အီရန်ရေနံချက်စက်ရုံတွေကို မတိုက်ခိုက်ရေး အစ္စရေးကို ဖျောင်းဖျပေးဖို့ အမေရိကန်ကို ပင်လယ်ကွေ့နိုင်ငံ တွေ ဝိုင်းဝန်းတောင်းဆို
PUBLISHED - October 11, 2024
နိုင်ငံတကာ၊ အောက်တိုဘာ ၁၁
အရှေ့အလယ်ပိုင်းဒေသမှာ စစ်ပွဲအရှိန်ကြီးမားပြင်းထန်လာခဲ့ရင် အီရန်လက်သပ်မွေးထားတဲ့ စစ်သွေးကြွအုပ်စု တွေက ၎င်းတို့ရဲ့ ရေနံချက်စက်ရုံတွေကို တိုက်ခိုက်လာမှာစိုးရိမ်တဲ့အတွက် အစ္စရေးက အီရန်ရေနံချက်စက်ရုံ တွေကို တိုက်ခိုက်မှာကို တားဆီးပေးဖို့ တားဆီးပေးဖို့ အမေရိကန်ကို ပင်လယ်ကွေ့နိုင်ငံတွေက ဝိုင်းဝန်း တိုက် တွန်းနေကြကြောင်း ပင်လယ်ကွေ့ဒေသ သတင်းရင်းမြစ်သုံးဦးက Reuters သတင်းဌာနကို ပြောပါတယ်။
အစ္စရေး-အီရန် နှစ်နိုင်ငံဖြစ်ပွားလာမယ့်စစ်ပွဲမှာ ကြားညှပ်ခံရမှာကို ရှောင်ရှားတဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ဆော်ဒီအာရေးဘီးယား၊ ယူအေအီးနဲ့ ကာတာအပါအဝင် ပင်လယ်ကွေ့နိုင်ငံတွေဟာ အီရန်ကိုတိုက်ခိုက်ဖို့အ တွက် ၎င်းတို့လေကြောင်းပိုင်နက်တွေကို အစ္စရေးကိုအသုံးပြုခွင့်ပေးဖို့ ငြင်းဆန်ထားသလို အမေရိကန်အစိုးရ ကိုလည်း အကြောင်းကြားထားတယ်လို့ အဆိုပါသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဘယ်လိုလက်တုံ့ပြန်မှုမျိုးမဆို ပြင်းထန်ကြီးမားတဲ့ ပျက်စီးမှုနဲ့ ရင်ဆိုင်သွားရယ်လို့ အီရန်က ခြိမ်းခြောက်ပြောဆို ထားသလို အစ္စရေးကလည်း ပြီးခဲ့တဲ့အပတ်က အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုအတွက် အီရန်ဟာ တန်ဖိုးကြီးကြီး မားမား ပြန်လည်ပေးဆပ်ရမယ်လို့ ပြောဆိုထားတဲ့အတွက် ဒေသတွင်းမှာ အမေရိကန်ပါဝင်လာတဲ့ စစ်ပွဲကြီး တစ်ခုဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။
အီရန်ရေနံချက်စက်ရုံတွေကို အစ္စရေးက တိုက်ခိုက်လာမှာစိုးရိမ်နေတဲ့ကြားမှာ အိမ်နီးချင်း ပင်လယ်ကွေ့ ဆွန်နီ အစ္စလာမ်နိုင်ငံတွေကို ၎င်းတို့သြဇာလွှမ်းမိုးမှုကို အမေရိကန်နဲ့အတူအသုံးပြုပြီး အစ္စရေးကိုတားဆီးရေး ဆောင် ရွက်ပေးဖို့ အာရပ်ရှီရိုက်မဟုတ်တဲ့ အီရန်သံတမန်တစ်ဦးက တောင်းဆိုခဲ့ပြီးနောက်မှာ ပင်လယ်ကွေ့နိုင်ငံတွေက အခုလို ဆောင်ရွက်လာတာဖြစ်ပါတယ်။
အီရန်ကို တိုက်ခိုက်ဖို့အတွက် အစ္စရေးကို တစ်စုံတရာအကူအညီပေးခဲ့ရင် ပင်လယ်ကွေ့ဒေသ ဘုရင့်နိုင်ငံရဲ့ ရေနံချက်စက်ရုံတွေလုံခြုံရေးကို အာမမခံနိုင်ဘူးလို့ အီရန်က ဆော်ဒီအာရေးဘီးယားနိုင်ငံကို အခုသီတင်းပတ် အတွင်းကျင်းပခဲ့တဲ့ အစည်းအဝေးမှာ သတိပေးခဲ့ပါတယ်။
“ပင်လယ်ကွေ့နိုင်ငံတွေကသာ အစ္စရေးကို ၎င်းတို့လေကြောင်းပိုင်နက်တွေ အသုံးပြုခွင့်ပေးလိုက်ရင် စစ်ပွဲဖြစ် လာမှာလို့ အီရန်က ပြောပါတယ်။ ဒါပေမဲ့ ဆော်ဒီအာရေးဘီးယားကတော့ မိမိတို့လေကြောင်းပိုင်နက်ကို ဘယ် နိုင်ငံကိုမှ အသုံးပြုခွင့် ပေးမှာ မဟုတ်ပါဘူး။” လို့ ဆော်ဒီတော်ဝင်မိသားစုနဲ့ နီးစပ်တဲ့ အလီရှီဟာဘီက ပြောပါ တယ်။
အီရန်ကိုတိုက်ခိုက်မယ့် အစ္စရေးကိုကူညီတဲ့ ဘယ်နိုင်ငံကိုမဆို အီ်ရတ်နဲ့ ယီမင်တို့လို နိုင်ငံတွေမှာရှိတဲ့ ၎င်းရဲ့ မ ဟာမိတ်အဖွဲ့အစည်းတွေက လက်တုံ့ပြန်တိုက်ခိုက်သွားမှာဖြစ်ကြောင်း ဆော်ဒီအာရေးဘီးယားကို အီရန်အစိုးရ က ရှင်းရှင်းလင်းလင်း ပြောဆိုထားပြီးဖြစ်တယ်လို့ အီရန်သံတမန်တစ်ဦးက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၉ ရက်နေ့) က တွေ့ဆုံပွဲမှာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟမ်မက်ဘင်ဆယ်လ်မန်နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘက်စ်အာရာချီတို့ တွေ့ဆုံစဉ် အစ္စရေးဘက်က တိုက်ခိုက်လာနိုင်တဲ့အခြေအ နေတွေကို အဓိက ဆွေးနွေးသွားတယ်လို့ ဆိုပါတယ်။
အစ္စရေးလက်တုံ့ပြန်တိုက်ခိုက်မှာကို တားဆီးပေးဖို့ ပင်လယ်ကွေ့နိုင်ငံတွေက တောင်းဆိုထားပါသလားဆိုတဲ့ မေးခွန်းကိုတော့ အိမ်ဖြူတော်က ပြန်လည်ဖြေဆိုခြင်းမရှိပါဘူး။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ အစ္စရးဝန်ကြီးချုပ်ဘင်ဂျမင်နတန်ယာဟု ဗုဒ္ဓဟူးနေ့က ဖုန်းလိုင်းကတစ်ဆင့် ပြောဆိုဆွေးနွေးခဲ့ရာမှာ အစ္စရေးရဲ့လက်တုံ့ပြန်တိုက်ခိုက်မယ့်အစီအစဉ်ကို “အပြုသဘောဆောင်တဲ့အစီအ စဉ်တစ်ရပ်” အဖြစ် ရည်ညွှန်းပြောဆိုခဲ့ပါတယ်။
Ref: Exclusive-Stop Israel from Bombing Iran’s Oil Sites, Gulf States Urge US: Reuters
#PeopleMedia