုများရှိနေသည့်အီတလီနိုင်ငံတွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလက ၁၀၀၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်းတွေ့ရသည်။
ဗိုင်းရပ်အဆိုးဆုံးကူးစက်ခံရသည့်နိုင်ငံများတွင် ကုမ္ပဏီပိုင်ပလက်ဖောင်းအစုံတွင် စာပို့နှုန်း ၅၀ ရာခိုင်နှုန်းမြင့် တက်လာကြောင်း လူမှုကွန်ရက်ဧရာမကုမ္ပဏီကြီးဖြစ်သည့် Facebook ကပေးသည်။ Facebook သည် Instagram ကိုသာမက လူသုံးများသည့်စာပို့အက်ပလီကေးရှင်း Whatsapp ကိုလည်း ပိုင်ဆိုင်သည်။
အသုံးများနေသော်လည်း ကမ္ဘာတဝန်းဒစ်ဂျစ်တယ်ကြေငြာများ ကျဆင်းလာမည်ဟု ခန့်မှန်းထားသည်များကို ကာကွယ်နိုင်မည်မဟုတ်ကြောင်းလည်းပြောသည်။
“အသုံးပြုသူတွေနဲ့အထိအတွေ့များလာတဲ့ဝန်ဆောင်မှုတွေတော်တော်များများကနေ ကျွန်တော်တို့ ပိုက်ဆံရှာ မှာမဟုတ်ပါဘူး”ဟု အင်္ဂါနေ့တွင် Facebook ကပြောသည်။
အီတလီနိုင်ငံတွင် အင်္ဂါနေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆၀၀၀ ကျော်ရှိနေသည်။ Video Call အသုံးပြုမှုများလာရုံသာမက အီတလီတွင် Facebook ပိုင်အက်ပလီကေးရှင်းများ အသုံးပြုမှု ၇၀ ရာခိုင်နှုန်း မြင့်တက်နေသည်။ လူများအိမ်တွင်နေကြပြီး အိမ်မှအလုပ်လုပ်သည်များလည်းရှိနေချိန်တွင် အသုံးများနေမှု ကြောင့် ပိုပြီးအားထုတ်ရန်အဆင့်များကို Facebook က အလေးပေးမိတ်ဆက်ထားသည်။ ဥရောပတိုက်တွင် အင်တာနက်ဝန်ဆောင်မှုပေးသည့်ကုမ္ပဏီများထံမှဝယ်လိုအားများနေခြင်းကို ကူညီလျှော့ချရန် ဗီဒီယိုအရည် အသွေးများကို Facebook က လျှော့ချထားသည်။ ဗီဒီယိုအရည်အသွေးလျှော့ချပေးထားခြင်းအားဖြင့် လက်ရှိ အိမ်တွင် တသီးတသန့်နေကြသည့်လူများက အင်တာနက်မှဗီဒီယိုများပိုကြည့်နေကြချိန်တွင် မြင့်တက်လာ သောအသုံးပြုမှုများနှင့်ရင်ဆိုင်နေရသည့်ကွန်ရက်များကို ဖိအားလျော့ကျစေပြီး ဒေတာအသုံးပြုမှု ပိုနည်း စေမည်ဖြစ်သည်။
Ref: Facebook video calls soar 1,000% during Italy’s lockdown
#PeopleMedia #CoronaVirusLockdown #Italy