• Follow Us on

Home အီနာဂါထိပ်ဖူးပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိ

အီနာဂါထိပ်ဖူးပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ သြဂုတ် ၁၉

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့၊ ကျုံကဒတ်ကျေးရွာ၊ ဗန္ဓုလလမ်း၊ ဦးဆန်းအောင်၏ နေအိမ်ရှေ့ တွင် ကလေးငယ်တစ်ဦးမှာ အီနာဂါထိပ်ဖူးကို ဆော့ကစားနေစဉ် ပေါက်ကွဲ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

သြဂုတ်လ ၁၈ ရက် ညနေ ၆ နာရီကျော်တွင် အသက် ၈ နှစ်အရွယ်ကလေးငယ်တစ်ဦးမှာ အီနာဂါထိပ်ဖူးကို ဆော့ကစားရင်း ပေါက်ကွဲရာ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

ထိုပေါက်ကွဲမူကြောင့် ကလေးငယ်၏ ညာဘက်လက်၊ ညာဘက်ပေါင်တို့တွင် ဒဏ်ရာများရရှိပြီး၊ ထိုကလေးမှာ ကျုံကဒတ်တိုက်နယ်ဆေးရုံတွင် ဆေးကုသမူခံယူနေရကြောင်း သိရသည်။

 

ထို့နောက် ဒဏ်ရာရှိသည့် အသက် (၈) နှစ်အရွယ် မောင်ခေတ်ဦးဈာန်၊ (ဘ) ဦးရဲထွဋ်၊ (၃) တန်း ၊ ဗန္ဓုလ လမ်း၊ ကျုံကဒတ်ကျေးရွာတွင်နေသူဖြစ်ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post