အုတ်တွင်းမြို့တွင် ကြက်စာများတင်ဆောင်လာသည့် ယာဉ်ကို (၁၂) ဘီးယာဉ်မှ တိုက်မိရာ အမျိုးသားတစ်ဦး သေဆုံး

PUBLISHED - October 21, 2023
နေပြည်တော်၊ အောက်တိုဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့၊ အင်ဒိုင်းကျေးရွာရှေ့၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် ကြက်စာများတင်ဆောင်လာသည့်ယာဉ်ကို (၁၂) ဘီးယာဉ်မှ တိုက်မိရာ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။
အောက်တိုဘာလ ၂၁ ရက် ည ၁၁:၃၀ အချိန်တွင် ကြက်စာများတင်ဆောင်လာသည့် တွဲကား၏ နောက်မှ အအေးကဒ်/ရေဗူးကဒ်များတင်ဆောင်လာသည့် (၁၂) ဘီးယာဉ်မှ အရှိန်ပြင်းစွာတိုက်မိခဲ့ကြောင်း သတင်း ရရှိသောကြောင့် မြို့နယ်မီးသတ်ဦးစီးမှူးအဖွဲ့၊ မြတ်သောသူအဖွဲ့ နှင့် ရင်ခုန်သံရှင်ရေးကူညီမှုအသင်းတို့မှ သွား ရောက်ကူညီခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုမှာ အရှိန်ပြင်းထန်သောကြောင့် (၁၂) ဘီးယာဉ်အား မောင်းသူအမျိုးသားကို ထိုယာဉ်ထဲ၌ ညှပ် နေသောကြောင့် ခက်ခက်ခဲခဲကယ်ထုတ်သော်လည်း ည ၁၂:၃၀ အချိန်တွင် သေဆုံးသွားကြောင်း သိရသည်။
Photo – Credit
#PeopleMedia