အီရန်နိုင်ငံက နောက်ဆုံးပေါ် တိုက်ခိုက်ရေးဒရုန်း ထုတ်ဖော်ပြသ
PUBLISHED - August 23, 2023
နိုင်ငံတကာ၊ သြဂုတ် ၂၃
အီရန်နိုင်ငံဟာ ခေတ်မီလက်နက်တွေတပ်ဆင်ထားပြီး တာဝေးခရီးကို အမြင့်ပေပေါင်းမြောက်မြားစွာက ပျံသန်း နိုင်တဲ့ ပြည်တွင်းထုတ် နောက်ဆုံးပေါ်ဒရုန်းကို သြဂုတ်လ ၂၂ ရက်နေ့ (အင်္ဂါနေ့) က ထုတ်ဖော်ပြသလိုက် ကြောင်း အီရန်အစိုးပိုင်မီဒီယာတွေက ကြေညာသွားပါတယ်။
အီရန်ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုအောင်ပွဲအဖြစ် တီဟီရန်မြို့မှာကျင်းပပြီး အီရန်သမ္မတ အီဘရာဟမ်ရိုင်စီ တက်ရောက်ခဲ့တဲ့ အခမ်းအနားမှာ မဟာဂျာ-၁၀ (Mohajer-10) ဒရုန်းကို ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။
မဟာဂျာ-၁၀ ဒရုန်းဟာ မဟာဂျာ-၆ ဒရုန်းကို အဆင့်မြှင့်တင်ထားတဲ့ ဒရုန်းအသစ်ဖြစ်ပါတယ်။ မဟာဂျာ-၆ ဒရုန်းတွေကို အီရန်နိုင်ငံက ယူကရိန်းစစ်ပွဲမှာအသုံးပြုဖို့ ရုရှားနိုင်ငံကို ထောက်ပံ့ခဲ့တယ်လို့ အမေရိကန်အရာရှိ တွေက စွပ်စွဲခဲ့ပြီး အီရန်နိုင်ငံကတော့ အဲဒီစွပ်စွဲချက်ကို ငြင်းပယ်ခဲ့ပါတယ်။
လက်နက်ရောင်းချမှုနဲ့ပတ်သက်ပြီး မကြာသေးခင်ကာလကပဲ အနောက်နိုင်ငံတွေက အီရန်အစိုးရကို စီးပွားရေး အရေးယူပိတ်ဆို့မှုတွေ တိုးမြှင့်ချမှတ်ခဲ့ပါတယ်။
မဟာဂျာ-၁၀ ဒရုန်းအသစ်ဟာ အမြင့် မီတာ ၇၀၀၀ (ပေ ၂၃၀၀၀) ကနေ အမြင့်ဆုံး ၂၄ နာရီအထိ ပျံသန်းနိုင် ပြီး စစ်ဆင်ရေးဆင်နွှဲနိုင်တဲ့အကွာအဝေးက ကီလိုမီတာ ၂၀၀၀ (၁၂၄၂ မိုင်) ဖြစ်ကြောင်း အီရန်အစိုးရပိုင် IRNA သတင်းဌာနက ပြောပါတယ်။
မဟာဂျာ-၁၀ ဒရုန်းဟာ တစ်နာရီကို ၂၁၀ ကီလိုမီတာ (တစ်နာရီကို ၁၃၀ မိုင်) နှုန်းနဲ့ ပျံသန်းနိုင်ပြီး ဒရုန်းမှာ ခေတ်မီအီလက်ထရောနစ်နဲ့ ထောက်လှမ်းရေးစနစ်တွေ တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။
မဟာဂျာ-၁၀ ဒရုန်းဟာ အလေးချိန် ကီလိုမီတာ ၃၀၀ (ပေါင် ၆၆၀ ) သယ်ဆောင်သွားနိုင်ပြီး အဲဒီပမာဏဟာ ၎င်းရှေ့ကထွက်ခဲ့တဲ့ ဒရုန်းရဲ့သယ်ဆောင်နိုင်တဲ့ပမာဏထက် နှစ်ဆပိုမိုသယ်ဆောင်နိုင်တာဖြစ်ပြီး ဗုံးအမျိုးအ စား/ လက်နက်ခဲယမ်းအမျိုးအစား အမျိုးမျိုးကို သယ်ဆောင်သွားနိုင်တယ်လို့ IRNA က ပြောပါတယ်။
ဒီပမာဏဟာ ကီလိုဂရမ် ၁၅၀ သယ်ဆောင်သွားနိုင်ပြီး ၁၂ နာရီကြာပျံသန်းနိုင်တဲ့ မဟာဂျာ-၆ ဒရုန်းဆောင် ရွက်နိုင်စွမ်းထက် နှစ်ဆပိုပြီးဆောင်ရွက်နိုင်တာဖြစ်ပါတယ်။
မဟာဂျာ-၆ ဒရုန်းဟာ ပိုမိုနိမ့်တဲ့ အမြင့် ၅၄၀၀ မီတာကနေပျံသန်းနိုင်ပြီး တစ်နာရီကို ကီလိုမီတာ ၂၀၀ နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။
အီရန်နိုင်ငံဟာ အမေရိကန်တပ်ဖွဲ့တွေနဲ့ ပင်လယ်ကွေ့ထဲက အစ္စရေးသင်္ဘောတွေကို တိုက်ခိုက်ဖို့အတွက် ဒရုန်း တွေနဲ့ ဒုံးကျည်တွေကို အသုံးပြုနေတယ်လို့ အီရန်ရဲ့အဓိကရန်သူတော်ကြီးတွေဖြစ်တဲ့ အမေရိကန်ပြည်ထောင် စုနဲ့ အစ္စရေးနိုင်ငံက အရင်ကတည်းက စွပ်စွဲခဲ့ပါတယ်။
Ref: Iran Unveils Its Latest Attack Drone
#PeopleMedia