• Follow Us on
Latest News

Home အီရတ်က တောင်ကိုရီးယားထုတ် Cheongung-II လေကာဒုံးကျည်တွေ ဝယ်ယူမည်

အီရတ်က တောင်ကိုရီးယားထုတ် Cheongung-II လေကာဒုံးကျည်တွေ ဝယ်ယူမည်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၅

 

အီရတ်နိုင်ငံဟာ တောင်ကိုရီးယားနိုင်ငံထုတ် တာလတ်ပစ် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေဝယ်ယူဖို့ အတွက် တောင်ကိုရီးယား LIG Nex1 ကုမ္ပဏီနဲ့ ဒေါ်လာ ၂.၈ ဘီလျံ (အီရတ်ဒီနာ ၃.၂၈ ထရီလီယန်) တန် ကြေးရှိ ကန်ထရိုက်စာချုပ်တစ်ခုကို ချုပ်ဆိုလိုက်ပါတယ်။

 

ဒီဒုံးကျည်တွေဟာာ အီရတ်လေပိုင်နက်ကို ကာကွယ်ပေးနိုင်ပြီး ဒေသတွင်း အင်အားချိန်ခွင်လျှာညှိဖို့ အရေးပါ တဲ့အတွက် နိုင်ငံအတွက် အရည်ချင်းရှိတဲ့ မဟာဗျူဟာမြောက် အောင်မြင်မှုတစ်ခုဖြစ်ကြောင်း အီရတ် ကာ ကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

ရန်သူ့လေယာဉ်တွေနဲ့ ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချဖို့အတွက် LIG Nex1 ကုမ္ပဏီက Cheongung-II (M-SAM II) ဒုံးကျည်တွေကို ထုတ်လုပ်ခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယား Yonhap သတင်းဌာနက ပြောပါတယ်။

 

Hanwha Systems ကုမ္ပဏီက ရေဒါတွေ ထောက်ပံ့သွားမှာဖြစ်ပြီး Hanwha Aerospace ကုမ္ပဏီက လောင် ချာတွေနဲ့ ယာဉ်တွေ ထုတ်လုပ်သွားမှာဖြစ်သလို LIG Nex1 ကုမ္ပဏီက ဒုံးကျည်နဲ့ ဘက်စုံပေါင်းစည်းစနစ်ကို တည်ဆောက်သွားမှာဖြစ်ပါတယ်။

 

အကွာအဝေး ၂၅ မိုင် (ကီလိုမီတာ ၄၀) နဲ့ အမြင့် ၉.၃ မိုင် (၁၅ ကီလိုမီတာ) က ပံျသန်းလာတဲ့ ရန်သူ့ ဒုံးကျည် တွေနဲ့ လေကြောင်းပစ်မှတ်တွေကို ကြားဖြတ်ပစ်ချဖို့အတွက် Cheongung-II ခေါ် တာလတ်/အလယ်အလတ် ပျံဒုံးကျည်ကို ဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

 

Cheongung-II ဒုံးကျည်မှာ ပစ်မှတ်ပေါင်းစုံတပြိုင်တည်း ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် လုပ်ငန်းဆောင်ရွက် မှုပုံစံမျိုးစုံနဲ့ ရေဒါခြေရာခံစနစ်ကို ဖွဲ့စည်းတည်ဆောက်ထားပြီး အမြန် တုံ့ပြန်ထိန်းချုပ်တဲ့စနစ်ကို ထည့်သွင်း တည်ဆောက်ထားပါတယ်။

 

အာရပ်စော်ဘွားများနိုင်ငံ (UAE) နဲ့ ဆော်ဒီအာရေးဘီးယားပြီးရင် အီရတ်နိုင်ငံဟာ တောင်ကိုရီးယားနိုင်ငံက Cheongung-II ဒုံးကျည်တွေ ဝယ်ယူတဲ့ တတိယမြောက် နိုင်ငံဖြစ်ပါတယ်။

 

Ref: Iraq to Import $2.8B in South Korean Missile Systems

 

#PeopleMedia


Share this post