အီရန်နိုင်ငံနဲ့ တင်းမာမှုတွေဖြစ်ပွားပြီးနောက် အမေရိကန်ရေတပ်တပ်ဖွဲ့ဝင်တွေနဲ့ မရိန်းတပ်ဖွဲ့ဝင် ၃၀၀၀ ကျော် စစ်သင်္ဘောနှစ်စီးနဲ့အတူ ပင်လယ်နီထဲ ဝင်ရောက်လာ

PUBLISHED - August 8, 2023
နိုင်ငံတကာ၊ သြဂုတ် ၈
အီရန်နိုင်ငံက ရေနံတင်သင်္ဘောတွေကို ဖမ်းဆီးသိမ်းပိုက်နေပြီးနောက် အမေရိကန်တပ်ဖြန့်ချထားမှုကို တိုးမြှင့် တဲ့အနေနဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၃,၀၀၀ ကျော်ဟာ စစ်သင်္ဘောနှစ်စီးနဲ့အတူ ပင်လယ်နီထဲကို ရောက်ရှိလာ ကြောင်း အမေရိကန်ရေတပ်က တနင်္လာနေ့ (သြဂုတ်လ ၇ ရက်နေ့) က ကြေညာခဲ့ပါတယ်။
ကြိုတင်ကြေညာထားတဲ့အတိုင်း ဆူးအက်တူးမြောက်းကိုဖြတ်သန်းပြီးနောက် အမေရိကန်ရေတပ်တပ်ဖွဲ့ဝင်တွေ နဲ့ မရိန်းတပ်ဖွဲ့ဝင်တွေဟာ တနင်္ဂနွေနေ့ (သြဂုတ်လ ၆ ရက်နေ့) က ပင်လယ်နီထဲကို ဝင်ရောက်လာကြောင်း အ မေရိကန်ရေတပ် အမှတ်ငါးရေတပ်အုပ်စုရဲ့ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ ဒေသတွင်းပြောင်းလွယ်ပြင်လွယ်ဖြစ်မှု ပိုမိုဆောင်ရွက်နိုင်ဖို့နဲ့ ရေတပ်အင်အား ထပ်မံဖြည့်တင်းဖို့ USS Bataan ကုန်းရေနှစ်သွယ်တိုက်ခိုက်ရေးရေယာဉ်၊ USS Carter Hall စစ် သင်္ဘောတို့နဲ့ အတူ ရောက်ရှိလာတာဖြစ်ကြောင်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
အီရန်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း နိုင်ငံတကာအလံတပ်ဆင်ထားတဲ့ သင်္ဘောအစီးရေ ၂၀ နီးပါးကို ဖမ်းဆီး သိမ်းပိုက်ခဲ့သလို ထိန်းချုပ်ဖို့ကြိုးစားခဲ့ကြောင်း အမေရိကန်စစ်ဘက်က ပြောပါတယ်။
USS Bataan ဟာ ကုန်းရေနှစ်သွယ်တိုက်ခိုက်ရေးရေယာဉ်ဖြစ်ပြီး လေယာဉ်/ ရဟတ်ယာဉ်တွေသယ်ဆောင် နိုင်သလို ကမ်းထိုးယာဉ်တွေကိုလည်း တင်ဆောင်လာနိုင်တဲ့ ရေယာဉ်ဖြစ်ပါတယ်။
USS Carter Hall စစ်သင်္ဘောကတော့ ကမ်းထိုးရေယာဉ်ဖြစ်ပြီး မရိန်းတပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ကို ကမ်းတက်ပို့ဆောင်ပေးနိုင်တဲ့ရေယာဉ်ဖြစ်ပါတယ်။
“အီရန်နိုင်ငံက အရပ်ဘက်ရေယာဉ်တွေကို နှောင့်ယှက်သိမ်းပိုက်နေလို့ ဖြစ်ပေါ်လာရတဲ့ ဒေသတွင်း လှုပ်ရှားမှု တွေနဲ့ တင်းမာမှုတွေကို တည်ငြိမ်အောင် လျှော့ချဟန့်တားနိုင်ဖို့အတွက် အခုရောက်ရှိလာတဲ့တပ်ဖွဲ့ဝင်တွေဟာ စစ်ဆင်ရေးပြောင်းလွယ်ပြင်လွယ်ဖြစ်မှုနဲ့ စစ်ဆင်ရေးစွမ်းရည်အတွက် ထပ်မံအားဖြည့်ဖို့ရောက်ရှိလာတာဖြစ်ပါ တယ်။” လို့ အမှတ်ငါးရေတပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် တမ်ဟော်ကင်းစ်က AFP ကို ပြောပါတယ်။
ဇူလိုင်လ ၅ ရက်နေ့က အိုမန်ပင်လယ် နိုင်ငံတကာရေပိုင်နက်ထဲမှာ အရပ်ဘက်ဆီတင်သင်္ဘောနှစ်စီးကို အီရန် တပ်ဖွဲ့ဝင်တွေကသိမ်းပိုက်ဖို့ကြိုးစားတာကို အမေရိကန်တပ်ဖွဲ့ဝင်တွေက ပိတ်ဆို့တားဆီးခဲ့ကြောင်း အမေရိကန် အစိုးရက ကြေညာခဲ့ပြီးနောက် အခုလို တပ်ဖြန့်ချထားမှု ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
အဲဒီဆီတင်သင်္ဘောနှစ်စီးအနက် ဘဟေမီယန်အလံတပ်ဆင်ထားတဲ့ Richmond Voyager ဆိုတဲ့ သင်္ဘောဟာ အီရန်သင်္ဘောတစ်စီးကို ဝင်တိုက်ခဲ့တဲ့အတွက် အီရန်သင်္ဘောသားငါးဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ကြောင်း အီရန်သတင်းဌာန IRNA က သတင်းထုတ်လွှင့်ခဲ့ပါတယ်။
ဧပြီလနဲ့ မေလအစောပိုင်းက တစ်ပတ်အတွင်း အီရန်တပ်ဖွဲ့ဝင်တွေဟာ ဆီသင်္ဘောနှစ်စီးကို သိမ်းပိုက်ခဲ့တယ် လို့ ဆိုပါတယ်။
အိုမန်ပင်လယ်ထဲမှာ အစ္စရေးပိုင်ဂက်စ်သင်္ဘောတစ်စီးကို အီရန်ဒရုန်းတစ်စင်းက တိုက်ခိုက်ခဲ့တဲ့အတွက် ပြီးခဲ့ တဲ့နှစ် နိုဝင်ဘာလအတွင်းက အစ္စရေးနဲ့ အမေရိကန်နိုင်ငံတို့က အီရန်နိုင်ငံကို အပြစ်တင်ခဲ့ကြပြီးနောက် အခုလို ဆီတင်သင်္ဘောတွေကို အီရန်နိုင်ငံက သိမ်းပိုက်တဲ့ဖြစ်စဉ်တွေ ပေါ်ပေါက်လာတာလို့ ဆိုပါတယ်။
ပင်လယ်ကွေ့ဒေသမှာ အီရန်နိုင်ငံက အရပ်ဘက်ဆီတင်သင်္ဘောတွေကို ဖမ်းဆီးသိမ်းပိုက်နေတာကို တားဆီးဖို့ အတွက် ဖျက်သင်္ဘောတစ်စီး၊ F-35 ဂျက်တိုက်လေယာဉ်တွေ၊ F-16 ဂျက်တိုက်လေယာဉ်တွေပါဝင်တဲ့ ကုန်းရေ နှစ်သွယ်တိုက်ခိုက်ရေးရေယာဉ်နဲ့အတူ မရိန်းတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ အုပ်စုကို အဲဒီဒေသတွင်း တပ်ဖြန့်ချသွား မယ်လို့ အမေရိကန်အစိုးရက ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။
Ref: Thousands of US Sailors, Marines Reach Red Sea after Iran Tensions
#PeopleMedia