• Follow Us on
Latest News

Home အီရတ်နိုင်ငံမှာ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ဒဏ်ရာရခဲ့တဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေအတွက် အမေရိကန်က လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း ပင်တဂွန်ပြော

အီရတ်နိုင်ငံမှာ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ဒဏ်ရာရခဲ့တဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေအတွက် အမေရိကန်က လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း ပင်တဂွန်ပြော

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၆

 

အီရန်ထောက်ပံ့ထားတဲ့စစ်သွေးကြွအုပ်စုက အီရတ်နိုင်ငံမှာရှိတဲ့ အမေရိကန်စစ်စခန်းတစ်ခုကို တနင်္လာနေ့ (ဒီဇင်ဘာလ ၂၅ ရက်နေ့) အစောပိုင်းက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ အမေရိကန်တပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့တဲ့ အတွက် တနင်္လာနေ့ ညနေပိုင်းမှာပဲ အမေရိ ကန်စစ်တပ်က လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာန ချုပ်က ပြောကြားလိုက်ပါတယ်။

 

“ဒဏ်ရာရခဲ့တဲ့ ရဲရင့်တဲ့အမေရိကန်စစ်သည်တွေအတွက် ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်။” လို့ အမေရိ ကန်ကာကွယ်ရေးဝန်ကြီးက ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။

 

အောက်တိုဘာလ ၇ ရက်နေ့ အစ္စရေး-ဟားမတ်စ်စစ်ပွဲ စတင်ကတည်းက အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ဖို့အတွက် အီရတ်နိုင်ငံမှာ တပ်ဖြန့်ချထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရမှုက ပိုမိုမြင့် တက်လာခဲ့ပါတယ်။

 

တနင်္လာနေ့က အီရတ်နိုင်ငံ အယ်ဘာလေဆိပ်အနီးရှိ အမေရိကန်တပ်စခန်းတစ်ခုကို ဒရုန်းနဲ့လာရောက်တိုက် ခိုက်ခဲ့တာဖြစ်ပြီး အမေရိကန်တပ်ဖွဲ့ဝင်တွေဒဏ်ရာရရှိခဲ့ကြောင်း အီရတ်ဝန်ကြီးချုပ်ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါ တယ်။

 

အဲဒီအမေရိကန်တပ်စခန်းတိုက်ခိုက်ခံရပြီး မကြာခင်မှာပဲ အယ်ဘာလေဆိပ်ရဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ ဟာ ရီရာမြို့အနီးက နောက်ထပ်အမေရိကန်ညွန့်ပေါင်းအခြေစိုက်စခန်းတစ်ခုကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ကြောင်း အီရတ် နိုင်ငံက အစ္စလာမ်တော်လှန်ရေးအဖွဲ့က ကြေညာခဲ့ပါတယ်။

 

အောက်တိုဘာလ ၁၇ ရက်နေ့ကစပြီး အီရတ်နဲ့ ဆီးရီးယားနိုင်ငံမှာရှိတဲ့ အမေရိကန်စစ်စခန်းတိုက်ခိုက်ခံရမှုဟာ ၁၀၃ ကြိမ်ရှိသွားပြီလို့ ဆိုပါတယ်။

 

တိုက်ခိုက်မှုအများစုကို အီရတ်နိုင်ငံရှိ အစ္စလာမ်တော်လှန်ရေးအဖွဲ့ကဆောင်ရွက်ခဲ့တာဖြစ်ပြီး အစ္စရေး-ဟားမတ်စစ်ပွဲမှာ အစ္စရေးကိုထောက်ပံ့နေတဲ့ အမေရိကန်ကို ဆန့်ကျင်တဲ့အနေနဲ့ တိုက်ခိုက်နေတာဖြစ်ပါတယ်။

 

နိုင်ငံတကာညွန့်ပေါင်းတပ်ဖွဲ့ဟာ ၂၀၁၄ ခုနှစ်ကစပြီး အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်နေတာဖြစ် ပါတယ်။ အမေရိကန်အစိုးရဟာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့တိုက်ခိုက်ရေးအတွက် အီရတ်နိုင်ငံမှာ တပ်ဖွဲ့ဝင် ၂၅၀၀၊ ဆီးရီးယားနိုင်ငံမှာ တပ်ဖွဲ့ဝင် ၉၀၀ တပ်ဖြန့်ချထားပါတယ်။

 

Ref: Three US troops wounded in attack in Iraq; US retaliates

 

#PeopleMedia


Share this post