• Follow Us on

Home အီရန်ဒုံးကျည်တွေရွှေ့ပြောင်းပြီး စစ်ရေးလေ့ကျင့်နေမှု အစ္စရေးကို တိုက်ခိုက်လာနိုင်ဖွယ်ရှိဟုဆို

အီရန်ဒုံးကျည်တွေရွှေ့ပြောင်းပြီး စစ်ရေးလေ့ကျင့်နေမှု အစ္စရေးကို တိုက်ခိုက်လာနိုင်ဖွယ်ရှိဟုဆို

Share this post

နိုင်ငံတကာ၊ သြဂုတ် ၇

 

အီရန်နိုင်ငံဟာ မကြာသေးခင်ရက်များအတွင်းကပဲ ၎င်းတို့ရဲ့ ဒုံးပစ်လောင်ချာတွေကို ရွှေ့ပြောင်းနေပြီး စစ်ရေး လေ့ကျင့်မှုတွေ ဆောင်ရွက်နေကြောင်း The Wall Street Journal က ရေးသားဖော်ပြလိုက်ပါတယ်။

 

အခုလို ဒုံးကျည်တွေ ရွှေ့ပြောင်းပြီး စစ်ရေးလေ့ကျင့်နေတာဟာ ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင်လုပ်ကြံခံရမှု အတွက် တုံ့ပြန်တဲ့အနေနဲ့ လာမယ့်ရက်ပိုင်းအတွင်းမှာ အစ္စရေးကိုတိုက်ခိုက်ဖို့ ပြင်ဆင်နေတာကို ညွှန်ပြနေခြင်း ဖြစ်ကြောင်း အမေရိကန်အရာရှိတွေက ပြောပါတယ်။

 

ပြီးခဲ့တဲ့ စနေ/တနင်္ဂနွေကစပြီး အီရန်နိုင်ငံဟာ ၎င်းတို့ဒုံးကျည်တွေကို ပြန်လည်နေရာချထားပြီး စစ်ရေးလေ့ကျင့် မှုတွေပြုလုပ်နေတာဖြစ်တဲ့အတွက် ထိုးစစ်ကြီးတစ်ခုဆင်နွှဲတိုက်ခိုက်ဖို့ စီစဉ်နေတာဖြစ်နိုင်ဖွယ်ရှိတယ်လို့ The Wall Street Journal က ပြောပါတယ်။

 

ဟားမတ်စ်ခေါင်းဆောင်အစ္စမေးလ်ဟန်နီယက် လုပ်ကြံခံရမှှုကို အီရန်နိုင်ငံက တု့ံ့ပြန်တိုက်ခိုက်လာခဲ့ရင် ဟစ် ဘိုလာအဖွဲ့က ဘယ်အတိုင်းအတာအထိ ပါဝင်ပတ်သက်လာမယ်ဆိုတာ မသိကြောင်း အမေရိကန်အရာရှိတွေ က ပြောပါတယ်။

 

ဟားမတ်စ်ခေါင်းဆောင် ဟန်နီယက်နဲ့ ဟစ်ဘိုလာစစ်ရေးခေါင်းဆောင် ဖူဒ်ရှပ်ကာတို့နှစ်ဦး လုပ်ကြံခံရပြီး နောက် မကြာသေးခင်ရက်များအတွင်း အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

 

Ref: Iran is moving its missile launchers preparing to strike Israel – Report

 

#PeopleMedia


Share this post