• Follow Us on

Home အီရန် IRGC ရေတပ်ကို ဒုံးကျည်သစ်တွေနဲ့ ဒရုန်းအသစ်တွေ အများအပြား ထပ်မံတပ်ဆင်

အီရန် IRGC ရေတပ်ကို ဒုံးကျည်သစ်တွေနဲ့ ဒရုန်းအသစ်တွေ အများအပြား ထပ်မံတပ်ဆင်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၀

 

ဟားမတ်စ်ခေါင်းဆောင် တီဟီရန်မှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့အတွက် ဒေသတွင်း တင်းမာမှုတွေမြင့် တက်နေချိန်မှာ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ဟာ အီရန်ရေတပ်ကို တာဝေးပစ်ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ထပ်မံအင်အား ဖြည့်ထားလိုက်ပြီဖြစ်ကြောင်း အီရန်မီဒီယာတွေက သောကြာနေ့ (သြဂုတ်လ ၉ ရက်နေ့) က ပြောပါတယ်။

 

အရှေ့အလယ်ပိုင်းဒေသက အီရန်အစိုးရထောက်ပံ့ထားတဲ့ လက်နက်ကိုင်အုပ်စုတွေနဲ့ အချိတ်အဆက်ရှိထား ပြီးဖြစ်တဲ့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ဟာ ဧပြီလအတွင်းက အစ္စရေးကို ပထမဦးဆုံးအကြိမ် တိုက်ရိုက်တိုက်ခိုက်ခဲ့ရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။

 

“IRGC အဖွဲ့အကြီးအကဲရဲ့ ညွှန်ကြားချက်အရ သင်္ဘောဖျက်ခရုစ်ဒုံးကျည်တွေ အများအပြားကို IRGC ရေတပ် ကို ထပ်မံတပ်ဆင်ထားပါတယ်။” လို့ အီရန်အစိုးရ ရုပ်သံဌာနက သောကြာနေ့က ပြောပါတယ်။

 

အဲဒီဒုံးကျည်သစ်တွေဟာ “ဖျက်အားပြင်းတဲ့ဒုံးကျည်ထိပ်ဖူးတွေ တပ်ဆင်ထားတဲ့အပြင် ကြားဖြတ်ခြေရာခံလို့ မရဘူး” လို့ ရုပ်သံဌာနက ပြောပါတယ်။

 

တာဝေးပစ်ဒုံးကျည်တွေ၊ တာလတ်ပစ်ဒုံးကျည်တွေ၊ တိုက်ခိုက်ရေးဒရုန်းတွေနဲ့ ကင်းထောက်ဒရုန်းတွေ၊ အီ လက်ထရောနစ်စစ်ဆင်ရေးယူနစ်တွေအပါအဝင် စစ်လက်နက်ပေါင်း ၂၆၅၄ ခုကို IRGC ရေတပ်ကို ဖြည့်တင်း ပေးခဲ့ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

 

“ပင်လယ်/သမုဒ္ဒရာတွေထဲမှာ အဝေးကလာမယ့် ရန်သူကို ကျွန်တော်တို့ ရင်မဆိုင်နိုင်ဘူးဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ နယ်စပ်ဒေသတွေမှာ ပြဿနာရှိလာမှာဖြစ်ပါတယ်။” လို့ IRGC အကြီးအကဲ ဟူစိန်ဆလာမီက ပြောပါ တယ်။

 

“ဒီကနေ့ခေတ် ကမ္ဘာကြီးမှာ နိုင်ငံတစ်နိုင်ငံဟာ ဘေးကင်းလုံခြုံပြီး ရှင်သန်ဖို့အတွက် အားကောင်းသန်မာနေဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ လက်နက်ချလိုက်ရမှာဖြစ်တယ်။ အလယ်အလတ် နည်းလမ်းဆိုတာ မရှိ ပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

ဟားမတ်စ်ခေါင်းဆောင် တီဟီရန်မှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့အတွက် အီရန်နဲ့ ၎င်းထောက်ပံ့ထားတဲ့ စစ် သွေးကြွအုပ်စုတွေက အစ္စရေးကို လက်တုံ့ပြန်မယ်လို့ ပြောဆိုခဲ့ပေမဲ့ အစ္စရေးကတော့ ဟားမတ်စ်ခေါင်းဆောင် လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဝန်ခံခြင်းမရှိပါဘူး။

 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်အဖွဲ့တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်က လူဦးရေ ၁၂၀၀ ဝန်းကျင်သေဆုံးခဲ့သလို အစ္စရေးရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ ပါလက် စတိုင်း ၃၉၆၉၉ ဦး သေဆုံးခဲ့ပြီဖြစ်ပါတယ်။

 

Ref: Iran Says Guards Navy Gets ‘Large Number’ of New Missiles, Drones

 

#PeopleMedia


Share this post