• Follow Us on

Home အီရန်စစ်ရေးပစ်မှတ်တွေကို အစ္စရေး စတင်တိုက်ခိုက်

အီရန်စစ်ရေးပစ်မှတ်တွေကို အစ္စရေး စတင်တိုက်ခိုက်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၆

 

အစ္စရေးတပ်မတော်က အီရန်စစ်ရေးပစ်မှတ်တွေကို စတင်တိုက်ခိုက်တော့ မယ်လို့ ကြေညာပြီး စနေနေ့(အောက်တိုဘာ ၂၆ ရက်နေ့) မနက်ပိုင်းမှာပဲ အီရန်ပစ်မှတ်တွေကို စတင် လက်တုံ့ပြန်တိုက်ခိုက်နေပြီဖြစ်ပါတယ်။

 

အီရန်နိုင်ငံတွင်း လေးငါးနေရာမှာ ပေါက်ကွဲမှုတွေဖြစ်ပွားနေကြောင်း အီရန်မီဒီယာတွေကလည်း ဖော်ပြကြပါ တယ်။

 

အီရန်နိုင်ငံက အစ္စရေးကို ခြောက်လအတွင်း ဒုတိယအကြိမ်မြောက်တိုက်ခိုက်ရာမှာ အောက်တိုဘာလ ၁ ရက် နေ့က ပဲ့ထိန်းဒုံးကျည်ပေါင်း ၂၀၀ ဝန်းကျင်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွက် အစ္စရေးက ပြန် လည်တုံ့ပြန်တိုက်ခိုက်မှာကို နိုင်ငံတကာက စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

 

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် ဟားမတ်စ်တိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ ဂါဇာစစ်ပွဲနဲ့ ပါလက်စတိုင်း တွေဘက်က ရပ်တည်တဲ့ ဟစ်ဘိုလာတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းနဲ့ ဟစ်ဘိုလာခေါင်းဆောင် တွေကို အစ္စရေးက လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။

 

အဲဒီလို အီရန်လက်သပ်မွေးထားတဲ့ စစ်သွေးကြွခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ခဲ့တာကို တုံ့ပြန်တဲ့ အနေနဲ့ အီရန်က အစ္စရေးကို တစ်နှစ်မပြည့်ခင် အချိန်အတွင်း ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၂၆ ရက် မနက်ပိုင်းမှာ အစ္စရေးက အီရန်ကို ပြန်လည်တုံ့ပြန်တိုက်ခိုက်တာဖြစ်ပါတယ်။

 

“အီရန်အစိုးရက အစ္စရေးကို လနဲ့ချီပြီး တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ အီရန်နိုင်ငံက စစ်ရေးပစ်မှတ်တွေ ကို အစ္စရေးတပ်မတော်က တိတိကျကျ ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပါတယ်။” အစ္စရေးကာကွယ်ရေးတပ် ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

အစ္စရေးနိုင်ငံအနေနဲ့ မိမိတို့နိုင်ငံကိုတိုက်ခိုက်လာတဲ့ အီရန်နိုင်ငံနဲ့ အီရန်မြေပေါ်က ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေ တဲ့ စစ်သွေးကြွတွေကို ပြန်လည်တိုက်ခိုက်ဖို့ အခွင့်အရေးနဲ့ တာဝန်ရှိကြောင်း အစ္စရေးက ပြောပါတယ်။

 

“ကျွန်တော်တို့ရဲ့ ခံစစ်/တိုက်စစ် စွမ်းရည်တွေအားလုံးကို စုစည်းအသင့်ပြင်ဆင်ထားပြီးဖြစ်ပါတယ်။” လို့ အစ္စရေးနိုင်ငံက ပြောပါတယ်။

 

လက်ရှိတိုက်ခိုက်မှုအတိုင်းအတာကို ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ ဂျက်တိုက်လေယာဉ်အများအပြားဟာ အီရန်စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးရုပ်သံဌာနက ကြေညာပါတယ်။

 

အစ္စရေးက ပစ်မှတ်ထားတိုက်ခိုက်တဲ့အထဲမှာ စွမ်းအင်အခြေခံအဆောက်အအုံတွေနဲ့ နျူကလီးယားဓာတ်ပေါင်း ဖိုတွေ မပါဝင်ဘူးလို့ အစ္စရေးအရာရှိတစ်ဦးကို ကိုးကားပြီး NBC News နဲ့ ABC News သတင်းဌာနတွေက ပြော ပါတယ်။

 

အီရန်နျူကလီးယားဓာတ်ပေါင်းဖိုတွေကို တိုက်ခိုက်တာကို အားပေးထောက်ခံခြင်းမရှိတဲ့အပြင် ရေနံချက်စက်ရုံ တွေတိုက်ခိုက်မှာကိုလည်း ပြန်လည်စဉ်းစားပြင်ဆင်သင့်တယ်လို့ အစ္စရေးရဲ့ အဓိက မဟာမိတ်လည်းဖြစ်သလို ပင်မစစ်လက်နက်ပစ္စည်းထောက်ပံ့တဲ့နိုင်ငံလည်းဖြစ်တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင် ဒန်က ပြောကြားထားပြီး ဖြစ်ပါတယ်။

 

အစ္စရေးဂျက်တိုက်လေယာဉ်တွေဟာ တီဟီရန် အနောက်ပိုင်းနဲ့ အနောက်တောင်ပိုင်းက စစ်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန် Fars သတင်းဌာနက ပြောပါတယ်။

 

Ref: Israel strikes Iran military targets, blasts reported around Tehran: Reuters

 

#PeopleMedia


Share this post