အီရတ္ရွိ အေမရိကန္သံ႐ုံးတိုက္ခိုက္ခံရ

PUBLISHED - January 2, 2020
ႏိုင္ငံတကာ၊ ဇန္နဝါရီ – ၂
အီရတ္အေျခစိုက္ဟစ္ဇ္လိုလာစစ္ေသြးႂကြအဖြဲ႔ကို ျပန္လည္လက္စားေခ်တဲ့ ဒီဇင္ဘာ ၃၁ ရက္ အေမရိကန္ရဲ႕ ဒုံးက်ည္ပစ္ခတ္မူေတြေနာက္မွာပဲ ရာနဲ႔ခ်ီတဲ့ အီရတ္ဆႏၵျပသမားေတြဟာ အီရတ္ႏိုင္ငံ ဘတ္ဂ္ဒတ္မွာရွိတဲ့ အေမရိကန္သံ႐ုံးကိုဝင္စီးဖို႔ ႀကိဳးစားခဲ့ၾကပါတယ္။
ဆႏၵျပသမားေတြက အေမရိကန္ဆန္႔က်င္ေရးေဆာင္ပုဒ္ေတြကို ေႂကြးေၾကာ္ကာ သူတို႔ေျမမွအေမရိကန္ေတြ ထြက္သြားဖို႔ ေတာင္းဆိုခဲ့ၾကသလို သံ႐ုံးတံတိုင္းကိုလည္း ၿဖိဳခ်ဖို႔ႀကိဳးစားခဲ့ပါတယ္။ ေနာက္ဆုံးၿခံဝင္းကို ျဖတ္ ေက်ာ္ၿပီး လူ ၂၀ ေက်ာ္ေလာက္အထိ သံ႐ုံးအေဆာက္အဦးထဲ ဝင္သြားႏိုင္ခဲ့ေပမယ့္ အေမရိကန္တပ္ဖြဲ႕ေတြရဲ႕ မ်က္ရည္ယုိဗုံးနဲ႔ လူစုခြဲမႈေတြေၾကာင့္ ျပန္လည္ထြက္ခြာလာခဲ့ရပါတယ္။
အီရတ္ဝန္ႀကီးခ်ဳပ္အဒူလ္ မက္ဒီကေတာ့ ဆႏၵျပသမားေတရဲ. က်ဴးေက်ာ္မႈကိုခ်က္ခ်င္းထိန္းခ်ဳပ္ဖို႔ တပ္ဖြဲ႕ဝင္ အမ်ားအျပား ခ်က္ခ်င္းေစလႊတ္ခဲ့ကာ သံတမန္ရပ္ကြက္ကို တိုက္ခိုက္ျခင္းက ရာဇဝတ္မူျဖစ္ေၾကာင္း ရႈတ္ ခ်ခဲ့ပါတယ္။
အေမရိကန္သမၼတေဒၚနယ္ထရန္႔ကေတာ့ ဒီလုပ္ရပ္ကိုေနာက္ကြယ္ကေထာက္ပံ့ေပးေနသူ အီရန္လို စြပ္စြဲထား ကာ ဒီအတြက္ေၾကာင့္ ႀကီးႀကီးမားမားျပန္လည္ေပးဆပ္ရမယ္လို႔လည္း ခ်က္ခ်င္းတုန္႔ ျပန္လိုက္ပါတယ္။
အေမရိကန္ကာကြယ္ေရးဝန္ႀကီးမာ့ခ္အက္စ္ပါကေတာ့ အီရတ္ကို အေမရိကန္တပ္ဖြဲ႕ဝင္ ၇၅၀ တပ္ျဖန္႔ခ်ထားဖို႔ ခ်က္ျခင္းေၾကျငာခဲ့ပါတယ္။
Ref;Reuters
Trump threatens Iran with ‘big price’ to pay over US embassy attack
(unicode)
အီရတ်ရှိ အမေရိကန်သံရုံးတိုက်ခိုက်ခံရ
……………………………………..
နိုင်ငံတကာ၊ ဇန်နဝါရီ – ၂
အီရတ်အခြေစိုက်ဟစ်ဇ်လိုလာစစ်သွေးကြွအဖွဲ့ကို ပြန်လည်လက်စားချေတဲ့ ဒီဇင်ဘာ ၃၁ ရက် အမေရိကန်ရဲ့ ဒုံးကျည်ပစ်ခတ်မူတွေနောက်မှာပဲ ရာနဲ့ချီတဲ့ အီရတ်ဆန္ဒပြသမားတွေဟာ အီရတ်နိုင်ငံ ဘတ်ဂ်ဒတ်မှာရှိတဲ့ အမေရိကန်သံရုံးကိုဝင်စီးဖို့ ကြိုးစားခဲ့ကြပါတယ်။
ဆန္ဒပြသမားတွေက အမေရိကန်ဆန့်ကျင်ရေးဆောင်ပုဒ်တွေကို ကြွေးကြော်ကာ သူတို့မြေမှအမေရိကန်တွေ ထွက်သွားဖို့ တောင်းဆိုခဲ့ကြသလို သံရုံးတံတိုင်းကိုလည်း ဖြိုချဖို့ကြိုးစားခဲ့ပါတယ်။ နောက်ဆုံးခြံဝင်းကို ဖြတ် ကျော်ပြီး လူ ၂၀ ကျော်လောက်အထိ သံရုံးအဆောက်အဦးထဲ ဝင်သွားနိုင်ခဲ့ပေမယ့် အမေရိကန်တပ်ဖွဲ့တွေရဲ့ မျက်ရည်ယိုဗုံးနဲ့ လူစုခွဲမှုတွေကြောင့် ပြန်လည်ထွက်ခွာလာခဲ့ရပါတယ်။
အီရတ်ဝန်ကြီးချုပ်အဒူလ် မက်ဒီကတော့ ဆန္ဒပြသမားတေရဲ. ကျူးကျော်မှုကိုချက်ချင်းထိန်းချုပ်ဖို့ တပ်ဖွဲ့ဝင် အများအပြား ချက်ချင်းစေလွှတ်ခဲ့ကာ သံတမန်ရပ်ကွက်ကို တိုက်ခိုက်ခြင်းက ရာဇဝတ်မူဖြစ်ကြောင်း ရှုတ် ချခဲ့ပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ ဒီလုပ်ရပ်ကိုနောက်ကွယ်ကထောက်ပံ့ပေးနေသူ အီရန်လို စွပ်စွဲထား ကာ ဒီအတွက်ကြောင့် ကြီးကြီးမားမားပြန်လည်ပေးဆပ်ရမယ်လို့လည်း ချက်ချင်းတုန့် ပြန်လိုက်ပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးမာ့ခ်အက်စ်ပါကတော့ အီရတ်ကို အမေရိကန်တပ်ဖွဲ့ဝင် ၇၅၀ တပ်ဖြန့်ချထားဖို့ ချက်ခြင်းကြေငြာခဲ့ပါတယ်။
Ref;Reuters
Trump threatens Iran with ‘big price’ to pay over US embassy attack
#PeopleMedia #EPN