• Follow Us on
Latest News

Home အီရတ်နိုင်ငံထဲကနေ ဆီးရီးယားမှာရှိတဲ့ အမေရိကန်စစ်စခန်းကို ရော့ကက်ငါးစင်းနဲ့ ပစ်ခတ်

အီရတ်နိုင်ငံထဲကနေ ဆီးရီးယားမှာရှိတဲ့ အမေရိကန်စစ်စခန်းကို ရော့ကက်ငါးစင်းနဲ့ ပစ်ခတ်

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၂

 

အီရတ်နိုင်ငံ ဇမ်မာမြို့ကနေ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အမေရိကန်စစ်စခန်းတစ်ခုကို တနင်္ဂနွေနေ့ (ဧပြီ ၂၁ ရက်နေ့) က ရော့ကက်ငါး စင်းထက်မနည်း ပစ်ခတ်ခဲ့ကြောင်း အီရတ်လုံခြုံရေးသတင်းရင်းမြစ်နှစ်ဦး က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

 

အီရတ်နိုင်ငံထဲမှာ အီရန်ထောက်ပံ့ထားတဲ့စစ်သွေးကြွအုပ်စုတွေက အမေရိကန်တပ်ဖွဲ့တွေကို တိုက်ခိုက်နေတာ ကို ရပ်တန့်လိုက်တဲ့အချိန်မှာ ဖေဖော်ဝါရီလ အစောပိုင်းကတည်းက အခုလို အမေရိကန်တပ်ဖွဲ့ဝင်တွေကို ပြန် လည်တိုက်ခိုက်လာတာ ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။

 

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ အိမ်ဖြူတော်မှာသွားရောက်တွေ့ဆုံခဲ့ပြီးနောက် အီရတ်ဝန်ကြီးချုပ်မိုဟာမက် ရှီ ယာအယ်လ်ဆူဒါနီ အမေရိကန်ပြည်ထောင်စုက ပြန်ရောက်လာပြီး တစ်ရက်အကြာမှာ အခုလို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

 

အီရတ်နိုင်ငံထဲက အမေရိကန်တပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာဖို့အရေး ဝါရှင်တန်မှာဆွေးနွေးခဲ့တာ အောင်မြင်မှု မရသလောက်နီးပါးဖြစ်ခဲ့ပြီးနောက် နိုင်ငံတွင်းရှိ အမေရိကန်တပ်ဖွဲ့တွေကို တိုက်ခိုက်မှုတွေကို ပြန်လည်စတင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း အီရတ်နိုင်ငံထဲက ကတ်တိုင်းဟစ်ဘိုလာအဖွဲ့က တနင်္လာနေ့ (ဧပြီ ၂၂ ရက်နေ့) က ပြောပါတယ်။

 

ကားနောက်ပိုင်းမှာ ရော့ကက်လောင်ချာတပ်ဆင်ထားတဲ့ ထရပ်ကားငယ်တစ်စီးကို ဆီးရီးယားနယ်စပ်က ဇမ်မာ မြို့မှာတွေ့ခဲ့ရကြောင်း လုံခြုံရေးနှစ်ဦးနဲ့ ထိပ်တန်းကြည်းတပ်အရာရှိတစ်ဦးက ပြောပါတယ်။

 

ကောင်းကင်မှာ လေယာဉ်တွေဝဲပျံသွားချိန်မှာ အဲဒီရော့ကက်လောင်ချာတင်ထရပ်ကားမှာ ပေါက်ကွဲမှုတစ်ခုဖြစ် ပွားခဲ့ပြီး မီးလောင်သွားကြောင်း ကြည်းတပ်အရာရှိက ပြောပါတယ်။

 

“ကျွန်တော်တို့ သေသေချာချာ မစုံစမ်းရသေးဘူးဆိုတော့ အဲဒီထရပ်ကားကို အမေရိကန်လေယာဉ်တွေက ဗုံး ကြဲတိုက်ခိုက်ခဲ့တာဟုတ်မဟုတ် အတည်မပြုနိုင်ပါဘူး။” လို့ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိတစ်ဦးက ပြော ပါတယ်။

 

ကနဦးစုံစမ်းမှုတွေအရ အဲဒီထရပ်ကားကို အမေရိကန်က လေကြောင်းက တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း၊ စုံစမ်း စစ်ဆေးမှုတွေ ထပ်မံပြုလုပ်ဖို့ အဲဒီထရပ်ကားကို သိမ်းဆည်းထားကြောင်း နောက်ထပ် စစ်ဘက်အရာရှိတစ်ဦး က ပြောပါတယ်။

 

“ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေ မျှဝေဖို့အတွက် အီရတ်မှာရှိတဲ့ ညွန့်ပေါင်းတပ်ဖွဲ့ဝင် တွေနဲ့ ကျွန်တော်တို့ ဆက်သွယ်နေပါတယ်။” လို့ အဆိုပါအရာရှိက ပြောပါတယ်။

 

Ref: Five rockets fired from Iraq towards U.S. military base in Syria

 

#PeopleMedia


Share this post