• Follow Us on
Latest News

Home အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ စစ်သွေးကြွပစ်မှတ် ၈၅ ခုကျော်ကို အမေရိကန်လက်တုံ့ပြန်တိုက်ခိုက်

အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ စစ်သွေးကြွပစ်မှတ် ၈၅ ခုကျော်ကို အမေရိကန်လက်တုံ့ပြန်တိုက်ခိုက်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၃

 

ဂျော်ဒန်နယ်စပ်စခန်းတစ်ခုမှာ တနင်္ဂနွေနေ့ (ဇန်နဝါရီလ ၂၈ ရက်နေ့) က စစ်သွေးကြွတွေရဲ့ ဒရုန်းတိုက်ခိုက်မှု ကြောင့် အမေရိကန်တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးသွားတာကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ အီ ရန်ထောက်ပံ့ထားတဲ့ စစ်သွေးကြစခန်းတွေကို အမေရိကန်စစ်တပ်က သောကြာနေ့ (ဖေဖော်ဝါရီလ ၂ ရက်နေ့) က တိုက်ခိုက်ခဲ့ပါတယ်။

 

အမေရိကန်ဂျက်တိုက်လေယာဉ်တွေဟာ အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ စစ်သွေးကြွအုပ်စုတွေရဲ့ ပစ်မှတ် ၈၅ ခု ကျော်ကို ပဲ့ထိန်းဒုံးကျည် ၁၂၅ စင်းကျော် အသုံးပြုပြီး သောကြာနေ့ညနေ ၄ နာရီဝန်းကျင်မှာ တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း အမေရိကန်စစ်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။

 

“တိုက်ခိုက်ခဲ့တဲ့ပစ်မှတ်တွေထဲမှာ အမေရိကန်နဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာ စစ်သွေးကြွအုပ်စုတွေ နဲ့ အီရန်အစ္စလာမ်မစ်အစောင့်တပ်ဖွဲ့ထောက်ပံ့ရေးအဖွဲ့တွေ အသုံးပြုနေတဲ့ ကွပ်ကွဲကြီးကြပ်ရေးစခန်းတွေ၊ ဌာန ချုပ်တွေ၊ ထောက်လှမ်းရေးဌာနတွေ၊ ရော့ကက်/ ဒုံးကျည်/မောင်းသူမဲ့လေယာဉ်သိုလှောင်ထားတဲ့နေရာတွေ၊ လော်ဂျစ်စတစ်နဲ့ ခဲယမ်းထောက်ပံ့ရေး ကွင်းဆက်နေရာတွေ ပါဝင်ပါတယ်။” လု့ိ အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) က ပြောပါတယ်။

 

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့နဲ့ စစ်သွေးကြွတွေအသုံးပြုနေတဲ့ အဆောက်အအုံ ၇ ခုစလုံးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း၊ အီရတ်မှာ ၃ ခုနဲ့ ဆီးရီးယားမှာ ၄ ခု ဖြစ်ကြောင်း၊ တိုက်ခိုက်မှုဟာ မိနစ် ၃၀ ကျော်ကြာမြင့် ခဲ့ပြီး အရပ်သားတွေ ထိခိုက်မှုမရှိအောင် အထူးဂရုပြု တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားလုံခြုံရေးကောင်စီ ပြော ခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက သတင်းထောက်တွေကို သောကြာနေ့က ပြောပါတယ်။

 

အစ္စရေး-ဟားမတ်စ်စစ်ပွဲစတင်ဖြစ်ပွားလာပြီး ယီမင်က ဟူသီသူပုန်တွေနဲ့ အီရတ်က စစ်သွေးကြွတွေက အမေ ရိကန်ကိုတိုက်ခိုက်လာတဲ့အချိန်မှာ အမေရိကန်ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ကတည်းက တိုက်ခိုက်မှုတွေထက် ပိုမိုကြီးမားပြင်းထန်လာတယ်လို့ ဆိုပါတယ်။

 

ဇန်နဝါရီလ ၂၈ ရက်နေိ့က ဂျော်ဒန်မှာရှိတဲ့အမေရိကန်စစ်စခန်းတစ်ခုကို စစ်သွေးကြွတွေက ဒရုန်းနဲ့တိုက်ခိုက် ခဲ့ရာ အမေရိကန်တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ပြီး ၃၆ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် အခုလို ပြင်းပြင်းထန်ထန် လက်တုံ့ ပြန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 

အမေရိကန်ကျဆုံးစစ်သည်တွေကို ပြန်လည်သယ်ဆောင်လာတဲ့ ဒီလာဝဲက ဒိုဗာလေတပ်အခြေစိုက်စခန်းကို သောကြာနေ့က အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က သွားရောက်ခဲ့ပါတယ်။

 

“ကျွန်တော်တို့ ဒီကနေ့မှာပဲ လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။ ကျွန်တော်တို့ သင့်တော်မယ်ထင်တဲ့ အချိန်နဲ့ နေရာမှာ ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ အရှေ့အလယ်ပိုင်းနဲ့ ကမ္ဘာ ပေါ်က ဘယ်နေရာမှာမှ စစ်ဖြစ်ပွားအောင် ကြိုးပမ်းမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို ထိခိုက်နာကျင် အောင် ကြိုးပမ်းလာမယ့်သူတွေကို သိစေချင်ပါတယ်။ ခင်ဗျားတို့ အမေရိကန်တစ်ယောက်ကို ထိခိုက်နာကျင် အောင်လုပ်လာခဲ့ရင် ကျွန်တော်တို့ လိုအပ်သလို လက်တုံ့ပြန်တိုက်ခိုက်သွားမှာပဲဖြစ်ပါတယ်။” လု့ိ ဘိုင်ဒန်က ပြောပါတယ်။

 

အီရန်ထောက်ပံ့ထားတဲ့ စစ်သွေးကြွအုပ်စုတွေဟာ ပြီးခဲ့တဲ့ဆောင်းရာသီနှောင်းပိုင်းကတည်းက အီရတ်နဲ့ ဆီးရီး ယားမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ဒရုန်း၊ ဒုံးကျည်၊ ရော့ကက်တွေအသုံးပြုပြီး ၁၆၅ ကြိမ်ကျော် တိုက် ခိုက်ခဲ့ရာ အမေရိကန်တပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ အမေရိကန်စစ်တပ်ကလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ နှောင်းပိုင်းကတည်းက စပြီး စစ်သွေးကြစခန်းတွေကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။

 

Ref: U.S. hits Iranian proxies in Iraq, Syria in retaliation for deadly strikes

 

#PeopleMedia


Share this post