အီရန်နိုင်ငံက တာဝေးသွား တိုက်ခိုက်ရေးဒရုန်း ထုတ်လုပ်မည်
PUBLISHED - February 26, 2021
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၆ (People Media)
အီရန်နိုင်ငံက ကီလိုမီတာ ၃၀၀၀ အထိ ပျံသန်းနိုင်သည့် ပထမဆုံးသော တိုက်ခိုက်ရေးဒရုန်း ထုတ်လုပ် ရန် အပြီးသတ်အဆင့် ရောက်ရှိနေပြီဟု အီရန်လေတပ်ဖွဲ့မှ တပ်မှူး အဇစ်နာဆာဇာဒက်ဇ်က ကြေညာလိုက် သည်။
ကာမန်-၂၂ ဟု အမည်ဝှက်ပေးထားသည့် မောင်းသူမဲ့လေယာဉ်ကို လေတပ်ဖွဲ့၏ လိုအပ်ချက်များနှင့်အ ညီ ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း နာဆာဇာဒက်ဇ်အား ကိုးကား၍ Press TV က ဖော်ပြခဲ့သည်။
ကာမန်-၂၂ မောင်းသူမဲ့လေယာဉ်၌ စမတ်လက်နက်ခဲယမ်းအမျိုးမျိုးနှင့် အီလက်ထရောနစ် စစ်ပွဲဆင်နွှဲ ရေးကိရိယာ ပါရှိပြီး ၂၄ နာရီအထိ လေကြောင်းချီစစ်ဆင်ရေး ဆင်နွှဲနိုင်သည်။
ထို့အပြင် အဆိုပါဒရုန်း၌ ကင်းထောက် လှမ်းခြင်း၊ စောင့်ကြပ်ရေးကိရိယာများ တပ်ဆင်ထားသည့်အပြင် ဝေးကွာသောပစ်မှတ်များကို ဓာတ်ပုံရိုက်ယူနိုင် စွမ်းရှိကြောင်း သိရသည်။
“ကာမန်-၂၂ မောင်းသူမဲ့လေယာဉ်က အီရန်လေတပ်ဖွဲ့အတွက် မြင့်မားတဲ့ တိုက်ခိုက်ရေးစွမ်းပကား ရရှိ စေမှာဖြစ်ပါတယ်” ဟု နာဆာဇာဒက်ဇ်က ဆိုသည်။
ကိုးကား – ဆင်ဟွာ
Ref; Iran to manufacture long-range combat drone
#PeopleMedia
(unicode)
……………………………………
Ref; Iran to manufacture long-range combat drone
#PeopleMedia