အီရန်နျူကလီးယားဓာတ်ပေါင်းဖိုတွေကို တိုက်ခိုက်နိုင်ဖွယ်ရှိကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးအသစ်ပြော
PUBLISHED - November 12, 2024
နိုင်ငံတကာ၊ နိုဝင်ဘာ ၁၂
အီရန်နျူကလီးယားဓာတ်ပေါင်းဖိုတွေကို တိုက်ခိုက်နိုင်ဖွယ်ရှိသလို လက်ဘနွန်မှာအပစ်အခတ်ရပ် စဲရေးသ ဘောတူညီချက်ရဖို့လည်း မဖြစ်နိုင်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးသစ် အစ္စရေးကာ့ဇ်က တနင်္လာနေ့ (နိုဝင်ဘာ ၁၁ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
စစ်ဦးစီးချုပ် ဟာဇီးဟယ်လဗီဦးစီးတဲ့ စစ်ဦးစီးအစည်းအဝေးမှာ ပထမဦးဆုံးအကြိမ်တက်ရောက်နေစဉ်အတွင်း ကာကွယ်ရေးဝန်ကြီးအစ္စရေးကာ့ဇ်က အခုလို ပြောကြားလိုက်တာဖြစ်ကြေင်း အစ္စရေး Channel 12 ရုပ်သံဌာ နက ကြေညာပါတယ်။
အစ္စရေးခေါင်းဆောင်မှုကို ဝေဖန်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးယူအက်ဂါလန့်ကို အစားထိုးဖို့ ပြီးခဲ့တဲ့အပတ်က ကာ့ဇ်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
“အီရန်နိုင်ငံက နျူကလီးယားဓာတ်ပေါင်းဖိုတွေကို တိုက်ခိုက်ဖို့ဆိုတာ အရင်တုန်းကထက် ပိုမိုလွယ်ကူပါတယ်။ အစ္စရေးကို အမြစ်ဖြတ်ချေမှုန်းမယ့် ခြိမ်းခြောက်မှုတွေကို ကာကွယ်တားဆီးပြီး သုတ်သင်ဖို့အတွက် အဓိကကျ တဲ့ ရည်မှန်းချက်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။” လို့ ကာ့ဇ်က ပြောပါတယ်။
အီရန်အာဏာပိုင်တွေကတော့ အီရန်စစ်သည် ၄ ဦး ကျဆုံးသွားတဲ့ အောက်တိုဘာလ ၂၆ ရက်နေ့က အစ္စရေး ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွက် ပြန်လည်လက်တုံ့ပြန်တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားကြောင်း တရားဝင်ထုတ် ပြန်ကြေညာခဲ့ပါတယ်။
“လက်ဘနွန်မှာတော့ အပစ်အခတ်ရပ်စဲရေးက ဖြစ်လာမှာမဟုတ်ဘူး။ ကျွန်တော်တို့ စစ်ဆင်ရေးရည်မှန်းချက် တွေ ပြည့်ဝအောင်မြင်တဲ့အထိ အင်အားအပြည့်အဝသုံးပြီး ဟစ်ဘိုလာတွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ် ပါတယ်။ ကျွန်တော်တို့ ရည်မှန်းချက်ကတော့ အစ္စရေးမြောက်ပိုင်းက ပြည်သူတွေ နေရပ်ပြန်လည်ရောက်ရှိရေး နဲ့ ဟစ်ဘိုလာစစ်သွေးကြွတွေ လစ်တနီမြစ်တစ်ဖက်ကမ်းကို မောင်းထုတ်ပစ်ရေးပဲဖြစ်တယ်။” လို့ ကာ့ဇ်ကပြော ပါတယ်။
ကာကွယ်ရေးဝန်ကြီးသစ်ကာ့ဇ်ရဲ့ ပြောစကားဟာ အဲဒီရက်အစောပိုင်းက အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂစ်ဒီယန် ဆာပြောခဲ့တဲ့ “လက်ဘနွန်မှာ အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းမှုအခြေအနေ တိုးတက်လာပါတယ်။” ဆိုတဲ့ ပြောစကားနဲ့ ကွဲလွဲနေပါတယ်။
ဂါဇာစစ်ပွဲစတင်ကတည်းက အစ္စရေးနဲ့ လက်ဘနွန်နိုင်ငံထဲက ဟစ်ဘိုလာစစ်သွေးကြွအုပ်စုဟာ တစ်ဖက်နဲ့ တစ် ဖက် တစ်နှစ်ဝန်းကျင် အပြန်အလှန်ပစ်ခတ်ခဲ့ပြီးနောက် အခုနှစ် စက်တင်ဘာလအတွင်းမှာ အစ္စရေးဂျက်တိုက် လေယာဉ်တွေက လက်ဘနွန်နိုင်ငံထဲက ဟစ်ဘိုလာပစ်မှတ်တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပါတယ်။
အောက်တိုဘာလ ၁ ရက်နေ့မှာတော့ လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ဟစ်ဘိုလာပစ်မှတ်တွေကို အစ္စရေး တပ်တွေက မြေပြင်ထိုးစစ်ဆင်နွှဲပြီး ဝင်ရောက်ချေမှုန်းတိုက်ခိုက်ခဲ့ပါတယ်။
Ref: Israeli defense minister hints at military strike on Iran’s nuclear facilities
#PeopleMedia