
PUBLISHED - January 4, 2020
Ref; CAN
(Unicode)
အီရတ်ရှိ အီရန်ထောက်ခံသော လက်နက်ကိုင်အဖွဲ့ကို အမေရိကန် ေလကြောင်းက ထပ်မံတိုက်ခိုက်
………………………………………………………
အီရတ်နိုင်ငံမှာ အီရန်ထောက်ခံတဲ့ လက်နက်ကိုင်အဖွဲ့ယာဉ်တန်းတစ်ခုဟာ ဇန်နဝါရီ ၄ ရက်နေ့ မနက်ပိုင်းက လေကြောင်းကတိုက်ခိုက်ခံခဲ့ရပါတယ်။
အမေရိကန်က ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ထိပ်တန်း အီရန်ဗိုလ်ချုပ်တစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ပြီး နောက်တစ် နေ့မှာ အခုလို လေကြောင်းတိုက်ခိုက်မှုထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အခုလိုတိုက်ခိုက်မှုကိုပြုလုပ်ခဲ့တယ်လို့ အတည်ပြုပြောကြားထားတာမရှိသေးပါဘူး။
အီရန်ရုပ်သံလိုင်းကတော့ အမေရိကန်က လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကြေညာထားပါတယ်။
Ref; CAN
#PeopleMedia #International