PUBLISHED - January 2, 2020
Ref; latintimes
(Unicode)
အီရတ်ရှိ အမေရိကန်သံရုံးတိုက်ခိုက်ခံရပြီးနောက် ပင်တဂွန်က စစ်သည် ၄၀၀၀ အသင့်ပြင်
———————————–
အီရတ်အခြေစိုက် အမေရိကန်သံရုံးတိုက်ခိုက်ခံရမှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ဟာ လေထီးခုန်တပ်သား ၇၅၀ ကို တပ်ဖြန့်ချထားခဲ့ပြီး အခြေအနေပိုဆိုးလာရင်တုံ့ပြန်ဖို့ စစ်သား ၄၀၀၀ ကျော်အသင့်ပြင်ထားတယ်လို့ သတင်းထွက်ပေါ်လျက်ရှိပါတယ်။
လေထီးခုန်တပ်သား ၇၅၀ ကို တပ်ဖြန့်ထားခဲ့ပြီးဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက အင်္ဂါနေ့မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
အခုလို တိုက်ခိုက်ခံရမှုဟာ နိုင်ငံတစ်နိုင်ငံက အားပေးအားမြှောက်လုပ်တဲ့ အကြမ်းဖက်မှုဖြစ်တယ်လို့လည်း မိုက်ပွမ်ပီယိုက ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အခုဖြစ်ရပ်ကို ရှုတ်ချဝေဖန်ခဲ့ပြီး အခုကိစ္စအတွက် အီရန်က တာဝန်ယူရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
Ref; latintimes
#PeopleMedia #International
