
PUBLISHED - January 6, 2020
……………………………………………………………………
နိုင်ငံတကာ၊ ဇန်န၀ါရီ – ၆
Ref;Mirror
[Unicode]
အီရန်ကို တိုက်ခိုက်ရန် ဗြိတိန်တော်ဝင်ရေတပ် ရေငုပ်သင်္ဘော အသင့်ရှိနေ
……………………………………………………………………
နိုင်ငံတကာ၊ ဇန်နဝါရီ – ၆
ဗြိတိန်တော်ဝင်ရေတပ်ရဲ့ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောဟာ အရှေ့အလယ်ပိုင်းဒေသမှာ အခြေအနေတင်းမာမှုမြင့်တက်လာခဲ့ရင် အီရန်ကို တိုက်ခိုက်ဖို့ အသင့်ရှိနေတယ်လို့ သတင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ဗြိတိန်ရေငုပ်သင်္ဘောဟာ ဒေသတွင်းအချိန်ပြည့်ရှိနေပြီး ပေ ၂၀ ရှိတဲ့ Tomahawk မစ်ဇိုင်းတွေတပ်ဆင်ထားပါတယ်။ Tomahawk မစ်ဇိုင်းတွေဟာ ပေါင် ၁၀၀၀ အလေးချိန်ရှိတဲ့ ပေါက်ကွဲအားပြင်းထန်တဲ့ ဒုံးကျည်ထိပ်ဖူးတွေကို သယ်ဆောင်နိုင်ပြီး အဆောက်အဦးတစ်ခုကို ဖြိုဖျက်ဖို့ လုံလောက်တဲ့ စွမ်းအားရှိပါတယ်။
Tomahawk မစ်ဇိုင်းတွေဟာ မိုင်းပေါင်း ၁၅၅၀ အထိ ရောက်ရှိနိုင်ပြီး တစ်နာရီကို မိုင်း ၅၅၀ အမြန်နှုန်းနဲ့ ရွှေ့လျားနိုင်သလို GPS ပဲ့ထိန်းစနစ်ကလည်း လိုချင်တဲ့ ပစ်မှတ်ကို ထိမှန်အောင်ထိန်းကြောင်းပေးနိုင်ပါတယ်။
Ref;Mirror
#PeopleMedia