အီရန်တပ်မတော်က အီရတ်နိုင်ငံသို့ တာတိုပစ်ဒုံးများ၊ မောင်းသူမဲ့လေယာဉ်များ ဖြန့်ကြက်

PUBLISHED - December 29, 2020
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၈ (People Media)
အီရန် အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က အီရတ်နိုင်ငံသို့ တာတိုပစ်ဒုံးကျည်များ၊ မောင်းသူမဲ့လေယာဉ်များ ဖြန့်ကြက်ခဲ့ကြောင်း ကူဝိတ်သတင်းစာ အယ်လ်ကွာဘတ်စ်က ဖော်ပြသည်။
အီရန်ပြည်တွင်းဖြစ် အာရက်ရှ် ပဲ့ထိန်းဒုံးကျည်များကို အီရတ်နိုင်ငံရှိ အီရန်လိုလားသော လက်နက်ကိုင် အုပ်စုများ၏ စစ်စခန်းများသို့ ပေးပို့ခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
သတင်းရပ်ကွက်များက မည်သည့် ဒရုန်းအမျိုးအစား ဖြန့်ကြက်ခဲ့သည်ကို မဖော်ပြခဲ့သော်လည်း အီရန် နိုင်ငံတွင် ထုတ်လုပ်ပြီး အီရတ်နိုင်ငံတောင်ပိုင်းရှိ လုံခြုံရေးတင်းကျပ်သည့်နေရာများသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်မှ စွန့်ခွာပြီးလျင် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က လာမည့်သီတင်းပတ်များအတွင်း အီရတ်နှင့် အိမ်နီးချင်းတိုင်းပြည်များရှိ အမေရိကန်စစ်စခန်းများကို တိုက်ခိုက်ရာ တွင် ယခုဒုံးကျည်များ၊ ဒရုန်းများကို အသုံးပြုနိုင်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
ထင်ရှားသော အီရန် နျူကလီးယားပညာရှင် ဖာကာရီဇာဒါမှာ နိုဝင်ဘလအတွင်း အစ္စရေးနိုင်ငံ၏ လုပ်ကြံ မှုကြောင့် သေဆုံးခဲ့သည်ဟု အီရန်နိုင်ငံက ယုံကြည်နေပြီး လက်တုံ့ပြန်မည်ဟု ပြောကားခဲ့သည်။
ဘဂ္ဂဒတ်မြို့တော်ရှ် အမေရိကန်သံရုံး တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ အမေရိကန်နှင်အီရန်ကြား တင်းမာ မှုများ ပြန်လည်မြင့်တက်နေစဉ် အီရန်နိုင်ငံက ဒုံးကျည်များ၊ ဒရုန်းများ အီရတ်နိုင်ငံသို့ ဖြန့်ကြက်ခဲ့ခြင်းဖြစ်သည်။
ကိုးကား – စပွတ်ညစ်
Ref; Iran Deploys Short-Range Missiles in Iraq After Attack on Green Zone Hosting US Embassy, Reports Say
(unicode)
…………………………………………..
Ref; Iran Deploys Short-Range Missiles in Iraq After Attack on Green Zone Hosting US Embassy, Reports Say