• Follow Us on

Home အီရန်က ဒုံးကျည်နဲ့တိုက်ခိုက်ခဲ့ပြီးနောက် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ အီရတ်ကို အမေရိကန် ကမ်းလှမ်း

အီရန်က ဒုံးကျည်နဲ့တိုက်ခိုက်ခဲ့ပြီးနောက် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ အီရတ်ကို အမေရိကန် ကမ်းလှမ်း

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၇

 

အီရန်နိုင်ငံက ၎င်းတို့အနောက်ဘက်မှာရှိတဲ့ အိမ်နီးချင်းအီရတ်နိုင်ငံထဲကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက် အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးက အီရတ်ဝန်ကြီးချုပ်နဲ့ အင်္ဂါနေ့ (ဇန်နဝါရီလ ၁၆ ရက်နေ့) က တွေ့ဆုံခဲ့ပြီး လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ဖို့အတွက် ကမ်းလှမ်းခဲ့ပါတယ်။

 

ဆွစ်ဇာလန်နိုင်ငံ ဒါးဗတ်စ်မြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ အမျိုး သားလုံခြုံရေးကောင်စီအကြံပေးအရာရှိ ဂျိတ်ဆူလီဗန်ဟာ အီရတ်ဝန်ကြီးချုပ် မိုဟာမက်ရှီယာအယ်လ်ဆူဒါနီ၊ အီရတ်နိုင်ငံ ကာဒစ်စတန်နယ်မြေခေါင်းဆောင် မာဆွာဘာဇာနီတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

 

အီရန်နိုင်ငံအနေနဲ့ ပဲ့ထိန်းဒုံးကျည်မဆင်မခြင်ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဆူလီဗန်က ဝန်ကြီးချုပ် ဆူဒါနီ နဲ့ ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

၂၀၂၀ ပြည့်နှစ်က အီရန်နိုင်ငံရဲ့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် ၃၄ ဦး ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

 

“အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်နေတာတွေကို တားဆီးဖို့ အရေးကြီးပုံအ ကြောင်းကို ဆူလီဗန်နဲ့ ဆူဒါနီတို့ ဆွေးနွေးခဲ့ကြပြီး ရေရှည်တည်တန့်ခိုင်မြဲတဲ့ စစ်ဘက်ဆိုင်ရာမိတ်ဖက်ဆက်ဆံ မှုရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

 

အီရန်နိုင်ငံကတော့ ၎င်းတို့အနေနဲ့ အီရတ်နိုင်ငံ ကာဒစ်စတန်နယ်မြေရှိ အစ္စရေးထောက်လှမ်းရေးအဖွဲ့နဲ့ ဆီးရီး ယားမှာရှိတဲ့ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လု့ိ ပြောပါတယ်။

 

အီရတ်နိုင်ငံက အီရန်ရဲ့တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး အီရန်က အစ္စရေးထောက်လှမ်းရေးကို တိုက် ခိုက်တာပါဆိုတဲ့ပြောဆိုချက်ကို မှန်ကန်ကြောင်းသက်သေပြဖို့ ပြန်လည်မေးခွန်းထုတ်ခဲ့ပါတယ်။

 

ဇန်နဝါရီလ ၃ ရက်နေ့က ကာမန်မြို့ရှိ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ဗိုလ်ချုပ်ကြီးကာဆင်ဆိုးလ်မာနီ အမှတ်တရအုတ်ဂူအနီးမှာ စုဝေးနေတဲ့လူအုပ်ထဲကို အသေခံဗုံးခွဲသူတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အီရန်လူမျိုး ၉၀ ကျော်သေဆုံးခဲ့ပါတယ်။

 

Ref: US Offers to Boost Security Ties with Iraq after Iran Strike

 

#PeopleMedia


Share this post