• Follow Us on

Home အီရန်က ပထမဦးဆုံးအကြိမ် တာဝေးပစ်ပဲ့ထိန်းဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်

အီရန်က ပထမဦးဆုံးအကြိမ် တာဝေးပစ်ပဲ့ထိန်းဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၅

 

အီရန်နိုင်ငံက ပထမဦးဆုံးအကြိမ်အဖြစ် အီရန်စစ်သင်္ဘောတစ်စီးက တာဝေးပစ်ပဲ့ထိန်းဒုံးကျည်တွေကို စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က အင်္ဂါနေ့ (ဖေဖော်ဝါရီလ ၁၃ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ရေတပ်စစ်ရေးလေ့ကျင့်မှုပြုလုပ်နေစဉ်အတွင်း Shahid Mahdavi စစ်သင်္ဘောကနေ ကီလိုမီတာ ၁၇၀၀ (မိုင် ၁၀၅၀) အကွာအဝေးအထိ ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

 

“အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ဟာ အိုမန်ပင်လယ်ကွေ့ထဲမှာ ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို စမ်းသပ်ပစ်ခတ်ခဲပါတယ်။” လို့ အီရန်အစိုးရရုပ်သံဌာနက ကြေညာပါတယ်။

 

“တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပါတယ်။” လို့ IRGC အကြီးအကဲ ဗိုလ်ချုပ် ကြီး ဟိုစိန်ဆလာမီက ပြောပါတယ်။

 

တပြိုင်တည်းမှာပဲ အီရန်နိုင်ငံအလယ်ပိုင်းကနေ အစ္စရေးနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ပယ်မာခီ လေတပ်စခန်းကို မြေပြင်-မြေပြင်ပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းနဲ့ ပစ်ခတ်တဲ့လေ့ကျင့်ခန်းကို သဏ္ဍန်တူလုပ်ဆောင်ခဲ့ကြောင်း IRGC တပ်ဖွဲ့က ပြောပါတယ်။

 

ပယ်မာခီလေတပ်အခြေစိုက်စခန်းဟာ အစ္စရေးနိုင်ငံက F-35 ဂျက်တိုက်လေယာဉ်တွေအတွက် အဓိက လေ တပ်စခန်းတစ်ခုဖြစ်ကြောင်း IRGC တပ်ဖွဲ့က ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်နေ့ အစ္စရေး-ဟားမတ်စ်စစ်ပွဲစတင်ဖြစ်ပွားလာကတည်းက ဒေသတွင်း တင်းမာမှုတွေမြင့်တက်လာတဲ့အချိန်မှာ အီရန်နိုင်ငံက အခုလို ရေတပ်စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့တာဖြစ်ပါ တယ်။ အီရန်နိုင်ငံဟာ အစ္စရေးနိုင်ငံကို အသိအမှတ်မပြုဘဲ အစ္စရေးကို ကာလကြာရှည် နောက်ကွယ်ကနေ စစ်ပွဲ ဆင်နွှဲနေတဲ့နိုင်ငံဖြစ်ပါတယ်။

 

ဒါ့အပြင် အီရန်နိုင်ငံဟာ ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေးစတင်ကတည်းက နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါ အရေးကြီး အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါလက်စတိုင်းအရေးကို ထောက်ခံခဲ့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

 

အီရန်ဒုံးကျည်စီမံချက်နဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေက စိုးရိမ်ပူပန်မိကြောင်း အကြိမ်ကြိမ် ပြောကြားခဲ့ပါ တယ်။

 

Ref: Iran Fires First Ship-Based Long-Range Ballistic Missiles

 

#PeopleMedia


Share this post