အီသီယိုးပီးယားမှာ လူပေါင်း ၂ သန်း စားနပ်ရိက္ခာပြတ်လပ်မှု ရင်ဆိုင်နေရ

PUBLISHED - January 31, 2022
နိုင်ငံတကာ၊ ဇန်နဝါရီ ၃၁ (People Media)
အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်းမှာ အစိုးရတပ်တွေနဲ့ လူမျိုးစုတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား နေတာကြောင့် လူပေါင်း နှစ်သန်းလောက်ဟာ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ပြောပါတယ်။
အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်း Tigray ဒေသမှာ တိုက်ပွဲများကြောင့် တီဂရာယန်လူမျိုးအများအပြား အိုး အိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး လူဦးရေ ၄၀ ရာခိုင်နှုန်းနီးပါးဟာ စားနပ်ရိက္ခာ ပြတ်လပ်မှုကို ဆိုးရွားစွာ ခံစားနေ ကြရတယ်လို့ သောကြာနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာက ဆိုပါတယ်။
ဒါ့အပြင် Tigray နဲ့ အခြားသော ပဋိပက္ခဒေသနှစ်ခုမှာရှိတဲ့ လူပေါင်း ကိုးသန်းကျော်ဟာ စားနပ်ရိက္ခာအကူ အညီ လိုအပ်နေပြီး စားနပ်ရိက္ခာ ပြတ်လပ်မှုပြသနာကို တစ်ရက်ထက်တစ်ရက် ပိုမိုဆိုးဝါးစွာရင်ဆိုင်နေရ တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က အဲ့ဒီဒေသတွေမှာ လုံခြုံရေးအခြေအနေတွေ ယိုယွင်းလာလို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ အခုအချိန်အထိ အကူအညီတွေ မပေးနိုင်ခဲ့ဘူးလို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
အီသီယိုးပီးယားနိုင်ငံမှာ အစိုးရတပ်နဲ့ လူမျိုးစုတပ်ဖွဲ့တွေကြားက တိုက်ပွဲတွေဟာ ၂၀၂၀ ခုနှစ်က စတင်ခဲ့ တာဖြစ်ပြီး အခုလအတွင်း အစိုးရတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုအများအပြားပြုလုပ်ခဲ့တာကြောင့် လူအများအပြား သေဆုံးခဲ့ရတယ်လို့ WFP ကဆိုပါတယ်။
ကိုးကား – NHK
Ref; 2 million facing extreme food shortage in Ethiopia
#PeopleMedia #နိုင်ငံတကာ
(unicode)
………………………………………………………
Ref; 2 million facing extreme food shortage in Ethiopia