• Follow Us on

Home အီလက်ထရောနစ်စစ်ဆင်ရေးမှာ ရုရှားနောက်မှာပြတ်ကျန်ခဲ့ကြောင်း ယူကရိန်းဝန်ခံ

အီလက်ထရောနစ်စစ်ဆင်ရေးမှာ ရုရှားနောက်မှာပြတ်ကျန်ခဲ့ကြောင်း ယူကရိန်းဝန်ခံ

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၂၈

 

ရုရှားအစိုးရက ကာမီကာဇေအသေခံဒရုန်းတွေ ဆက်တိုက်အသုံးပြုနေတဲ့အချိန် အီလက်ထရောနစ်စစ်ဆင်ရေး နယ်ပယ်မှာ ရုရှားထက်နောက်ကျနေကြောင်း ယူကရိန်းစစ်ဘက်က ဝန်ခံပြောကြားလိုက်ပါတယ်။

 

ဝင်ရောက်လာတဲ့ရန်သူ့ဒရုန်းတွေကို ကြားဖြတ်တိုက်ခိုက်ဖို့အတွက် အီလက်ထရောနစ်ရေဒီယိုတန်ပြန်ထုတ် လွှင့်ချက်နည်းပညာ (electronic-jamming technologies) တပ်ဖြန့်ချထားရာမှာ ရုရှားတပ်တွေဟာ ယူကရိန်း တပ်တွေထက် ပိုမိုရှေ့ရောက်ပြီး ခေတ်မီနေကြောင်း ယူကရိန်းလေတပ်ပြောခွင့်ရပုဂ္ဂိုလ် ယူရီအီဂ်နတ်က ရုပ်သံ သတင်းဌာနတစ်ခုကိုပြောကြားလိုက်တာဖြစ်ပါတယ်။

 

ယူကရိန်းတပ်တွေဟာ ဒရုန်းတိုက်ဖျက်ရေးလက်နက်တွေကို ထိရောက်စွာအသုံးပြုနေပေမဲ့လည်း အီလက်ထ ရောနစ်ရေဒီယိုတန်ပြန်ထုတ်လွင့်ချက် (electronic jamming) ဟာ မောင်းသူမဲ့လေယာဉ်တွေကို တိုက်ခိုက်ရာ မှာ ကုန်ကျစရိတ်အသက်သာဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းအဖြစ် မှတ်ယူထားဆဲဖြစ်ပါတယ်။

 

ဒရုန်းတွေရဲ့လှုပ်ရှားမှုကို ရပ်တန့်သွားအောင်ပြုလုပ်ပြီး အဲဒီဒရုန်းတွေမြေပြင်ကို ပျက်ကျလာအောင်စွမ်းဆောင် နိုင်တဲ့အတွက် ရန်သူ့ဒရုန်းအချက်ပြထုတ်လွှင့်ချက်တွေကို နှောက်ယှက်နိုင်တာဟာ လေယာဉ်ပစ်ဒုံးကျည်တွေ နဲ့ လေယာဉ်ပစ်သေနတ်တွေရဲ့ လိုအပ်ချက်ကို လျှော့ချနိုင်ကြောင်း ယူရီအီဂ်နတ်က ပြောပါတယ်။

 

“အီလက်ထရောနစ်လက်နက်ပစ္စည်းတွေ တပ်ဖြန့်ချထားရာမှာ ကျွန်တော်တို့ နောက်ကျခဲ့ပါတယ်။ ကျွန်တော် တို့ ဒီ့ထက်ဖွံ့ဖြိုးတိုးတက်ခဲ့သင့်တာပေါ့။” လို့ ၎င်းက ပြောပါတယ်။

 

ယူကရိန်းဒရုန်းတွေကို တိုက်ခိုက်ဖို့အတွက် အီလက်ထ ရောနစ်ရေဒီယိုတန်ပြန်ထုတ်လွင့်ချက်စနစ်တွေအသုံး ပြုရာမှာ ရုရှားတွေဟာ ပိုမိုမြှင့်တင်သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။

 

၂၀၁၈ ခုနှစ် အစောပိုင်းကတည်းက ရုရှားအစိုးရဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက သူပုန်တွေသိမ်းပိုက်ထားတဲ့ နယ်မြေမှာ အလွန်ခေတ်မီရှုပ်ထွေးတဲ့ အီလက်ထရောနစ်စစ်ဆင်ရေးစနစ်တွေကို တပ်ဖြန့်ချထားခဲ့ပါတယ်။

 

အဲဒီအချိန်တုန်းက လူးဂန့်စ်ခ်ဒေသ အနောက်တောင်ဘက် ၆၄ ကီလိုမီတာ (မိုင် ၄၀) အကွာအဝေးလောက်မှာ ရုရှားတွေရဲ့ Leer-3, Krasukha-2, Bylina နဲ့ Repellent-1 အီလက်ထရောနစ်စစ်ဆင်ရေးစနစ်တွေကို တပ် ဖြန့်ချထားတာကို ခြေရာခံမိခဲ့ကြောင်း ဥရောပဒေသလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE ရဲ့ အထူး မစ်ရှင်က ပြောပါတယ်။

 

ကိယက်ဗ်မြို့မှာ ရုရှားတွေရဲ့ ရေဒီယိုတန်ပြန်ထုတ်လွှင့်ချက် (jamming) တွေဟာ ၎င်းတို့ရဲ့ဖြန့်ကျက်နိုင်တဲ့ နယ်ပယ်ကနေ အမေရိကန်ထုတ်ပဲ့ထိန်းလက်နက်တွေတောင် ရှောင်ပုန်းလို့မရအောင် ထိရောက်လွန်းတယ်လို့ ဗြိတိန်စစ်ရေးဆန်းစစ်လေ့လာသူတွေကလည်း စောင့်ကြည့်ပြောဆိုခဲ့ပါတယ်။

 

“ရုရှားတွေဟာ လက်ရှိအချိန်မှာ ကျွန်တော်တို့ရဲ့စစ်လက်နက်ပစ္စည်းတွေကို ကြားဖြတ်ဟန့်တားနိုင်တဲ့စွမ်းရည် အပြည့်အဝရှိနေပါတယ်။ သူတို့ဆီမှာ အဲဒီလက်နက်စနစ်တွေ လုံလောက်စွာရှိနေပါတယ်။” လု့ိ ယူရီအီဂ်နတ်က ပြောပါတယ်။

 

ယူကရိန်းနိုင်ငံကလည်း အနောက်အုပ်စုမဟာမိတ်နိုင်ငံတွေကထောက်ပံ့ထားတဲ့ ဒရုန်းတိုက်ဖျက်ရေး ရေဒီယို တန်ပြန်ထုတ်လွှင့်ချက်နည်းပညာတွေကို အသုံးပြုခဲ့ပါတယ်။

 

အခုနှစ်အစောပိုင်းကလည်း ဒရုန်းတိုက်ဖျက်ရေးလက်နက်စနစ်ကို ယူကရိန်းနိုင်ငံကို ရောင်းချပေးဖို့ အစ္စရေး အစိုးရက သဘောတူခွင့်ပြုခဲ့ပါတယ်။

 

Ref: Ukraine Admits Lagging behind Russia in Electronic Warfare

 

#PeopleMedia


Share this post