အီရန်တွင် မွေးစားသားသမီးကို အိမ်ထောင်ပြုခွင့်ရှိတဲ့ အငြင်းပွားဖွယ် ဥပဒေမူကြမ်း အဆိုတင်သွင်းထား
PUBLISHED - September 26, 2019
အီရန်နိုင်ငံရဲ့ ဥပဒေပြုလွှတ်တော်အမတ်တွေဟာ ကလေးသူငယ်အခွင့်အရေးကို အကာအကွယ်ပေးနိုင်မယ့် ဥပဒေမူကြမ်းတစ်ခုကို အဆိုပြုနိုင်ဆောင်ရွက်နေပြီး အမျိုးသားတစ်ယောက်အနေနဲ့ ၄င်းရဲ့ မွေးစားသမီးကို အသက် ၁၃ နှစ်ပြည့်ရင် လက်ထပ်ခွင့်ပြုမယ့်အချက်လည်းပါဝင်နေပါတယ်။
ဒါပေမယ့် တက်ကြွလှုပ်ရှားသူတွေက အခုဥပဒေမူကြမ်းကို လွှတ်တော်က တားမြစ်လိမ့်မယ်လို့ ပြောကြပါတယ်။ အီရန် အစိုးရကောင်စီဟာ ဥပဒေမူကြမ်းတွေကို တရားဝင်အတည်ပြုပြဌာန်းခြင်းမပြုမီ စိစစ်မှုရှိပြီး အခုလို အငြင်းပွားဖွယ်ရာ ဥပဒေမူကြမ်းကို အတည်ပြုခြင်းမရှိသေးပါဘူး။
အီရန်နိုင်ငံမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတွေဟာ ဖခင်ရဲ့ ခွင့်ပြုချက်ရရင် အိမ်ထောင်ပြုခွင့်ရှိပြီး ယောကျာ်းလေးတွေဟာ အသက် ၁၅ နှစ်ပြည့်ရင် အိမ်ထောင်ပြုခွင့်ရှိပါတယ်။ အသက် ၁၃ နှစ်အောက် မိန်းကလေးတွေဟာ အိမ်ထောင်ပြုမယ်ဆိုရင် တရားသူကြီးရဲ့ ခွင့်ပြုချက်လိုအပ်မှာဖြစ်ပြီး မွေးစားသားသမီးတွေကို အိမ်ထောင်ပြုတာကိုတော့ လက်ရှိဥပဒေမှာ တားမြစ်ထားပါတယ်။