အီရန်/အာဖဂန်ပူးတွဲစစ်ဆင်ရေးဆောင်ရွက်ပြီး အစ္စရေးထောက်လှမ်းရေးသုံးဦးကို ဖမ်းဆီး
PUBLISHED - November 6, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၆
အစ္စရေးထောက်လှမ်းရေးမော့ဆက်အဖွဲ့အတွက် အလုပ်လုပ်နေတဲ့အီရန်လူမျိုးသူလျှိုသုံးဦးကို အာဖဂန်နစ္စတန် ရှိတာလီဘန်အစိုးရနဲ့ ပူးတွဲစ်စဆင်ရေးလုပ်ပြီး ဖမ်းဆီးနိုင်ခဲ့ကြောင်း အီရန်အစိုးရပိုင်ရုပ်သံဌာနက တနင်္ဂနွေနေ့ (နိုဝင်ဘာလ ၅ ရက်နေ့) က ထုတ်လွှင့်ကြေညာခဲ့ပါတယ်။
အီရန်နိုင်ငံသား မော့ဆက်ထောက်လှမ်ရေးအဖွဲ့ဝင်သုံးဦးကို နှစ်နိုင်ငံကြားမှာရှိတဲ့ တောင်ထူထပ်တဲ့ဒေသမှာ ထိန်းသိမ်းထားကြောင်း အီရန်ရုပ်သံက ပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဟူစိန်အေမီယာ-အဗ္ဗဒူလာဟီယန်အပါအဝင် အီရန်နိုင်ငံရဲ့ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် စနေနေ့က တီဟီရန်ကို တာဘီဘန်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီးနောက် မှာ အခုလို အစ္စရေးထောက်လှမ်းရေးဖမ်းမိတဲ့သတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
အဲဒီသူလျှိုသုံးဦးဟာ အာဖဂန်နစ္စတန်နယ်စပ်ကနေပြီး အီရန်နိုင်ငံထဲကပစ်မှတ်တွေကို အသေခံဒရုန်းတွေအ သုံးပြုပြီး တိုက်ခိုက်ဖို့ စီမံဆောင်ရွက်နေတာဖြစ်ကြောင်း အီရန်ရုပ်သံက ပြောပါတယ်။
အဲဒီသူလျှိုသုံးဦးကို စစ်ဆေးမေးမြန်းဖို့အတွက် အီရန်နိုင်ငံကို လွှဲပြောင်းပေးသွားမှာဖြစ်ကြောင်း ရုပ်သံဌာနက ပြောပေမဲ့ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။
အီရန်နိုင်ငံက ၎င်းတို့ရဲ့အဓိကရန်သူဖြစ်တဲ့ အစ္စရေးနိုင်ငံကို အသိအမှတ်မပြုသလို နှစ်နိုင်ငံစလုံးဟာ ကြားခံစစ် ပွဲကို နှစ်ပေါင်းများစွာကြာအောင် ဆင်နွှဲလာခဲ့ကြတာဖြစ်ပါတယ်။
အစ္စရေးနိုင်ငံဟာ အီရန်နိုင်ငံရဲ့ နျူကလီးယားစီမံချက်ကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လုပ်ကြံခဲ့ ကြောင်း အီရန်နိုင်ငံက စွပ်စွဲထားပါတယ်။
အီရန်နိုင်ငံရဲ့ ပဲ့ထိန်းဒုံးကျည်ထုတ်လုပ်မှုကို ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်တားဆီးမယ့် အစ္စရေးနိုင်ငံရဲ့လျှို့ဝှက် အ ကြံအစည်တစ်ခုကို အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဟန့်တားကာကွယ်နိုင်ခဲ့ပြီး အဲဒီအစီအစဉ်မှာပါဝင်နေတဲ့သူ လေးငါးဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သြဂုတ်လအတွင်းက အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။
ဇန်နဝါရီလအတွင်း အစ်ဖာဟန်ပြည်နယ်ထဲက ကာကွယ်ရေးဝန်ကြီးဌာနနေရာတစ်ခုကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ အဲဒီတိုက်ခိုက်မှုနောက်ကွယ်မှာလည်း အစ္စရေးရှိနေကြောင်း တီဟီရန်အစိုးရက စွပ်စွဲခဲ့ပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်စစ်သွေးကြအဖွဲ့က အစ္စရေးကို အငိုက်ဖမ်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ အဲဒီတိုက်ခိုက်မှုကို အောင်မြင်မှုတစ်ရပ်အဖြစ် အီရန်နိုင်ငံက ချီးကျူးပြောဆိုခဲ့ပါတယ်။
ဟားမတ်စ်တွေရဲ့တိုက်ခိုက်မှုကြောင့် အရပ်သားအများစုပါဝင်တဲ့ အစ္စရေးလူမျိုး ၁၄၀၀ သေဆုံးခဲ့သလို ၂၄၀ ဝန်းကျင်ဓားစာခံအဖြစ် အဖမ်းခံခဲ့ရပါတယ်။
အစ္စရေးရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ ဒီကနေ့အချိန်အထိ ပါလက်စတိုင်းလူဦး ရေ ၉၇၇၀ ဦး သေဆုံးသွားပြီဖြစ်ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
Ref: ‘Israeli Spies’ Held in Joint Op with Afghanistan: Iran
#PeopleMedia