• Follow Us on
Latest News

Home အီရန်ကို ပစ်ခတ်နိုင်သော အကွာအဝေးတွင် အမေရိကန် B-52 ဗုံးကြဲလေယာဉ်များနေရာယူ


Share this post





Ref; Reuters


(Unicode)
အီရန်ကို ပစ်ခတ်နိုင်သော အကွာအဝေးတွင် အမေရိကန် B-52 ဗုံးကြဲလေယာဉ်များနေရာယူ
……………………………………………………

အမေရိကန်ရဲ့ နျူကလီးယားလက်နက်တင်ဆောင်နိုင်တဲ့ B-52 ဗုံးကြဲလေယာဉ် ၆ စီးဟာ အီရန်ကို ပစ်ခတ် နိုင်တဲ့ အကွာအဝေးတစ်ခုမှာ နေရာယူထားပြီးဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

ဗုံးကြဲလေယာဉ်ခြောက်စီးဟာ ဗြိတိန်ပိုင် ဒီယာဂိုဂါစီယာကျွန်းမှာ နေရာယူထားတယ်လို့ Washington Exami ner သတင်းဝက်ဆိုက်က ဖော်ပြပါတယ်။

Fox News သတင်းဌာနကတော့ B-52 ဗုံးကြဲလေယာဉ် ၆ စီးဟာ လူဝီစီယန်နာပြည်နယ် လေတပ်အခြေစိုက် စခန်းက ထွက်ခွာလာတာဖြစ်တယ်လို့ ဖော်ပြပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်ကတော့ B-52 ဗုံးကြဲလေယာဉ်တွေ နေရာယူတဲ့သတင်းကို အတည်ပြုခြင်းမရှိသေးပါဘူး။

Ref; Reuters

#PeopleMedia #International


Share this post