• Follow Us on
Latest News

Home အီရတ်နဲ့ ဆီးရီးယားရှိ အကြမ်းဖက်ပစ်မှတ်များနဲ့ အစ္စရေးထောက်လှမ်းရေးဌာနချုပ်တစ်ခုလို့ စွပ်စွဲထားတဲ့ နေရာကို အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်

အီရတ်နဲ့ ဆီးရီးယားရှိ အကြမ်းဖက်ပစ်မှတ်များနဲ့ အစ္စရေးထောက်လှမ်းရေးဌာနချုပ်တစ်ခုလို့ စွပ်စွဲထားတဲ့ နေရာကို အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၆

 

အီရန်နိုင်ငံက အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ အကြမ်းဖက်အုပ်စုတွေကို ပစ်မှတ်ထားပြီး ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း အီရန်အစိုးရ IRNA သတင်းဌာနက ဇန်နဝါရီလ ၁၆ ရက်နေ့ (အင်္ဂါနေ့) က ပြောကြားလိုက် ပါတယ်။

 

အီရတ်နိုင်ငံတွင်း ကာဒစ်စတန်လူမျိုးတွေရဲ့ မြို့တော်ဖြစ်တဲ့ အာဘေးလ်မြို့မှာရှိတဲ့ ထောက်လှမ်းရေးဌာနချုပ် တစ်ခုနဲ့ အီရန်ဆန့်ကျင်ရေးအကြမ်းဖက်အုပ်စုတစ်ခုကို အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ပစ်မှတ် ထားတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း IRNA သတင်းဌာနက ပြောပါတယ်။

 

တိုက်ခိုက်မှုကြောင့် ကာဒစ်စတန် ၄ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ကြောင်း ကာဒစ်စတန်လုံခြုံရေးတပ်ဖွဲ့က ပြောပါတယ်။

 

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ဟာ ဆီးရီးယားနိုင်ငံမှာရှိတဲ့ အိုင်အက်စ်အကြမ်းဖက်အုပ်စုနဲ့ဆက် နွယ်တဲ့ တပ်မှူးတွေ၊ တပ်သားတွေ စုဝေးနေတဲ့နေရာတွေကိုလည်း တိုက်ခိုက်ခဲ့ကြောင်း Sepah သတင်းဌာန က ပြောပါတယ်။

 

မကြာသေးခင်က အီရန်နိုင်ငံတောင်ပိုင်း ကာမန်မြို့နဲ့ ရက်စ်ခ်မြို့တွေမှာ အီရန်လူမျိုးတွေကို အကြမ်းဖက်အုပ်စု တွေက တိုက်ခိုက်သွားတာကို လက်တုံ့ပြန်တဲ့အနေနဲ့ ဆီးရီးယားမှာရှိတဲ့ အဲဒီအကြမ်းဖက်အုပ်စုတွေကို အခုလို တိုက်ခိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒုံးကျည် ၄ စင်းထက်မနည်း မြေထဲပင်လယ်ဘက်ကတက်လာပြီးနောက် အလက်ပိုမြို့မှာ ပေါက်ကွဲသံတွေကြား ခဲ့ရကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောပါတယ်။

 

ဇန်နဝါရီလ ၃ ရက်နေ့က ကာမန်မြို့ရှိ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ဗိုလ်ချုပ်ကြီးကာဆင်ဆိုးလ်မာနီ အမှတ်တရအုတ်ဂူအနီးမှာ စုဝေးနေတဲ့ လူအုပ်ထဲကို အသေခံဗုံးခွဲသူတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အီရန်လူမျိုး ၉၀ ကျော်သေဆုံးခဲ့ပါတယ်။

 

တိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း နောက်ပိုင်းမှာ အိုင်အက်စ်အဖွဲ့က ကြေညာပါတယ်။

 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းကလည်း ရက်စ်ခ်မြို့မှာရှိတဲ့ ရဲစခန်းတစ်ခုကို ဂျက်ရှ်အယ်လ်အဒ် ခေါ် ဂျီဟတ် ဝါဒီအုပ်စုက တိုက်ခိုက်ခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

 

ဒါ့အပြင် အီရတ်နိုင်ငံ ကာဒစ်စတန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေမှာရှိတဲ့ အစ္စရေးထောက်လှမ်းရေးဌာနချုပ် တစ်ခုလို့ စွပ်စွဲထားတဲ့နေရာတစ်ခုကိုလည်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း IRNA သတင်းဌာနက ပြောပါတယ်။

 

အဲဒီနေရာဟာ အစ္စရေးထောက်လှမ်းရေးမော့ဆက်အဖွဲ့ရဲ့ ဌာနချုပ်တစ်ခုဖြစ်ပြီး သူလျှိုစစ်ဆင်ရေးတွေဆောင် ရွက်နေတဲ့နေရာဖြစ်သလို ဒေသတွင်း အကြမ်းဖက်လုပ်ရပ်တွေလုပ်ဆောင်ဖို့အတွက် စီစဉ်ပေးနေတဲ့နေရာ လည်းဖြစ်တယ်လို့ IRNA က ပြောပါတယ်။

 

Ref: Iran launches missile strikes on ‘terrorist’ targets in northern Iraq, Syria: AFP

 

#PeopleMedia


Share this post